Members of the Yazidi
ဂ်ီနီဗာ ၊ ၂ဝ-၁-၂ဝ၁၆
အီရတ္ႏုိင္ငံရွိ ISIS စစ္ေသြးၾကြ လက္တြင္း၌ ကြၽန္ျပဳခံရသူ ၃၅ဝဝ ခန္႔ရွိေၾကာင္းႏွင့္ အမ်ားစုမွာ အမ်ဳိးသမီးမ်ားႏွင့္ ကေလးသူငယ္မ်ား ျဖစ္ၿပီး ISIS စစ္ေသြးၾကြ မ်ားသည္ လူပံုအလယ္၌ ကြပ္မ်က္ျခင္းျဖင့္ ျပင္းထန္ေသာ စည္းမ်ဥ္းစည္းကမ္း မ်ားကိုခ်မွတ္ ထားေၾကာင္း ကုလသမဂၢ က ဇန္နဝါရီ ၁၉ ရက္တြင္ ေျပာၾကားသည္။
အိမ္နီးခ်င္းႏုိင္ငံ ျဖစ္သည့္ ဆီးရီးယားႏုိင္ငံ အတြင္းရွိ နယ္ေျမေဒသ အမ်ားအျပားကို သိမ္းပိုက္ထားေသာ ISIS စစ္ေသြးၾကြ အဖဲြ႕အေနျဖင့္ အခ်ဳိ႕ျဖစ္စဥ္ မ်ားတြင္ စစ္ရာဇဝတ္မႈမ်ား၊ လူ႔သဘာဝကို ဆန္႔က်င္သည့္ ျပစ္မႈမ်ားႏွင့္ လူမ်ဳိးတုန္း သတ္ျဖတ္မႈမ်ား အထိ လုပ္ေဆာင္ ေနသည္ကို ေတြ႕ရေၾကာင္း ကုလသမဂၢ၏ အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ ISIS စစ္ေသြးၾကြ အဖဲြ႕က လူသတ္ကြပ္မ်က္ ရာတြင္ ေသနတ္ျဖင့္ ပစ္သတ္ျခင္း၊ ေခါင္းျဖတ္ သတ္ျခင္း၊ ေျမတူးစက္ျဖင့္ ထိုးသတ္ျခင္း၊ တင့္ကားျဖင့္ တုိက္သတ္ျခင္း ၊ အရွင္လတ္လတ္ မီး႐ိႈ႕သတ္ျခင္း ၊ ေလွာင္ခ်ိဳင့္ အတြင္းထည့္၍ ေရနစ္သတ္ျခင္း ၊ ဒံုးပစ္ေလာင္ခ်ာျဖင့္ ပစ္သတ္ျခင္း ႏွင့္ အေဆာက္အအံု ေခါင္မိုးေပၚမွ ပစ္ခ်ျခင္းစသည့္ နည္းလမ္းမ်ားကို အသံုးျပဳခဲ့ေၾကာင္း အဆုိပါ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ကုလသမဂၢ အေနျဖင့္ ကေလးစစ္သား မ်ားက လူသတ္ ကြပ္မ်က္မႈမ်ား က်ဴးလြန္လ်က္ ရွိသည္ဟု သတင္းမ်ား ရရွိထားေၾကာင္း ႏွင့္ ISIS စစ္ေသြးၾကြ အဖဲြ႕က မိုဆူးလ္ၿမိဳ႕ရွိ ကေလးငယ္ ၈ဝဝ မွ ၉ဝဝ ခန္႔ကို ဖမ္းဆီးကာ စစ္သင္တန္းမ်ား ေပးျခင္းႏွင့္ ဘာသာေရး အစြန္း ေရာက္သင္တန္းမ်ား ေပးျခင္းတို႔ကို လုပ္ေဆာင္လ်က္ ရွိေၾကာင္း သိရသည္။
#PyiChitThar
....................................................
အီရတ်ရှိ ISIS လက်တွင်း၌ ကျွန်ပြုခံရသူ ၃၅ဝဝ ခန့်ရှိဟု ကုလသမဂ္ဂပြောကြား
Members of the Yazidi
ဂျီနီဗာ ၊ ၂ဝ-၁-၂ဝ၁၆
အီရတ်နိုင်ငံရှိ ISIS စစ်သွေးကြွ လက်တွင်း၌ ကျွန်ပြုခံရသူ ၃၅ဝဝ ခန့်ရှိကြောင်းနှင့် အများစုမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖြစ်ပြီး ISIS စစ်သွေးကြွ များသည် လူပုံအလယ်၌ ကွပ်မျက်ခြင်းဖြင့် ပြင်းထန်သော စည်းမျဉ်းစည်းကမ်း များကိုချမှတ် ထားကြောင်း ကုလသမဂ္ဂ က ဇန်နဝါရီ ၁၉ ရက်တွင် ပြောကြားသည်။
အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် ဆီးရီးယားနိုင်ငံ အတွင်းရှိ နယ်မြေဒေသ အများအပြားကို သိမ်းပိုက်ထားသော ISIS စစ်သွေးကြွ အဖွဲ့အနေဖြင့် အချို့ဖြစ်စဉ် များတွင် စစ်ရာဇဝတ်မှုများ၊ လူ့သဘာဝကို ဆန့်ကျင်သည့် ပြစ်မှုများနှင့် လူမျိုးတုန်း သတ်ဖြတ်မှုများ အထိ လုပ်ဆောင် နေသည်ကို တွေ့ရကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ISIS စစ်သွေးကြွ အဖွဲ့က လူသတ်ကွပ်မျက် ရာတွင် သေနတ်ဖြင့် ပစ်သတ်ခြင်း၊ ခေါင်းဖြတ် သတ်ခြင်း၊ မြေတူးစက်ဖြင့် ထိုးသတ်ခြင်း၊ တင့်ကားဖြင့် တိုက်သတ်ခြင်း ၊ အရှင်လတ်လတ် မီးရှို့သတ်ခြင်း ၊ လှောင်ချိုင့် အတွင်းထည့်၍ ရေနစ်သတ်ခြင်း ၊ ဒုံးပစ်လောင်ချာဖြင့် ပစ်သတ်ခြင်း နှင့် အဆောက်အအုံ ခေါင်မိုးပေါ်မှ ပစ်ချခြင်းစသည့် နည်းလမ်းများကို အသုံးပြုခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ အနေဖြင့် ကလေးစစ်သား များက လူသတ် ကွပ်မျက်မှုများ ကျူးလွန်လျက် ရှိသည်ဟု သတင်းများ ရရှိထားကြောင်း နှင့် ISIS စစ်သွေးကြွ အဖွဲ့က မိုဆူးလ်မြို့ရှိ ကလေးငယ် ၈ဝဝ မှ ၉ဝဝ ခန့်ကို ဖမ်းဆီးကာ စစ်သင်တန်းများ ပေးခြင်းနှင့် ဘာသာရေး အစွန်း ရောက်သင်တန်းများ ပေးခြင်းတို့ကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
#PyiChitThar