Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အကျဉ်းသား ၆၉၀၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် စာရင်းတွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသော သစ်ခိုးထုတ် တရုတ်နိုင်ငံသားများ ပါဝင်ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြ

$
0
0
မြန်မာအစိုးရက ဇူလိုင် ၃၀ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသား ၆၉၆၆ ဦးတွင် တရားမ၀င် သစ်ခုတ်ထုတ်သူ တရုတ်နိုင်ငံသား ၁၅၅ ဦးပါဝင်ကြောင်း အဆင့်မြင့်အရာရှိ တစ်ဦးက အတည်ပြု ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များပေး၍ ပြည်နှင်ဒဏ်ပေးခြင်းတို့တွင် အဆိုပါ တရုတ်နိုင်ငံသား ၁၅၅ ဦး ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သစ်ခိုးထုတ် တရုတ်နိုင်ငံသားများကို ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့တွင် မြစ်ကြီးနား ခရိုင်တရားရုံးက တရားမ၀င် သစ်ခိုးထုတ်မှုဖြင့် ထောင်ဒဏ်တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အဖိုးတန်ကျွန်းသစ် အပါအ၀င် သစ် ၁၀၅၆၉ တန်ကျော် ဖမ်းဆီးနိုင်ခဲ့ပြီး နိုင်ငံသား ၁၈၁ ဦးနှင့် တရုတ်နိုင်ငံသား ၁၅၅ ဦး ဖမ်းဆီးအရေးယူထားကြောင်း၊ တရုတ်နိုင်ငံသို့ သစ်မှောင်ခိုတင်သွင်းမှု မလျော့ကျခြင်းမှာ သစ်မှောင်ခိုသမားများက ဈေးကြီးပေးဝယ်နေ၍ဖြစ်ကြောင်း ကချင်ပြည်နယ် သစ်တောဌာနမှ သုံးသပ်ထားကြောင်း အစောပိုင်း သတင်းများအရ သိရသည်။

ကချင်ပြည်နယ် သစ်တောဦးစီးဌာန၏ စာရင်းအရ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၅ ခုနှစ် မတ်လကုန်အထိ ကျွန်း ၂၆၀၁ ဒသမ ၈၈၉ တန် အပါအ၀င် အခြားသစ် ၁၀၅၆၉ ဒသမ ၁၁၂ တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် တရားမ၀င်သစ်မှောင်ခိုလုပ်ငန်း အကြီးဆုံး လုပ်ကိုင်နေသော နိုင်ငံဖြစ်ပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ၇ ဘီလျံဖိုးခန့်အား တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေကာ အဆိုပါ တရားမ၀င် ၀င်ရောက်သည့် သစ်များ၏ ၉၀ ရာခိုင်နှုန်းအား မြန်မာနိုင်ငံမှ ရရှိနေကြောင်း ဇန်န၀ါရီ ၈ ရက်က ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာ ( IBC) တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ သစ်တောအသင်း၏ Seminar on : Enviroment: Policies, People and Problem ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ သစ်တော ဦးစီးဌာနမှ အငြိမ်းစားညွှန် ကြားရေးမှူး ဦးတင်အေး၏ "What are the Major Causes of Deforestation in Myanmar"စာတမ်းအရ သိရသည်။

အင်္ဂလန်နိုင်ငံအခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အဖွဲ့ (EIA) ၏ ထုတ်ပြန်ချက်အရ ၁၀ နှစ် ကျော်ကာလအတွင်း မြန်မာနိုင်ငံမှ သစ်များကို အမေရိကန်ဒေါ်လာ ၅ဒသမ၇ ဘီလျံဖိုးအထိ ခိုးထုတ်ခဲ့ကြောင်းလည်း သိရသည်။

အစိုးရသစ်လက်ထက်ဘဏ္ဍာနှစ် လေးနှစ်တာကာလဖြစ်သည့် ၂၀၁၁-၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဇန်န၀ါရီလအထိ တရားမ၀င်သစ် ခိုးထုတ်မှုများမှ ကျွန်းနှင့် သစ်မာများအပါအ၀င် သစ်တန်ချိန်ပေါင်း ၁၄၀၀၀၀ တန်ခန့် ဖမ်းဆီးခဲ့မိပြီး အဆိုပါ သစ်ခိုးထုတ်မှုများတွင် နိုင်ငံခြားသား ၂၅၀ ဦးခန့်နှင့် နိုင်ငံသား ၂၂၆၀၀ ဦးကျော် ပါဝင်ဖမ်းဆီး ခဲ့မိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက သိရသည်။
Eleven Media Group

http://goo.gl/yV77Sv

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>