အေတြးအျမင္ အာေဘာ္
စည္သူေအာင္ျမင့္
ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၉ ရက္ေန႔က ရခိုင္ျပည္နယ္မွာ အင္အားအေကာင္းဆံုး ရခိုင္အမ်ိဳးသားပါတီ ANP ကေန ေၾကျငာခ်က္တစ္ေစာင္ ထုတ္ျပန္ပါတယ္။ ေၾကျငာခ်က္ကို အက်ဥ္း႐ံုးၿပီး ေျပာရရင္ ANP ပါတီဟာ ရခုိင္ျပည္နယ္မွာ အမတ္ေနရာ အမ်ားဆံုး ေရြးေကာက္ခံထားရတယ္၊ ဒါေၾကာင့္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ဟာ ANP အမတ္တစ္ေယာက္ေယာက္ ျဖစ္ရမယ္၊ တကယ္လို႔ ျပည္ေထာင္စုအဆင့္ သမၼတ တင္ႏုိင္၊ အစိုးရဖြဲ႕ႏိုင္တဲ့ အင္န္အယ္လ္ဒီ ပါတီ အေနနဲ႔ ANP အမတ္တစ္ေယာက္ေယာက္ကို ဝန္ႀကီးခ်ဳပ္တာဝန္ မေပးခဲ့ဘူး၊ ရခုိင္ျပည္နယ္ အစိုးရအဖြဲ႔ ဖြဲ႔စည္းဖို႔ တာဝန္မေပးခဲ့ဘူး ဆိုရင္ေတာ့ ANP အေနနဲ႔ ရခုိင္ျပည္နယ္ အစိုးရအဖြဲ႔ အပါအဝင္၊ အျခားဘယ္အစိုးရ အဖြဲ႔မွာမွ ပါဝင္ေတာ့မွာ မဟုတ္ပဲ အတုိက္အခံအေနနဲ႔ပဲ ရပ္တည္သြားေတာ့မယ္လို႔ ဆုိပါတယ္။ ANP ပါတီရဲ႕ အဲဒီ ေတာင္းဆို ခ်က္ တရားမွ်တပါရဲ႕လား၊ ဒီေတာင္းဆိုခ်က္ ဘယ္လို အဓိပၸါယ္ သက္ေရာက္မလဲ ဆိုတာ ဒီကေန႔ ေဆြးေႏြးၾကည့္ရေအာင္။
ေၾကျငာခ်က္ထဲမွာ အေလးအနက္ ထားရမယ့္ စာေၾကာင္း တစ္ေၾကာင္းပါပါတယ္။ အဲဒါက ေတာ့ “အမ်ဳိးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္၏ အစဥ္တစ္စိုက္ ရပ္တည္လာခဲ့ေသာ ဒီမုိေရစီ ဖက္ဒရယ္ ျပည္ေထာင္စု ဆုိသည့္ မူအရ ရခိုင္ျပည္နယ္အစိုးရ ဖြဲ႔စည္းရာတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္သည္ ရခုိင္ျပည္ နယ္အတြင္း မဲအမ်ားဆံုး အႏုိင္ရရွိထားေသာ ရခိုင္အမ်ဳိးသားပါတီ၏ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ထဲမွ ျဖစ္ရမည္ဟု ရပ္တည္ ဆံုးျဖတ္ထားသည္” ဆိုတာပါ။ ဒါဆိုရင္ လက္ရွိ အတည္ျဖစ္ေန ဆဲ ဖြဲ႔စည္းပံု အေျခခံဥပေဒကို ထည့္သြင္းစဥ္းစားဖုိ႔ မလိုပါဘူး။ ေကာင္းပါၿပီ။ တကယ့္တကယ္ ရခုိင္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္အျဖစ္ ဘယ္လိုအေနအထား ရွိသူကို ခန္႔အပ္သင့္သလဲဆိုတဲ့ မူတစ္ခုကို အရင္ စဥ္းစားၾကည့္ၾကရေအာင္ပါ။
အားလံုး မွတ္မိၾကပါဦးမယ္။ ၿပီးခဲ့တဲ့ လႊတ္ေတာ္ အစည္းအေဝး ကာလမွာ ဖြဲ႔စည္းပံု အေျခခံ ဥပေဒ ျပင္ဆင္ေရး ႀကိဳးစားခဲ့ၾကပါတယ္။ အဲဒီ ႀကိဳးစားခဲ့မွဳေတြထဲမွာ အာဏာရ ျပည္ခုိင္ၿဖိဳး၊ အင္န္ အယ္လ္ဒီ၊ ရခုိင္တုိင္းရင္းသားမ်ား တိုးတက္ေရးပါတီ RNDP နဲ႔ အျခား တုိင္းရင္းသားပါတီေတြ အားလံုး သေဘာတူညီမွဳရၿပီး တင္သြင္းခဲ့တဲ့ အခ်က္တစ္ခ်က္ ရွိခဲ့ပါတယ္။ ရွားရွားပါးပါး အားလံုး သေဘာတူညီၾကတဲ့ အခ်က္ပါ။ အဲဒါကေတာ့ ျပည္နယ္နဲ႔ တုိင္း ဝန္ၾကီးခ်ဳပ္ေတြ ခန္႔အပ္ေရးနဲ႔ ပတ္သက္တဲ့ အခ်က္ျဖစ္ပါတယ္။ ပါတီအားလံုးက တင္ျပတဲ့ မူကေတာ့ နဂို ဖြဲ႔စည္းပံုပါ ျပည္နယ္နဲ႔ တုိင္း ဝန္ၾကီးခ်ဳပ္ေတြကို သမၼတ က သူ႕စိတ္ၾကိဳက္ အမတ္ တစ္ေယာက္ေယာက္ ခန္႔အပ္ႏိုင္တယ္ ဆိုတဲ့ ေနရာမွာ၊ သက္ဆုိင္ရာ ျပည္နယ္နဲ႔ တုိင္း လႊတ္ေတာ္ထဲမွာ အမတ္အမ်ားစုက ေရြးခ်ယ္တဲ့ အမတ္တစ္ေယာက္ကို သမၼတက ဝန္ႀကီးခ်ဳပ္အျဖစ္ ခန္႔အပ္ေပးဖုိ႔ဆိုတဲ့ မူျဖစ္ပါတယ္။ ကံမေကာင္း အေၾကာင္းမလွစြာပဲ အဲဒီအခ်က္ကို တပ္မေတာ္သား အမတ္ေတြက ပယ္ခ်ခဲ့လို႔ ဖြဲ႔စည္းပံုမွာ ျပင္ဖို႔ အဆင့္အထိ ေရာက္မလာခဲ့ပါဘူး။
ဘယ္လိုပဲျဖစ္ျဖစ္ အဲဒီ အင္န္အယ္လ္ဒီ၊ ျပည္ခုိင္ၿဖိဳး၊ ရခုိင္ပါတီနဲ႔ ပါတီအားလံုး လက္ခံထားတဲ့မူနဲ႔ အခု ရခုိင္ျပည္နယ္မွာ ဘယ္သူ႔ကို ဝန္ႀကီးခ်ဳပ္ ခန္႔အပ္သင့္သလဲ ေဆြးေႏြးၾကည့္ၾကရေအာင္။
ေရြးေကာက္ပြဲ ရလာဒ္ေတြအရ ရခုိင္ျပည္နယ္ လႊတ္ေတာ္ အတြက္ ANP ပါတီက အမတ္ ၂၂ ေယာက္၊ အင္န္အယ္လ္ဒီ ၉ ေယာက္၊ ျပည္ခုိင္ၿဖိဳး ၃ ေယာက္၊ တစ္သီးပုဂၢလ တစ္ေယာက္ အေရြး ခံထားရပါတယ္။ အခု အဲဒီလႊတ္ေတာ္အတြက္ တပ္မေတာ္သား အမတ္ ၁၂ ေယာက္ နာမည္စာရင္း တင္သြင္းထားပါတယ္။
ေပါင္းလိုက္ရင္ ရခုိင္ျပည္နယ္လႊတ္ေတာ္မွာ အမတ္ စုစုေပါင္း ၄၇ ေယာက္ ရွိေနပါလိမ့္မယ္။ ဖြဲ႔စည္းပံုျပင္ဖို႔ ပါတီအားလံုး သေဘာတူထားတဲ့ မူအရဆိုရင္ ရခုိင္ျပည္နယ္ လႊတ္ေတာ္ထဲမွာ အနည္းဆံုး အမတ္ ၂၄ ေယာက္ ေထာက္ခံတဲ့သူဟာ ဝန္ႀကီးခ်ဳပ္ ျဖစ္သင့္တယ္ ဆိုတာ မျငင္းႏုိင္ပါဘူး။ လက္ရွိ ANP က ရထားတာ အမတ္ ၂၂ ေယာက္ပါ။ တစ္သီးပုဂၢလ တစ္ေယာက္ကိုလည္း ထည့္တြက္ ထားေလေတာ့ စုစုေပါင္း ၂၃ ေယာက္လို႔ ဆိုပါတယ္။ ၂၄ ေယာက္ ျဖစ္ဖို႔ဆို အနည္းဆံုး ေနာက္ထပ္ တစ္ေယာက္လိုပါမယ္။ ဒီအခါ ANP က အမတ္ တစ္ေယာက္ ေယာက္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ တင္ဖို႔ အင္န္အယ္လ္ဒီ၊ ဒါမွမဟုတ္ ျပည္ခုိင္ၿဖိဳး၊ ဒါမွမဟုတ္ တပ္မ ေတာ္သား အမတ္ တစ္ေယာက္ေယာက္၊ ဒါမွမဟုတ္ တစ္ဖြဲ႔ဖြဲ႔ကို စည္း႐ံုးဖို႔ လိုပါတယ္။ ေထာက္ခံခုိင္း ဖို႔ လိုပါတယ္။
တကယ္လို႔ အင္န္အယ္လ္ဒီ ဟာ သူ႔ပါတီဝင္ တစ္ေယာက္ေယာက္ကိုပဲ ဝန္ႀကီးခ်ဳပ္ အျဖစ္ တာဝန္ေပးဖို႔ စဥ္းစားထားၿပီးသားဆိုရင္ ANP ဘက္က ျပည္ခုိင္ၿဖိဳး ဒါမွမဟုတ္ တပ္မေတာ္သား အစုအဖြဲ႔ကို စည္း႐ံုးဖို႔ လိုပါတယ္။ တကယ္လို႔ စည္း႐ံုးလို႔ ရၿပီဆိုရင္ အဲဒီ စည္း႐ံုးမွဳ ရလာဒ္ကေန တဆင့္ အင္န္အယ္လ္ဒီ ပါတီကို ေတာင္းဆိုသင့္ပါတယ္။ အင္န္အယ္လ္ဒီ ပါတီ ဘက္ကလည္း ANP အမတ္ တစ္ေယာက္ေယာက္ကို ဝန္ႀကီးခ်ဳပ္ ခန္႔ဖို႔ စဥ္းစားသင့္ပါတယ္။
အခု ANP ပါတီက ေတာင္းဆိုေနတာဟာ ဆႏၵေစာေနတဲ့ပံု ေတြ႕ရပါတယ္။ ေနာက္တစ္ခ်က္ က ႏွစ္ပါင္း ၅၀ ေက်ာ္အတြင္း အခုမွ ပထမဦးဆံုးအႀကိမ္ တက္လာမယ့္ အစိုးရအဖြဲ႔သစ္အေပၚ ဖိအားေတြေပး၊ အၾကပ္အတည္းဆိုက္ေအာင္ လုပ္သလို ျဖစ္ေနပါတယ္။ တကယ့္တကယ္ ျဖစ္သင့္ တာက ANP အေနနဲ႔ ပထမအဆင့္ လႊတ္ေတာ္တြင္း အမတ္အရည္အတြက္ ထက္ဝက္ေက်ာ္ ေထာက္ခံမွဳရေအာင္ ျပည္ခုိင္ၿဖိဳး၊ တပ္မေတာ္ အစုအဖြဲ႔တစ္ခုခုကို အရင္စည္း႐ံုးရပါမယ္။ ၿပီးရင္ အင္န္အယ္လ္ဒီ တာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးဖို႔ ေတာင္းဆိုရပါမယ္။
အင္န္အယ္လ္ဒီ ဘက္က လည္း အဲလို တကယ္ပဲ ANP နဲ႔ အစုအဖြဲ႔တစ္ခု ေပါင္းၿပီး လႊတ္ေတာ္ထဲ အမ်ားစု ျဖစ္ေနၿပီဆိုရင္ ဝန္ႀကီးခ်ဳပ္ေနရာ စဥ္းစားေပးရပါမယ္။ ဒါေပမယ့္ အခုလက္ရွိ ရခုိင္အမ်ိဳးသား ပါတီ ANP ရဲ႕ လုပ္ပံုဟာ ဝန္ႀကီးခ်ဳပ္ ေနရာေပးရင္ေပး၊ မေပးရင္ အင္န္အယ္လ္ဒီ အစိုးရအဖြဲ႔ အားလံုးကို သပိတ္ေမွာက္မယ္လို႔ ဆိုလိုက္တာဟာ ဒီမိုကေရစီ က်င့္စဥ္အရပဲ ၾကည့္ၾကည့္၊ တုိင္းရင္းသား စည္းလံုးညီညြတ္ေရး အရပဲ ၾကည့္ၾကည့္၊ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး အဆင္ေျပ ေခ်ာေမြ႔ေရး ႐ွဳေဒါင့္ကပဲ ၾကည့္ၾကည့္၊ ရခုိင္ျပည္နယ္ အက်ိဳးစီးပြား၊ ရခုိင္ျပည္နယ္ ဖြံ႔ၿဖိဳးတိုးတက္ေရးဘက္ကပဲ ၾကည့္ၾကည့္ မသင့္ေတာ္ပါေၾကာင္း၊ ထုတ္ျပန္ေၾကျငာခ်က္ ကို ျပန္ၿပီး သံုးသပ္ သင့္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။
- See more at: http://mizzimaburmese.com/article/10140#sthash.KObOp6rM.dpuf
..................
“ နှစ် ၅၀ ကျော်မှာမှ ပေါ်လာမယ့် အစိုးရအဖွဲ့သစ်ကို အကြပ်မကိုင်ပါနဲ့ ”
အတွေးအမြင် အာဘော်
စည်သူအောင်မြင့်
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်မှာ အင်အားအကောင်းဆုံး ရခိုင်အမျိုးသားပါတီ ANP ကနေ ကြေငြာချက်တစ်စောင် ထုတ်ပြန်ပါတယ်။ ကြေငြာချက်ကို အကျဉ်းရုံးပြီး ပြောရရင် ANP ပါတီဟာ ရခိုင်ပြည်နယ်မှာ အမတ်နေရာ အများဆုံး ရွေးကောက်ခံထားရတယ်၊ ဒါကြောင့် ပြည်နယ် ဝန်ကြီးချုပ်ဟာ ANP အမတ်တစ်ယောက်ယောက် ဖြစ်ရမယ်၊ တကယ်လို့ ပြည်ထောင်စုအဆင့် သမ္မတ တင်နိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အင်န်အယ်လ်ဒီ ပါတီ အနေနဲ့ ANP အမတ်တစ်ယောက်ယောက်ကို ဝန်ကြီးချုပ်တာဝန် မပေးခဲ့ဘူး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းဖို့ တာဝန်မပေးခဲ့ဘူး ဆိုရင်တော့ ANP အနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အပါအဝင်၊ အခြားဘယ်အစိုးရ အဖွဲ့မှာမှ ပါဝင်တော့မှာ မဟုတ်ပဲ အတိုက်အခံအနေနဲ့ပဲ ရပ်တည်သွားတော့မယ်လို့ ဆိုပါတယ်။ ANP ပါတီရဲ့ အဲဒီ တောင်းဆို ချက် တရားမျှတပါရဲ့လား၊ ဒီတောင်းဆိုချက် ဘယ်လို အဓိပ္ပါယ် သက်ရောက်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးကြည့်ရအောင်။
ကြေငြာချက်ထဲမှာ အလေးအနက် ထားရမယ့် စာကြောင်း တစ်ကြောင်းပါပါတယ်။ အဲဒါက တော့ “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အစဉ်တစ်စိုက် ရပ်တည်လာခဲ့သော ဒီမိုရေစီ ဖက်ဒရယ် ပြည်ထောင်စု ဆိုသည့် မူအရ ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည် နယ်အတွင်း မဲအများဆုံး အနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ထဲမှ ဖြစ်ရမည်ဟု ရပ်တည် ဆုံးဖြတ်ထားသည်” ဆိုတာပါ။ ဒါဆိုရင် လက်ရှိ အတည်ဖြစ်နေ ဆဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထည့်သွင်းစဉ်းစားဖို့ မလိုပါဘူး။ ကောင်းပါပြီ။ တကယ့်တကယ် ရခိုင် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဘယ်လိုအနေအထား ရှိသူကို ခန့်အပ်သင့်သလဲဆိုတဲ့ မူတစ်ခုကို အရင် စဉ်းစားကြည့်ကြရအောင်ပါ။
အားလုံး မှတ်မိကြပါဦးမယ်။ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေး ကာလမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကြိုးစားခဲ့ကြပါတယ်။ အဲဒီ ကြိုးစားခဲ့မှုတွေထဲမှာ အာဏာရ ပြည်ခိုင်ဖြိုး၊ အင်န် အယ်လ်ဒီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ အခြား တိုင်းရင်းသားပါတီတွေ အားလုံး သဘောတူညီမှုရပြီး တင်သွင်းခဲ့တဲ့ အချက်တစ်ချက် ရှိခဲ့ပါတယ်။ ရှားရှားပါးပါး အားလုံး သဘောတူညီကြတဲ့ အချက်ပါ။ အဲဒါကတော့ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေ ခန့်အပ်ရေးနဲ့ ပတ်သက်တဲ့ အချက်ဖြစ်ပါတယ်။ ပါတီအားလုံးက တင်ပြတဲ့ မူကတော့ နဂို ဖွဲ့စည်းပုံပါ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို သမ္မတ က သူ့စိတ်ကြိုက် အမတ် တစ်ယောက်ယောက် ခန့်အပ်နိုင်တယ် ဆိုတဲ့ နေရာမှာ၊ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း လွှတ်တော်ထဲမှာ အမတ်အများစုက ရွေးချယ်တဲ့ အမတ်တစ်ယောက်ကို သမ္မတက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပေးဖို့ဆိုတဲ့ မူဖြစ်ပါတယ်။ ကံမကောင်း အကြောင်းမလှစွာပဲ အဲဒီအချက်ကို တပ်မတော်သား အမတ်တွေက ပယ်ချခဲ့လို့ ဖွဲ့စည်းပုံမှာ ပြင်ဖို့ အဆင့်အထိ ရောက်မလာခဲ့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး၊ ရခိုင်ပါတီနဲ့ ပါတီအားလုံး လက်ခံထားတဲ့မူနဲ့ အခု ရခိုင်ပြည်နယ်မှာ ဘယ်သူ့ကို ဝန်ကြီးချုပ် ခန့်အပ်သင့်သလဲ ဆွေးနွေးကြည့်ကြရအောင်။
ရွေးကောက်ပွဲ ရလာဒ်တွေအရ ရခိုင်ပြည်နယ် လွှတ်တော် အတွက် ANP ပါတီက အမတ် ၂၂ ယောက်၊ အင်န်အယ်လ်ဒီ ၉ ယောက်၊ ပြည်ခိုင်ဖြိုး ၃ ယောက်၊ တစ်သီးပုဂ္ဂလ တစ်ယောက် အရွေး ခံထားရပါတယ်။ အခု အဲဒီလွှတ်တော်အတွက် တပ်မတော်သား အမတ် ၁၂ ယောက် နာမည်စာရင်း တင်သွင်းထားပါတယ်။
ပေါင်းလိုက်ရင် ရခိုင်ပြည်နယ်လွှတ်တော်မှာ အမတ် စုစုပေါင်း ၄၇ ယောက် ရှိနေပါလိမ့်မယ်။ ဖွဲ့စည်းပုံပြင်ဖို့ ပါတီအားလုံး သဘောတူထားတဲ့ မူအရဆိုရင် ရခိုင်ပြည်နယ် လွှတ်တော်ထဲမှာ အနည်းဆုံး အမတ် ၂၄ ယောက် ထောက်ခံတဲ့သူဟာ ဝန်ကြီးချုပ် ဖြစ်သင့်တယ် ဆိုတာ မငြင်းနိုင်ပါဘူး။ လက်ရှိ ANP က ရထားတာ အမတ် ၂၂ ယောက်ပါ။ တစ်သီးပုဂ္ဂလ တစ်ယောက်ကိုလည်း ထည့်တွက် ထားလေတော့ စုစုပေါင်း ၂၃ ယောက်လို့ ဆိုပါတယ်။ ၂၄ ယောက် ဖြစ်ဖို့ဆို အနည်းဆုံး နောက်ထပ် တစ်ယောက်လိုပါမယ်။ ဒီအခါ ANP က အမတ် တစ်ယောက် ယောက်ကို ဝန်ကြီးချုပ်အဖြစ် တင်ဖို့ အင်န်အယ်လ်ဒီ၊ ဒါမှမဟုတ် ပြည်ခိုင်ဖြိုး၊ ဒါမှမဟုတ် တပ်မ တော်သား အမတ် တစ်ယောက်ယောက်၊ ဒါမှမဟုတ် တစ်ဖွဲ့ဖွဲ့ကို စည်းရုံးဖို့ လိုပါတယ်။ ထောက်ခံခိုင်း ဖို့ လိုပါတယ်။
တကယ်လို့ အင်န်အယ်လ်ဒီ ဟာ သူ့ပါတီဝင် တစ်ယောက်ယောက်ကိုပဲ ဝန်ကြီးချုပ် အဖြစ် တာဝန်ပေးဖို့ စဉ်းစားထားပြီးသားဆိုရင် ANP ဘက်က ပြည်ခိုင်ဖြိုး ဒါမှမဟုတ် တပ်မတော်သား အစုအဖွဲ့ကို စည်းရုံးဖို့ လိုပါတယ်။ တကယ်လို့ စည်းရုံးလို့ ရပြီဆိုရင် အဲဒီ စည်းရုံးမှု ရလာဒ်ကနေ တဆင့် အင်န်အယ်လ်ဒီ ပါတီကို တောင်းဆိုသင့်ပါတယ်။ အင်န်အယ်လ်ဒီ ပါတီ ဘက်ကလည်း ANP အမတ် တစ်ယောက်ယောက်ကို ဝန်ကြီးချုပ် ခန့်ဖို့ စဉ်းစားသင့်ပါတယ်။
အခု ANP ပါတီက တောင်းဆိုနေတာဟာ ဆန္ဒစောနေတဲ့ပုံ တွေ့ရပါတယ်။ နောက်တစ်ချက် က နှစ်ပါင်း ၅၀ ကျော်အတွင်း အခုမှ ပထမဦးဆုံးအကြိမ် တက်လာမယ့် အစိုးရအဖွဲ့သစ်အပေါ် ဖိအားတွေပေး၊ အကြပ်အတည်းဆိုက်အောင် လုပ်သလို ဖြစ်နေပါတယ်။ တကယ့်တကယ် ဖြစ်သင့် တာက ANP အနေနဲ့ ပထမအဆင့် လွှတ်တော်တွင်း အမတ်အရည်အတွက် ထက်ဝက်ကျော် ထောက်ခံမှုရအောင် ပြည်ခိုင်ဖြိုး၊ တပ်မတော် အစုအဖွဲ့တစ်ခုခုကို အရင်စည်းရုံးရပါမယ်။ ပြီးရင် အင်န်အယ်လ်ဒီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုရပါမယ်။
အင်န်အယ်လ်ဒီ ဘက်က လည်း အဲလို တကယ်ပဲ ANP နဲ့ အစုအဖွဲ့တစ်ခု ပေါင်းပြီး လွှတ်တော်ထဲ အများစု ဖြစ်နေပြီဆိုရင် ဝန်ကြီးချုပ်နေရာ စဉ်းစားပေးရပါမယ်။ ဒါပေမယ့် အခုလက်ရှိ ရခိုင်အမျိုးသား ပါတီ ANP ရဲ့ လုပ်ပုံဟာ ဝန်ကြီးချုပ် နေရာပေးရင်ပေး၊ မပေးရင် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ အားလုံးကို သပိတ်မှောက်မယ်လို့ ဆိုလိုက်တာဟာ ဒီမိုကရေစီ ကျင့်စဉ်အရပဲ ကြည့်ကြည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အရပဲ ကြည့်ကြည့်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အဆင်ပြေ ချောမွေ့ရေး ရှုဒေါင့်ကပဲ ကြည့်ကြည့်၊ ရခိုင်ပြည်နယ် အကျိုးစီးပွား၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဘက်ကပဲ ကြည့်ကြည့် မသင့်တော်ပါကြောင်း၊ ထုတ်ပြန်ကြေငြာချက် ကို ပြန်ပြီး သုံးသပ် သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
- See more at: http://mizzimaburmese.com/article/10140#sthash.KObOp6rM.dpuf