Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေပ်ာက္ဆံုးခဲ့သည္႔ ဆယ္တန္းေက်ာင္းသူႏွစ္ဦးကို တ႐ုတ္ျပည္ လြယ္ဂ်ယ္ၿမိဳ႕တြင္ ျပန္လည္ေတြ႕ရွိ

$
0
0

၂၀၁၅ ခုႏွစ္ စက္တင္ဘာ ၅ ရက္ မွ ဒီဇင္ဘာလကုန္အထိ သံုးလခန္႔ ေပ်ာက္ဆံုးခဲ့ေသာ ေျမာက္ဒဂံုျမိဳ႕နယ္ေန ဆယ္တန္းေက်ာင္းသူေလးႏွစ္ဦးမွာ တရုတ္ျပည္လြယ္ဂ်ယ္ျမိဳ႕နယ္အတြင္းရိွ ဟိုတယ္တခုႏွင့္ ေနအိမ္တခုတို႔ တြင္ သြားေရာက္လုပ္ကိုင္ေနျခင္းျဖစ္ျပီး ယခုအခါ ၎တို႔သည္ ေနအိမ္မ်ားသို႔ ျပန္လည္ ေရာက္ရိွ လာျပီျဖစ္ေၾကာင္း ေက်ာင္းသူႏွစ္ဦး၏ မိဘမ်ားထံမွ သိရသည္။

''သမီးေလးေတြကိုေခၚယူျပီး အလုပ္ခန္႔ထားတဲ့ အလုပ္ရွင္အမ်ဳိးသားက လြယ္ဂ်ယ္ကေန ဗန္းေမာ္ကိုလာေတာ့ ေလဆိပ္မွာ သူတို႔ပံုေတြကပ္ထားတာ ေတြ႕တယ္။

ျပီးေတာ့ အင္တာနက္မွာလည္း သူတို႔ေတြနဲ႔ လူေပ်ာက္ ေၾကာ္ျငာေတြ ေတြ႕ေတာ့ ကေလးေတြကို မိဘေတြဆီကို ဆက္သြယ္ခိုင္းရင္းကေနျပီးေတာ့ ကြ်န္မတို႔နဲ႔ အဆက္အသြယ္ရခဲ့တာပါ။

ေပ်ာက္ကတည္းကရွာေနတာ သံုးလေလာက္ ၾကာေတာ့မွ သတင္းရပါတယ္။ သတင္း ရ,ရခ်င္းပဲ ကြ်န္မတို႔ ဒီကလိုက္သြားတာပါ။ ခရီးစဥ္အစအဆံုးမွာလည္း အမ်ဳိးသား ဒီမိုကေရစီအဖဲြ႕ ခ်ဳပ္က ကူညီေဆာင္ရြက္ေပးခဲ့ပါတယ္။

ေနာက္ဆံုး လြယ္ဂ်ယ္ျမိဳ႕က ေနအိမ္တခုမွာ သမီးငယ္ႏွစ္ဦးက သန္႔ရွင္း ေရးလုပ္ေနတာကို ေတြ႕ရတယ္။ သမီးက ေတြ႕,ေတြ႕ခ်င္းေက်ာင္းျပန္တက္ျပီး စာေမး ပဲြေျဖမယ္လို႔ ေျပာတယ္''ဟု ေပ်ာက္ဆံုးခဲ့ ေသာ ေက်ာင္းသူႏွစ္ဦးအနက္မွ မေနျခည္လင္း၏ မိခင္ျဖစ္သူက News Watch သို႔ ေျပာသည္။

မေနျခည္လင္းသည္ အထက(၅) ေျမာက္ဒဂံုတြင္ တက္ေရာက္ေနသည့္ ေက်ာင္းသူတဦးျဖစ္ျပီး ယခုကဲ့သို႔ ေဘးမသီရန္မခဘဲ ျပန္လည္ေတြ႕ရိွခဲ့မႈအေပၚတြင္ မိဘမ်ားအေနျဖင့္ အလြန္၀မ္းသာေပ်ာ္ရႊင္မိပါေၾကာင္း ၎က ဆိုသည္။
''အဲဒီတရုတ္ျပည္ကို ေရာက္တုန္းက ညတိုင္းငိုတယ္။

အိမ္ကိုသတိရျပီးေတာ့ျပန္ခ်င္လို႔။ တေန႔ကို နံနက္ ၆ နာရီ ခဲြေလာက္ကေန ၇ နာရီခဲြအထိ သန္႔ရွင္းေရးလုပ္ရတယ္။ သန္႔ရွင္းေရးက ဘာေတြလဲဆိုေတာ့ ၾကမ္းတိုက္၊ ဖုန္သုတ္၊ တံျမက္စည္းလွည္း၊ ဟင္းခ်က္ရင္ ၀ိုင္းကူလုပ္ေပးရတယ္။ ျပီးတာနဲ႔ ထမင္းေကြ်းပါတယ္။

ျပီးတာနဲ႔ သူတို႔ဖြင့္ထားတဲ့ ရင္ရင္ ဟိုတယ္ကိုသြားျပီး သန္႔ရွင္းေရးထပ္လုပ္ရတယ္။ ညေနသံုးနာရီ၊ ေလးနာရီေလာက္ဆို အိမ္ျပန္ျပီး သန္႔ရွင္းေရးလုပ္၊ ျပီးတာနဲ႔ ထမင္းစားျပီးရင္ အိပ္လို႔ရပါတယ္။ က်န္တာေတာ့ ဘာမွမခိုင္းပါဘူး''ဟု ေပ်ာက္ဆံုးခဲ့ေသာ ေက်ာင္းသူႏွစ္ဦးအနက္မွ မေနျခည္လင္းက ေျပာျပသည္။

၎တို႔နွစ္ဦးသည္ စက္တင္ဘာ ၅ ရက္ မြန္းလဲႊ ၁ နာရီခန္႔တြင္ က်ဴရွင္မွ ကမၻာေအးဘုရားသို႔ ဦးစြာထြက္လာ ခဲ့ျပီး ထိုမွတဆင့္ ျမတ္မႏၱလာထြန္းကားႏွင့္ လက္မွတ္ျဖတ္ကာ ျပင္ဦးလြင္ျမိဳ႕သို႔ ေနာက္ေန႔နံနက္ စက္တင္ဘာ ၆ ရက္ တြင္ ေရာက္ရိွခဲ့ေၾကာင္း၊ ျပင္ဦးလြင္တြင္ အလုပ္ရွာရာမွ အမ်ဳိးသမီးတဦးႏွင့္ေတြ႕ဆံုကာ ႏွစ္ညအိပ္ခဲ့ျပီး ထိုအမ်ဳိးသမီး၏ ခိ်တ္ဆက္ေပးမႈေၾကာင့္ ျပင္ဦးလြင္မွ ဗန္းေမာ္ျမိဳ႕သို႔ စက္တင္ဘာ ၉ ရက္တြင္ ေရာက္ရိွခဲ့ေၾကာင္း၊ ယင္းျမိဳ႕တြင္ တညအိပ္ကာ ေနာက္ေန႔နံနက္ တရုတ္ျပည္နယ္ လြယ္ဂ်ယ္ျမိဳ႕သို႔ ေရာက္ရိွခဲ့ျပီး ေဒၚကြမ္ရင္၏ေနအိမ္တြင္ သန္႔ရွင္းေရးအလုပ္ရရိွခဲ့သည့္အတြက္ သံုးလခန္႔အလုပ္လုပ္ကိုင္ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

''သမီးေလး အခုလိုျပန္လာလို႔ ၀မ္းသာမိပါတယ္။ ဟိုက အလုပ္ရွင္ကလည္း သေဘာေကာင္းပါတယ္။ ျပန္ခါနီး မုန္႔ဖိုးေတာင္ေပးလိုက္ပါတယ္။ ေတာ္ပါေသးတယ္။

သူေတာ္ေကာင္းနဲ႔ ေတြ႕လိုေပါ့။ အခုနွစ္ေတာ့ စာေမးပဲြ ေျဖဖို႔ မမီေတာ့ဘူး။ လာမယ့္ႏွစ္ကို ေက်ာင္းျပန္ထားရမလား၊ အျပင္ေျဖနဲ႔ ေျဖခိုင္းရမွာလားဆိုတာ မသိေသး ပါဘူး။ သမီးေလးရဲ့ ဆႏၵပါပဲ။ အခု သမီးေလးက စိတ္ရႈပ္ေနေတာ့ မေျပာတတ္ေသးပါဘူး''ဟု ေပ်ာက္ဆံုးသြား သည့္ ေက်ာင္းသူႏွစ္ဦးအနက္မွ မႏွင္းသဇင္၏မိခင္က News Watch သို႔ ေျပာသည္။

အဆိုပါဆယ္တန္းေက်ာင္းသူႏွစ္ဦး ေပ်ာက္ဆံုးမႈႏွင့္ပတ္သက္၍ ေျမာက္ဒဂံုျမိဳ႕နယ္ရဲစခန္းတြင္အမႈဖြင့္တိုင္တန္းထားရာ ႏွစ္ဖက္မိဘမ်ားသေဘာတူညီမႈျဖင့္ လက္မွတ္ထိုး၍ပိတ္သိမ္းခဲ့ျပီးျဖစ္ေၾကာင္း သိရသည္။

ေနမင္းခ
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
..................................


၂၀၁၅ ခုနှစ် စက်တင်ဘာ ၅ ရက် မှ ဒီဇင်ဘာလကုန်အထိ သုံးလခန့် ပျောက်ဆုံးခဲ့သော မြောက်ဒဂုံမြို့နယ်နေ ဆယ်တန်းကျောင်းသူလေးနှစ်ဦးမှာ တရုတ်ပြည်လွယ်ဂျယ်မြို့နယ်အတွင်းရှိ ဟိုတယ်တခုနှင့် နေအိမ်တခုတို့ တွင် သွားရောက်လုပ်ကိုင်နေခြင်းဖြစ်ပြီး ယခုအခါ ၎င်းတို့သည် နေအိမ်များသို့ ပြန်လည် ရောက်ရှိ လာပြီဖြစ်ကြောင်း ကျောင်းသူနှစ်ဦး၏ မိဘများထံမှ သိရသည်။

''သမီးလေးတွေကိုခေါ်ယူပြီး အလုပ်ခန့်ထားတဲ့ အလုပ်ရှင်အမျိုးသားက လွယ်ဂျယ်ကနေ ဗန်းမော်ကိုလာတော့ လေဆိပ်မှာ သူတို့ပုံတွေကပ်ထားတာ တွေ့တယ်။

ပြီးတော့ အင်တာနက်မှာလည်း သူတို့တွေနဲ့ လူပျောက် ကြော်ငြာတွေ တွေ့တော့ ကလေးတွေကို မိဘတွေဆီကို ဆက်သွယ်ခိုင်းရင်းကနေပြီးတော့ ကျွန်မတို့နဲ့ အဆက်အသွယ်ရခဲ့တာပါ။

ပျောက်ကတည်းကရှာနေတာ သုံးလလောက် ကြာတော့မှ သတင်းရပါတယ်။ သတင်း ရ,ရချင်းပဲ ကျွန်မတို့ ဒီကလိုက်သွားတာပါ။ ခရီးစဉ်အစအဆုံးမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်က ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

နောက်ဆုံး လွယ်ဂျယ်မြို့က နေအိမ်တခုမှာ သမီးငယ်နှစ်ဦးက သန့်ရှင်း ရေးလုပ်နေတာကို တွေ့ရတယ်။ သမီးက တွေ့,တွေ့ချင်းကျောင်းပြန်တက်ပြီး စာမေး ပွဲဖြေမယ်လို့ ပြောတယ်''ဟု ပျောက်ဆုံးခဲ့ သော ကျောင်းသူနှစ်ဦးအနက်မှ မနေခြည်လင်း၏ မိခင်ဖြစ်သူက News Watch သို့ ပြောသည်။

မနေခြည်လင်းသည် အထက(၅) မြောက်ဒဂုံတွင် တက်ရောက်နေသည့် ကျောင်းသူတဦးဖြစ်ပြီး ယခုကဲ့သို့ ဘေးမသီရန်မခဘဲ ပြန်လည်တွေ့ရှိခဲ့မှုအပေါ်တွင် မိဘများအနေဖြင့် အလွန်ဝမ်းသာပျော်ရွှင်မိပါကြောင်း ၎င်းက ဆိုသည်။
''အဲဒီတရုတ်ပြည်ကို ရောက်တုန်းက ညတိုင်းငိုတယ်။

အိမ်ကိုသတိရပြီးတော့ပြန်ချင်လို့။ တနေ့ကို နံနက် ၆ နာရီ ခွဲလောက်ကနေ ရ နာရီခွဲအထိ သန့်ရှင်းရေးလုပ်ရတယ်။ သန့်ရှင်းရေးက ဘာတွေလဲဆိုတော့ ကြမ်းတိုက်၊ ဖုန်သုတ်၊ တံမြက်စည်းလှည်း၊ ဟင်းချက်ရင် ၀ိုင်းကူလုပ်ပေးရတယ်။ ပြီးတာနဲ့ ထမင်းကျွေးပါတယ်။

ပြီးတာနဲ့ သူတို့ဖွင့်ထားတဲ့ ရင်ရင် ဟိုတယ်ကိုသွားပြီး သန့်ရှင်းရေးထပ်လုပ်ရတယ်။ ညနေသုံးနာရီ၊ လေးနာရီလောက်ဆို အိမ်ပြန်ပြီး သန့်ရှင်းရေးလုပ်၊ ပြီးတာနဲ့ ထမင်းစားပြီးရင် အိပ်လို့ရပါတယ်။ ကျန်တာတော့ ဘာမှမခိုင်းပါဘူး''ဟု ပျောက်ဆုံးခဲ့သော ကျောင်းသူနှစ်ဦးအနက်မှ မနေခြည်လင်းက ပြောပြသည်။

၎င်းတို့နှစ်ဦးသည် စက်တင်ဘာ ၅ ရက် မွန်းလွှဲ ၁ နာရီခန့်တွင် ကျူရှင်မှ ကမ္ဘာအေးဘုရားသို့ ဦးစွာထွက်လာ ခဲ့ပြီး ထိုမှတဆင့် မြတ်မန္တလာထွန်းကားနှင့် လက်မှတ်ဖြတ်ကာ ပြင်ဦးလွင်မြို့သို့ နောက်နေ့နံနက် စက်တင်ဘာ ၆ ရက် တွင် ရောက်ရှိခဲ့ကြောင်း၊ ပြင်ဦးလွင်တွင် အလုပ်ရှာရာမှ အမျိုးသမီးတဦးနှင့်တွေ့ဆုံကာ နှစ်ညအိပ်ခဲ့ပြီး ထိုအမျိုးသမီး၏ ချိတ်ဆက်ပေးမှုကြောင့် ပြင်ဦးလွင်မှ ဗန်းမော်မြို့သို့ စက်တင်ဘာ ၉ ရက်တွင် ရောက်ရှိခဲ့ကြောင်း၊ ယင်းမြို့တွင် တညအိပ်ကာ နောက်နေ့နံနက် တရုတ်ပြည်နယ် လွယ်ဂျယ်မြို့သို့ ရောက်ရှိခဲ့ပြီး ဒေါ်ကွမ်ရင်၏နေအိမ်တွင် သန့်ရှင်းရေးအလုပ်ရရှိခဲ့သည့်အတွက် သုံးလခန့်အလုပ်လုပ်ကိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''သမီးလေး အခုလိုပြန်လာလို့ ၀မ်းသာမိပါတယ်။ ဟိုက အလုပ်ရှင်ကလည်း သဘောကောင်းပါတယ်။ ပြန်ခါနီး မုန့်ဖိုးတောင်ပေးလိုက်ပါတယ်။ တော်ပါသေးတယ်။

သူတော်ကောင်းနဲ့ တွေ့လိုပေါ့။ အခုနှစ်တော့ စာမေးပွဲ ဖြေဖို့ မမီတော့ဘူး။ လာမယ့်နှစ်ကို ကျောင်းပြန်ထားရမလား၊ အပြင်ဖြေနဲ့ ဖြေခိုင်းရမှာလားဆိုတာ မသိသေး ပါဘူး။ သမီးလေးရဲ့ ဆန္ဒပါပဲ။ အခု သမီးလေးက စိတ်ရှုပ်နေတော့ မပြောတတ်သေးပါဘူး''ဟု ပျောက်ဆုံးသွား သည့် ကျောင်းသူနှစ်ဦးအနက်မှ မနှင်းသဇင်၏မိခင်က News Watch သို့ ပြောသည်။

အဆိုပါဆယ်တန်းကျောင်းသူနှစ်ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မြောက်ဒဂုံမြို့နယ်ရဲစခန်းတွင်အမှုဖွင့်တိုင်တန်းထားရာ နှစ်ဖက်မိဘများသဘောတူညီမှုဖြင့် လက်မှတ်ထိုး၍ပိတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>