Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

RCSS/SSA ႏွင့္ TNLA တို႔ သၽွမ္းျပည္ေျမာက္ပိုင္းအတြင္း တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြား

$
0
0
ဓါတ္ပုံ- RCSS မွထုတ္ျပန္သည့္ တုိက္ပြဲအတြင္း သိမ္းဆည္းရမိ ပစၥည္းမ်ား
ဂ်ႏၷဝါရီ ၁၉ ရက္ ၂၀၁၄

သၽွမ္းျပည္ေျမာက္ပိုင္း ၿမိဳ႕နယ္အခ်ိဳ႕၌ RCSS/SSA သၽွမ္းျပည္တပ္မေတာ္ ႏွင့္ PSLF/TNLA တအာင္း (ပေလာင္) လြတ္ေျမာက္ေရးတပ္မေတာ္တို႔အၾကား တိုက္ပြဲမ်ား ဆက္တိုက္ ျဖစ္ပြားေသာေၾကာင့္ ႏွစ္ဘက္ ထိခိုက္က်ဆုံးမွု မ်ားရွိသည္ဟု သိရသည္။

RCSS/SSA ႏွင့္ PSLF/TNLA တို႔အၾကား ဂ်ႏၷဝါရီလ ၁၃ ရက္က ေက်ာက္ မဲၿမိဳ႕နယ္ ကန႔္ကန္ ေက်းရြာ၊ ၁၇ ရက္ လြယ္ဆာေက်းရြာ ၊ ၁၈ရက္ေန႔ ေတာ့ဆန္ေက်း ရြာ ၊ သီေပါၿမိဳ႕နယ္ ကြန္ေဟာတ္ေက်းရြာ ၊ ၁၉ ရက္ေန႔ ေက်ာက္မဲၿမိဳ႕နယ္ ဝမ့္လြယ္ယင္ေက်းရြာ တို႔တြင္ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

အင္အား ၁၀၀၀ ေက်ာ္ ရွိသည့္ RCSS/SSA တပ္ဖြဲ႕ဝင္မ်ားက ျမန္မာ့ တပ္မေတာ္ ႏွင့္အတူ ပူးေပါင္း၍ ၎တို႔အား လိုက္လံထိုးစစ္ဆင္ တိုက္ခိုက္ေနသည္ဟု PSLF/TNLA ျပန္ၾကားေရးဌာန က ထုတ္ျပန္သည္။

“ဗမာ့တပ္မေတာ္ နဲ႔ ပူးေပါင္းတိုက္ခိုက္တာေတြမရွိပါဘူး။ ကိုယ့္လမ္းကို သြားတာ သူတို႔က ျခဳံခို တိုက္ခိုက္ တာ။ ႀကိဳတင္သတင္းရ လို႔ ေတာ္ေသး တယ္။ က်ေနာ္တို႔က ကိုယ့္ကိုယ္ကာကြယ္ တာဘဲရွိတယ္။ လိုက္လံ တိုက္ခိုက္တာလုံး၀မရွိဘူး။ က်ေနာ္တို႔က သူတို႔နဲ႔ ျပသနာမတက္ခ်င္လို႔ စာအႀကိမ္ႀကိမ္ ေရးတယ္။ အေၾကာင္းမျပန္လို႔ ေတြ႕ဆုံေ ဆြးေႏြးတဲ့အဆင့္ မေရာက္နိုင္ဘူး” - ဟု ေျပာေရးဆိုခြင့္ ဒုတိယ ဗိုလ္မွူးႀကီး စိုင္းမိန္းက ေျပာသ ည္။

PSLF/TNLA ေခါင္းေဆာင္ပိုင္းျဖစ္သည့္ တာ့ဘုန္းေက်ာ္က ျမန္မာ့ သတင္းဌာနမ်ားသို႔ RCSS/SSA ႏွင့္ ေတြ႕ဆုံေဆြးေႏြး ဖို႔မရွိေၾကာင္း၊ ျပသ နာေျ ဖရွင္းလိုလၽွင္ ၎တို႔ေနထိုင္ရာ သၽွမ္းျပည္ေတာင္ပိုင္းသို႔သာ တပ္ဆုတ္ျပန္ရမည္ျဖစ္ေၾကာင္း ေျပာသည္။

RCSS/SSA ကလည္း ၎တို႔တပ္အေျခစိုက္ရာအမွတ္ ၇၀၁ စစ္ေဒသသို႔ စစ္ေၾကာင္းမ်ား သင္တန္း ဆင္း၍ ျပန္သြားစဥ္ PSLF/TNLA က စတင္ျခဳံခို တိုက္ ခိုက္ေသာေၾကာင့္ တိုက္ပြဲမ်ား ျဖစ္ပြားရသည္ဟု ေျပာ သည္။ RCSS/SSA သည္ သၽွမ္းျပည္သားမ်ား၏ လက္နက္ကိုင္ တပ္ဖြဲ႕ျဖစ္ သည့္အတြက္ မည္သည့္ေန ရာ မဆိုသြားလာခြင့္ရွိသည္ဟု ေျပာသည္။

TNLA မွ ဖမ္းဆီးထားသည့္ နမ့္ခမ္းၿမိဳ႕နယ္ မိုင္းဝီး၊ ဟိုပန္ ေဒသခံ ျပည္သူ ၁၂ ဦး၊ မန္တုံၿမိဳ႕နယ္ မိုင္းခတ္ေဒသခံ ၁၁ ဦး အနက္ ၈ ဦး ျပန္လႊတ္ေ ပးၿပီးသည္ဟု ဆိုေသာ္လည္း ေဒသံ ၁၅ ဦး ျပန္ လြတ္ေပးျခင္းမရွိေသးဘူးဟု မူစယ္ခရိုင္ လူငယ္ေခါင္းေဆာင္ စိုင္းဦးက ေျပာသည္။ ထို႔အတူ TNLA ဘက္ကလည္း ေက်ာက္မဲၿမိဳ႕နယ္ လြယ္ဆာ ေဒသခံ ၁၁ ဦးအား RCSS/ SSA မွ ဖမ္းဆီးသြားသည္ဟု စြပ္စြဲထားသည္။

တိုက္ပြဲျဖစ္ပြားေနမွုမ်ားသည္ သၽွမ္းျပည္လူထုသာ ႏွစ္နာေစသည့္အတြက္ အစိုးရ တပ္မေတာ္ အပါဝင္ ထိုးစစ္ဆင္ေနသည့္ တိုက္ပြဲမ်ား အျမန္ဆုံး ရပ္တန႔္ၿပီး နိုင္ငံေရးနည္းလမ္းျဖင့္ ေတြ႕ဆုံေျဖရွင္းၾကပါရန္ ညီညြတ္ေ သာတိုင္းရင္းသားမ်ား မဟာမိတ္ UNA က လဆန္းပိုင္း ထုတ္ျပန္ေၾကျငာခ်က္ျဖင့္ ေတာင္းဆိုထားသည္။

သၽွမ္းသံေတာ္ဆင့္
https://www.facebook.com/Panglong.burmese
..................
 ဓါတ်ပုံ- RCSS မှထုတ်ပြန်သည့် တိုက်ပွဲအတွင်း သိမ်းဆည်းရမိ ပစ္စည်းများ
ဂျန္နဝါရီ ၁၉ ရက် ၂၀၁၄

သျှမ်းပြည်မြောက်ပိုင်း မြို့နယ်အချို့၌ RCSS/SSA သျှမ်းပြည်တပ်မတော် နှင့် PSLF/TNLA တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားသောကြောင့် နှစ်ဘက် ထိခိုက်ကျဆုံးမှု များရှိသည်ဟု သိရသည်။

RCSS/SSA နှင့် PSLF/TNLA တို့အကြား ဂျန္နဝါရီလ ၁၃ ရက်က ကျောက် မဲမြို့နယ် ကန့်ကန် ကျေးရွာ၊ ၁၇ ရက် လွယ်ဆာကျေးရွာ ၊ ၁၈ရက်နေ့ တော့ဆန်ကျေး ရွာ ၊ သီပေါမြို့နယ် ကွန်ဟောတ်ကျေးရွာ ၊ ၁၉ ရက်နေ့ ကျောက်မဲမြို့နယ် ဝမ့်လွယ်ယင်ကျေးရွာ တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားသည်ဟု ဒေသခံများက ပြောသည်။

အင်အား ၁၀၀၀ ကျော် ရှိသည့် RCSS/SSA တပ်ဖွဲ့ဝင်များက မြန်မာ့ တပ်မတော် နှင့်အတူ ပူးပေါင်း၍ ၎င်းတို့အား လိုက်လံထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု PSLF/TNLA ပြန်ကြားရေးဌာန က ထုတ်ပြန်သည်။

“ဗမာ့တပ်မတော် နဲ့ ပူးပေါင်းတိုက်ခိုက်တာတွေမရှိပါဘူး။ ကိုယ့်လမ်းကို သွားတာ သူတို့က ခြုံခို တိုက်ခိုက် တာ။ ကြိုတင်သတင်းရ လို့ တော်သေး တယ်။ ကျနော်တို့က ကိုယ့်ကိုယ်ကာကွယ် တာဘဲရှိတယ်။ လိုက်လံ တိုက်ခိုက်တာလုံးဝမရှိဘူး။ ကျနော်တို့က သူတို့နဲ့ ပြသနာမတက်ချင်လို့ စာအကြိမ်ကြိမ် ရေးတယ်။ အကြောင်းမပြန်လို့ တွေ့ဆုံေ ဆွးနွေးတဲ့အဆင့် မရောက်နိုင်ဘူး” - ဟု ပြောရေးဆိုခွင့် ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိန်းက ပြောသ ည်။

PSLF/TNLA ခေါင်းဆောင်ပိုင်းဖြစ်သည့် တာ့ဘုန်းကျော်က မြန်မာ့ သတင်းဌာနများသို့ RCSS/SSA နှင့် တွေ့ဆုံဆွေးနွေး ဖို့မရှိကြောင်း၊ ပြသ နာေြ ဖရှင်းလိုလျှင် ၎င်းတို့နေထိုင်ရာ သျှမ်းပြည်တောင်ပိုင်းသို့သာ တပ်ဆုတ်ပြန်ရမည်ဖြစ်ကြောင်း ပြောသည်။

RCSS/SSA ကလည်း ၎င်းတို့တပ်အခြေစိုက်ရာအမှတ် ရ၀၁ စစ်ဒေသသို့ စစ်ကြောင်းများ သင်တန်း ဆင်း၍ ပြန်သွားစဉ် PSLF/TNLA က စတင်ခြုံခို တိုက် ခိုက်သောကြောင့် တိုက်ပွဲများ ဖြစ်ပွားရသည်ဟု ပြော သည်။ RCSS/SSA သည် သျှမ်းပြည်သားများ၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ် သည့်အတွက် မည်သည့်နေ ရာ မဆိုသွားလာခွင့်ရှိသည်ဟု ပြောသည်။

TNLA မှ ဖမ်းဆီးထားသည့် နမ့်ခမ်းမြို့နယ် မိုင်းဝီး၊ ဟိုပန် ဒေသခံ ပြည်သူ ၁၂ ဦး၊ မန်တုံမြို့နယ် မိုင်းခတ်ဒေသခံ ၁၁ ဦး အနက် ၈ ဦး ပြန်လွှတ်ေ ပးပြီးသည်ဟု ဆိုသော်လည်း ဒေသံ ၁၅ ဦး ပြန် လွတ်ပေးခြင်းမရှိသေးဘူးဟု မူစယ်ခရိုင် လူငယ်ခေါင်းဆောင် စိုင်းဦးက ပြောသည်။ ထို့အတူ TNLA ဘက်ကလည်း ကျောက်မဲမြို့နယ် လွယ်ဆာ ဒေသခံ ၁၁ ဦးအား RCSS/ SSA မှ ဖမ်းဆီးသွားသည်ဟု စွပ်စွဲထားသည်။

တိုက်ပွဲဖြစ်ပွားနေမှုများသည် သျှမ်းပြည်လူထုသာ နှစ်နာစေသည့်အတွက် အစိုးရ တပ်မတော် အပါဝင် ထိုးစစ်ဆင်နေသည့် တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဖြေရှင်းကြပါရန် ညီညွတ်ေ သာတိုင်းရင်းသားများ မဟာမိတ် UNA က လဆန်းပိုင်း ထုတ်ပြန်ကြေငြာချက်ဖြင့် တောင်းဆိုထားသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>