Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အရသာေျပျပစ္ၿပီး အရက္နာက်တဲ့ဒဏ္ မခံစားရမယ့္ ဂ်င္ဆင္းအရက္ကုိ ေျမာက္ကုိရီးယား ေဖာ္စပ္

$
0
0

အစားအေသာက္ဆိုင္ရာ သိပၸံပညာရွင္ေတြက အရသာေျပျပစ္ၿပီး အရက္နာက်တဲ့ဒဏ္ မခံစားရမယ့္ ယမကာ(အရက္ျပင္း)တစ္မ်ိဳး ေဖာ္စပ္ ခဲ့တယ္လုိ႔ ေျမာက္ကိုရီးယားႏိုင္ငံပုိင္ Pyongyang Times သတင္းဌာနက ေဖာ္ျပပါတယ္။

ယမကာအလြန္အကၽြံ ေသာက္သူေတြဟာ ေနာက္တစ္ရက္က်ရင္ ထိုင္းမႈိင္းေလးလံတာ၊ ခႏၶာကိုယ္နာက်င္ကိုက္ခဲတာ၊ မ်က္စိထဲက အခိုးေတြထြက္ၿပီး မ်က္စိနီေနတာ စတဲ့ ဆိုးက်ိဳးေတြခံစားရေလ့ရွိပါတယ္။ ဒါေပမဲ့ ဂ်င္ဆင္းေဆးျမစ္ကို အေျခခံၿပီး Taedonggang အစားအစာစက္႐ုံက သိပၸံပညာရွင္ေတြ ေဖာ္စပ္တဲ့
Koryo ယမကာကေတာ့ အရက္နာက်မွာ မဟုတ္ဘူးလုိ႔ Pyongyang Times သတင္းဌာနက ေဖာ္ျပပါတယ္။

''Koryo ယမကာကုိ ေျခာက္ႏွစ္သက္တမ္းရွိၿပီး အရမ္းေဆးဘက္ဝင္တယ္လို႔ လူသိမ်ားတဲ့ Kaesong Koryo ဂ်င္ဆင္းေဆးရည္၊ မီးၿမိဳက္ထားတဲ့ဆန္ေစးေတြနဲ႔ ထုတ္လုပ္မွာပါ။ အဲဒီယမကာက အရသာ ေျပျပစ္ၿပီး အရက္နာက်တဲ့ဒဏ္ မခံစားရလို႔ ယမကာဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ေတြနဲ႔ ယမကာႏွစ္သက္သူေတြ တန္ဖိုးထားၾကတယ္''လုိ႔ ၿပဳံယမ္းတိုင္းမ္ သတင္းဌာနမွာ ေဖာ္ျပပါတယ္။

ဂ်င္ဆင္းျမစ္ရဲ႕ ျပင္းထန္တဲ့ အခါးဓာတ္ကို ဖုံးလႊမ္းႏိုင္ဖုိ႔အတြက္ သၾကားအစား အေစးဓာတ္ မ်ားလြန္းတဲ့ဆန္ကို မီးၿမိဳက္ၿပီး ေဖာ္စပ္ထားပါတယ္။ မီးၿမိဳက္ထားတဲ့ဆန္ေစးထဲမွာ အယ္မီႏိုအက္ ဆစ္၊ ေအာ္ဂဲနစ္မဟုတ္တဲ့အရာေတြ၊ ဗီတာမင္ဓာတ္နဲ႔ အစာစားခ်င္စိတ္ကို လ်င္ျမန္စြာျဖစ္ေစတဲ့ လစ္ပိုလိုင္ဆင္းတို႔လို လိုအပ္ တဲ့ဓာတ္ေတြပါဝင္ပါတယ္။ ယမကာရဲ႕အရသာ၊ ပုလင္းဒီဇိုင္းနဲ႔ ထုတ္ပိုးမႈပုံစံက ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ဓေလ့အတိုင္းပဲလုိ႔ ၿပဳံယမ္းတိုင္းမ္သတင္းစာက ေရးသားထားပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံက Koryo Songgyungwanတကၠသိုလ္ဟာ Kaesong Koryo ဂ်င္ဆင္းေဆးရည္ အရည္အေသြး ပိုေကာင္းေအာင္ လုပ္ခဲ့ဖူးပါတယ္။ ဒါ့အျပင္ ေျမာက္ကိုရီးယားဟာ ဂ်င္ဆင္းကုိ အသုံးျပဳၿပီး MERS ေရာဂါ၊ SARS ေရာဂါနဲ႔ AIDS ေရာဂါေတြကို ကုသႏုိင္မယ့္ ေဆးဝါးထုတ္လုပ္ေနတယ္လုိ႔ ေၾကညာခဲ့ဖူးပါတယ္။

Ref: http://www.upi.com/Odd_News/2016/01/19/North-Korea-claims-to-have-invented-hangover-free-liquor/8751453216970/?spt=sec&or=on

Nz(ရုိးရာေလး)
ww.yoyarlay.com

#Nz_yyl
#news_yyl

Unicode Version

အရသာပြေပြစ်ပြီး အရက်နာကျတဲ့ဒဏ် မခံစားရမယ့် ဂျင်ဆင်းအရက်ကို မြောက်ကိုရီးယား ဖော်စပ်
......................................................................

အစားအသောက်ဆိုင်ရာ သိပ္ပံပညာရှင်တွေက အရသာပြေပြစ်ပြီး အရက်နာကျတဲ့ဒဏ် မခံစားရမယ့် ယမကာ(အရက်ပြင်း)တစ်မျိုး ဖော်စပ် ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် Pyongyang Times သတင်းဌာနက ဖော်ပြပါတယ်။

ယမကာအလွန်အကျွံ သောက်သူတွေဟာ နောက်တစ်ရက်ကျရင် ထိုင်းမှိုင်းလေးလံတာ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာ၊ မျက်စိထဲက အခိုးတွေထွက်ပြီး မျက်စိနီနေတာ စတဲ့ ဆိုးကျိုးတွေခံစားရလေ့ရှိပါတယ်။ ဒါပေမဲ့ ဂျင်ဆင်းဆေးမြစ်ကို အခြေခံပြီး Taedonggang အစားအစာစက်ရုံက သိပ္ပံပညာရှင်တွေ ဖော်စပ်တဲ့
Koryo ယမကာကတော့ အရက်နာကျမှာ မဟုတ်ဘူးလို့ Pyongyang Times သတင်းဌာနက ဖော်ပြပါတယ်။

''Koryo ယမကာကို ခြောက်နှစ်သက်တမ်းရှိပြီး အရမ်းဆေးဘက်ဝင်တယ်လို့ လူသိများတဲ့ Kaesong Koryo ဂျင်ဆင်းဆေးရည်၊ မီးမြိုက်ထားတဲ့ဆန်စေးတွေနဲ့ ထုတ်လုပ်မှာပါ။ အဲဒီယမကာက အရသာ ပြေပြစ်ပြီး အရက်နာကျတဲ့ဒဏ် မခံစားရလို့ ယမကာဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ယမကာနှစ်သက်သူတွေ တန်ဖိုးထားကြတယ်''လို့ ပြုံယမ်းတိုင်းမ် သတင်းဌာနမှာ ဖော်ပြပါတယ်။

ဂျင်ဆင်းမြစ်ရဲ့ ပြင်းထန်တဲ့ အခါးဓာတ်ကို ဖုံးလွှမ်းနိုင်ဖို့အတွက် သကြားအစား အစေးဓာတ် များလွန်းတဲ့ဆန်ကို မီးမြိုက်ပြီး ဖော်စပ်ထားပါတယ်။ မီးမြိုက်ထားတဲ့ဆန်စေးထဲမှာ အယ်မီနိုအက် ဆစ်၊ အော်ဂဲနစ်မဟုတ်တဲ့အရာတွေ၊ ဗီတာမင်ဓာတ်နဲ့ အစာစားချင်စိတ်ကို လျင်မြန်စွာဖြစ်စေတဲ့ လစ်ပိုလိုင်ဆင်းတို့လို လိုအပ် တဲ့ဓာတ်တွေပါဝင်ပါတယ်။ ယမကာရဲ့အရသာ၊ ပုလင်းဒီဇိုင်းနဲ့ ထုတ်ပိုးမှုပုံစံက မြောက်ကိုရီးယားနိုင်ငံရဲ့ဓလေ့အတိုင်းပဲလို့ ပြုံယမ်းတိုင်းမ်သတင်းစာက ရေးသားထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံက Koryo Songgyungwanတက္ကသိုလ်ဟာ Kaesong Koryo ဂျင်ဆင်းဆေးရည် အရည်အသွေး ပိုကောင်းအောင် လုပ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားဟာ ဂျင်ဆင်းကို အသုံးပြုပြီး MERS ရောဂါ၊ SARS ရောဂါနဲ့ AIDS ရောဂါတွေကို ကုသနိုင်မယ့် ဆေးဝါးထုတ်လုပ်နေတယ်လို့ ကြေညာခဲ့ဖူးပါတယ်။

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>