"အရင္က သင္ဇာ ေဖ့စ္ဘုတ္လဲမသံုးဘူး။ Instagram လဲမသံုးဘူး။ အဲ့ဒီအခါက်ေတာ့ ကုိယ့္ရဲ႕ ဓာတ္ပံုေတြက သိပ္မပ်ံ႕ႏွံ႕ ဘူးလို႕ေျပာရမွာေပါ့။ ဒီမဂၢဇင္းတို႕ ၊ ဂ်ာနယ္တို႕ေလာက္ပဲ ရုိက္တဲ့အခါက်ေတာ့ ေၾကာ္ျငာရွင္ေတြမ်က္စိထဲ မေရာက္လို႕ေနမွာေပါ့ေနာ္။ အခုက်ေတာ့ ေဖ့စ္ဘုတ္ေတြ Instagram ေတြျပန္သံုးတဲ့အခါက်ေတာ့ ေၾကာ္ျငာရွင္ေတြလဲ ကိုယ့္ကုိေတြ႕ၿပီးသေဘာက်လို႕ လာငွားတယ္လို႕ပဲေျပာရမွာေပါ့။ သင္ဇာပံုေတြ တင္တဲ့အခ်ိန္မွာလဲ အေကာင္းဆံုးျဖစ္မယ္ ထင္ၿပီးေတာ့ တင္ခဲ့တယ္။ အဲ့ဒီအေပၚမွာမွ ေ၀ဖန္တဲ့ ပရိသတ္ကလဲ မ်ိဳးစံုရွိမွာေပါ့။ အဲ့ဒါေၾကာင့္မို႕လဲၾကိဳက္သလိုေ၀ဖန္ၾကပါ။ ရပါတယ္။ ဒါေပမဲ့ တခ်ိဳ႕က်ေတာ့လဲ အေဖေတြ၊ အေမေတြပါ ထည့္ၿပီးေျပာၾကတယ္။ မိဘက မဆံုးမဘူးလား။ ဘာလား။ ညာလားေပါ့။ သင္ဇာတို႕ ဒီအႏုပညာအလုပ္လုပ္တယ္ဆိုတာ ေဆးစက္က်ရာ အရုပ္ထင္ရတာေလ။ movie ရုိက္ရတဲ့ အခန္းေတြမွာလဲ ၾကက္မအခန္းဆိုလဲ လုပ္ရတယ္။ မျဖစ္မေန ခၽြတ္ရေတာ့မယ္။ ေဖာ္ရေတာ့မယ္ အဲ့ဒါမ်ိဳးေတြလဲ ရွိတယ္။ ဒီအႏုပညာအလုပ္နဲ႕ပဲ ကုိယ္ေတြက ရပ္တည္ေနရတာ။ မလုပ္လို႕လဲမရဘူး။ ဓာတ္ပံုဆိုလဲ အဲ့ဒီလိုပဲ။ ကိုယ့္ကို ေၾကာ္ျငာရွင္က လာငွားတယ္။ ဒီလိုပံုစံမ်ိဳး လိုခ်င္တယ္။ ကိုယ္ျငင္းခ်င္လဲျငင္းလို႕ ရပါတယ္။ ဒါေပမဲ့ မျဖစ္မေန choice လုပ္ရေတာ့မယ္ဆိုရင္ လုပ္လိုက္ရတာမ်ိဳးေတြလဲ ရွိတယ္။ ဒီဟာကို သူတို႕အေနနဲ႕အႏုပညာတစ္ခုအေနနဲ႕ပဲၾကည့္ၾကပါ။ ပုဂိဳလ္ေရးေတြမပါပဲနဲ႕ ေပါ့။ အႏုပညာအရၾကည့္မယ္ဆိုရင္ ဒါအျမင္မရုိင္းပါဘူး။ နားလည္ေပးလို႕ရတယ္။ ဒါေတြကိုတခ်ိဳ႕က နားလည္ေပးတဲ့သူရွိတယ္။ နားလည္မေပးတဲ့သူလည္း ရွိပါတယ္"လုိ႕ သူမက ေျပာလာပါတယ္။
ဒါ့အျပင္ သူမက ဆက္ျပီး "ပံုျမင္တာနဲ႕သူမ်ားက ပုတ္ခတ္တာနဲ႕ငါလဲ ၀င္ပုတ္ခတ္လိုက္မယ္ဆို သူတို႕ေျပာလိုက္တဲ့ စကားတစ္ခြန္းက ဘယ္အထိေရာက္သြားတယ္ဆုိတာမသိဘူး။ အဲ့ဒီလိုေျပာခံရတဲ့အတြက္ အရင္တုန္းကေတာ့ ထိခုိက္ခံစားရတယ္။ အခုေနာက္ပိုင္းက်ေတာ့ အရည္လဲထူလာၿပီ။ သူတို႕ေျပာလိုက္တဲ့ စကားတစ္ခြန္းနဲ႕လဲကုိယ့္ Image က က်မသြားဘူး။ လတ္တေလာမွာျဖစ္ေနတဲ့ ကုိယ့္ရဲ႕ အေျခအေနက ဘာမွေျပာင္းလဲမသြားဘူး။ တျခားသင္ဇာ့လိုပဲ အေျပာခံရတဲ့သူေတြလဲ စိတ္ပ်က္အားမငယ္သြားပဲ လုပ္စရာရွိတာကို ဆက္လုပ္ၾကပါလို႕။ သင္ဇာကေတာ့ေျပာခ်င္ပါတယ္။ ေနာက္ပိုင္းက်ေတာ့ဒါေတြကိုလဲ သိပ္ေခါင္းထဲမထည့္ျဖစ္ေတာ့ဘူး။ ကုိယ္လုပ္စရာရွိတာပဲ ကိုယ္ဆက္လုပ္မယ္။ ဒါမ်ိဳးပံုေတြ တက္လာလို႕ေျပာၾကဆိုၾကတာကို မခံႏုိင္လို႕မရုိက္ပဲျငင္းလိုက္ရင္ ကုိယ္မရရင္ ကုိယ္ပဲ ငတ္ေသမွာေလ။ ကိုယ္ငတ္ေသရင္ ဘယ္သူမွလာၿပီး ထမင္းေကၽြးမွာမဟုတ္ဘူး။ အဲ့ဒါေၾကာင့္ ကုိယ္လုပ္စရာရွိတဲ့အလုပ္ကိုေတာ့ ဆက္လုပ္ရမွာပဲ။ တင္စရာရွိရင္လဲ ဆက္တင္မွာပဲ။ လုပ္စရာရွိရင္လဲ လုပ္မွာပဲ။ အားေပးတဲ့ပရိသတ္ေတြေရာ၊ သင္ဇာ့ဖက္က နာေပးၾကတဲ့ ပရိသတ္ေတြကုိေရာ ေက်းဇူးအရမ္းတင္တယ္။ ဒါေပမဲ့သင္ဇာ့ရဲ႕ယံုၾကည္မႈနဲ႕သင္ဇာ့ရဲ႕ခံယူခ်က္ကိုေတာ့ နားလည္ေပးၾကပါလို႕ေျပာခ်င္ပါတယ္"တဲ့။
တင္သမွ်ပံုေတြကုိ ခ်စ္ၿပီး အားေပးတဲ့ ပရိသတ္ေတြအေပၚသူမရဲ႕စိတ္ခံစားခ်က္နဲ႕ပတ္သက္ၿပီး "သူတို႕ရဲ႕ တန္ဖိုးရွိတဲ့အခ်ိန္ေတြမွာ ဖုန္းေဘလ္အကုန္ခံ၊ အလုပ္ပ်က္ခံၿပီး ေတာ့ကုိယ့္အတြက္နာၿပီးေျဖရွင္းေပးတဲ့ပရိသတ္ၾကီးကို သင္ဇာအရမ္းကိုေက်းဇူးတင္တယ္။ ဒီေက်းဇူးတင္တဲ့ စကားထက္ပိုၿပီးတန္ဖုိးရွိတဲ့ စကားမ်ိဳးရွိရင္လဲေျပာခ်င္ပါတယ္။ အဲ့ဒီလိုပရိသတ္ေတြရွိတဲ့အတြက္လဲ တကယ္ၾကီးကို သင္ဇာ၀မ္းသာလို႕မဆံုးပါဘူး။ လူတစ္ကိုယ္ အၾကိဳက္တစ္မ်ိဳးဆုိေတာ့ အားလံုးကို သင္ဇာနားလည္ေပးလို႕ရပါတယ္"လို႕ သူမက ေျပာျပသြားပါတယ္။
လက္ရွိမွာ သင္ဇာ၀င့္ေက်ာ္က ဒါရုိက္တာဟိန္းစိုး၊ ႏုိင္းႏုိင္း၊ နန္းျမတ္ျဖိဳးသင္းတို႕နဲ႕အတူ ရင္တြင္းေရး ျပသနာဆိုတဲ့ ဇာတ္လမ္းတြဲဒုတိယပိုင္းကို ရုိက္ကူးေနၿပီး ႏွစ္ကုိယ္ခြဲသရုပ္ေဆာင္ေနတယ္လုိ႕ သိရပါတယ္။
http://www.trend.com.mm/2016/01/22/yollywood-8647
...................................................................
အနုပညာကို အနုပညာလို မမြင်တဲ့ ပရိသတ်ရဲ့ ဝေဖန်မှုတချို့ကို ခေါင်းထဲ မထည့်ဖြစ်တော့ဘူးလို့ ဆိုလာတဲ့ သင်ဇာဝင့်ကျော်
ခင်ဆွေသက်
လက်ရှိမှာ ရင်တွင်းရေးပြသနာဆိုတဲ့ ဇာတ်လမ်းတွဲ ဒုတိယပိုင်းကို ရိုက်ကူးနေတဲ့ သင်ဇာဝင့်ကျော်က ၂၀၁၅ ထဲမှာ ကားကြီးတော်တော်များများ ရိုက်ကူးခွင့်ရတယ်လို့သိရပြီး ၂၀၁၆ တွက်လဲ အကောင်းဆုံးနဲ့အမိုက်ဆုံးသော အနုပညာဖန်တီးမှုတွေကို ချပြမယ်လို့ပြောပြလာပါတယ်။ အခုနောက်ပိုင်းမှာ ကော်မာရှယ်ကြော်ငြာတော်တော်များများ ရိုက်ကူးလာရသလို ဓာတ်ပုံရိုက်တဲ့အခါမှာ အလန်းဆုံးပြင်ဆင်လေ့ရှိတဲ့သူမရဲ့ ဖက်ရှင်များကြောင့်လဲ ပရိသတ်ရဲ့ ဝေဖန်မှုကို လက်ရှိမှာ ခံနေရဆဲပါ။ ဒါ့အပြင် သူမကိုယ်တိုင်သုံးနေတဲ့ Instagram မှာ တင်ထားတဲ့ ခပ်လန်းလန်း နဲ့ ခပ်မိုက်မိုက်ပုံများကြောင့် နားလည်သော ပရိသတ်များရဲ့ ချစ်ခင်မှုနဲ့အတူ အချို့သော ပရိသတ်များရဲ့ ဝေဖန်ခံရမှုနဲ့ပတ်သက်ပြီး သူမရဲ့ အမြင်များကို မေးမြန်းဖြစ်တဲ့အခါ
"အရင်က သင်ဇာ ဖေ့စ်ဘုတ်လဲမသုံးဘူး။ Instagram လဲမသုံးဘူး။ အဲ့ဒီအခါကျတော့ ကိုယ့်ရဲ့ ဓာတ်ပုံတွေက သိပ်မပျံ့နှံ့ ဘူးလို့ပြောရမှာပေါ့။ ဒီမဂ္ဂဇင်းတို့ ၊ ဂျာနယ်တို့လောက်ပဲ ရိုက်တဲ့အခါကျတော့ ကြော်ငြာရှင်တွေမျက်စိထဲ မရောက်လို့နေမှာပေါ့နော်။ အခုကျတော့ ဖေ့စ်ဘုတ်တွေ Instagram တွေပြန်သုံးတဲ့အခါကျတော့ ကြော်ငြာရှင်တွေလဲ ကိုယ့်ကိုတွေ့ပြီးသဘောကျလို့ လာငှားတယ်လို့ပဲပြောရမှာပေါ့။ သင်ဇာပုံတွေ တင်တဲ့အချိန်မှာလဲ အကောင်းဆုံးဖြစ်မယ် ထင်ပြီးတော့ တင်ခဲ့တယ်။ အဲ့ဒီအပေါ်မှာမှ ဝေဖန်တဲ့ ပရိသတ်ကလဲ မျိုးစုံရှိမှာပေါ့။ အဲ့ဒါကြောင့်မို့လဲကြိုက်သလိုဝေဖန်ကြပါ။ ရပါတယ်။ ဒါပေမဲ့ တချို့ကျတော့လဲ အဖေတွေ၊ အမေတွေပါ ထည့်ပြီးပြောကြတယ်။ မိဘက မဆုံးမဘူးလား။ ဘာလား။ ညာလားပေါ့။ သင်ဇာတို့ ဒီအနုပညာအလုပ်လုပ်တယ်ဆိုတာ ဆေးစက်ကျရာ အရုပ်ထင်ရတာလေ။ movie ရိုက်ရတဲ့ အခန်းတွေမှာလဲ ကြက်မအခန်းဆိုလဲ လုပ်ရတယ်။ မဖြစ်မနေ ချွတ်ရတော့မယ်။ ဖော်ရတော့မယ် အဲ့ဒါမျိုးတွေလဲ ရှိတယ်။ ဒီအနုပညာအလုပ်နဲ့ပဲ ကိုယ်တွေက ရပ်တည်နေရတာ။ မလုပ်လို့လဲမရဘူး။ ဓာတ်ပုံဆိုလဲ အဲ့ဒီလိုပဲ။ ကိုယ့်ကို ကြော်ငြာရှင်က လာငှားတယ်။ ဒီလိုပုံစံမျိုး လိုချင်တယ်။ ကိုယ်ငြင်းချင်လဲငြင်းလို့ ရပါတယ်။ ဒါပေမဲ့ မဖြစ်မနေ choice လုပ်ရတော့မယ်ဆိုရင် လုပ်လိုက်ရတာမျိုးတွေလဲ ရှိတယ်။ ဒီဟာကို သူတို့အနေနဲ့အနုပညာတစ်ခုအနေနဲ့ပဲကြည့်ကြပါ။ ပုဂိုလ်ရေးတွေမပါပဲနဲ့ ပေါ့။ အနုပညာအရကြည့်မယ်ဆိုရင် ဒါအမြင်မရိုင်းပါဘူး။ နားလည်ပေးလို့ရတယ်။ ဒါတွေကိုတချို့က နားလည်ပေးတဲ့သူရှိတယ်။ နားလည်မပေးတဲ့သူလည်း ရှိပါတယ်"လို့ သူမက ပြောလာပါတယ်။
ဒါ့အပြင် သူမက ဆက်ပြီး "ပုံမြင်တာနဲ့သူများက ပုတ်ခတ်တာနဲ့ငါလဲ ၀င်ပုတ်ခတ်လိုက်မယ်ဆို သူတို့ပြောလိုက်တဲ့ စကားတစ်ခွန်းက ဘယ်အထိရောက်သွားတယ်ဆိုတာမသိဘူး။ အဲ့ဒီလိုပြောခံရတဲ့အတွက် အရင်တုန်းကတော့ ထိခိုက်ခံစားရတယ်။ အခုနောက်ပိုင်းကျတော့ အရည်လဲထူလာပြီ။ သူတို့ပြောလိုက်တဲ့ စကားတစ်ခွန်းနဲ့လဲကိုယ့် Image က ကျမသွားဘူး။ လတ်တလောမှာဖြစ်နေတဲ့ ကိုယ့်ရဲ့ အခြေအနေက ဘာမှပြောင်းလဲမသွားဘူး။ တခြားသင်ဇာ့လိုပဲ အပြောခံရတဲ့သူတွေလဲ စိတ်ပျက်အားမငယ်သွားပဲ လုပ်စရာရှိတာကို ဆက်လုပ်ကြပါလို့။ သင်ဇာကတော့ပြောချင်ပါတယ်။ နောက်ပိုင်းကျတော့ဒါတွေကိုလဲ သိပ်ခေါင်းထဲမထည့်ဖြစ်တော့ဘူး။ ကိုယ်လုပ်စရာရှိတာပဲ ကိုယ်ဆက်လုပ်မယ်။ ဒါမျိုးပုံတွေ တက်လာလို့ပြောကြဆိုကြတာကို မခံနိုင်လို့မရိုက်ပဲငြင်းလိုက်ရင် ကိုယ်မရရင် ကိုယ်ပဲ ငတ်သေမှာလေ။ ကိုယ်ငတ်သေရင် ဘယ်သူမှလာပြီး ထမင်းကျွေးမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုတော့ ဆက်လုပ်ရမှာပဲ။ တင်စရာရှိရင်လဲ ဆက်တင်မှာပဲ။ လုပ်စရာရှိရင်လဲ လုပ်မှာပဲ။ အားပေးတဲ့ပရိသတ်တွေရော၊ သင်ဇာ့ဖက်က နာပေးကြတဲ့ ပရိသတ်တွေကိုရော ကျေးဇူးအရမ်းတင်တယ်။ ဒါပေမဲ့သင်ဇာ့ရဲ့ယုံကြည်မှုနဲ့သင်ဇာ့ရဲ့ခံယူချက်ကိုတော့ နားလည်ပေးကြပါလို့ပြောချင်ပါတယ်"တဲ့။
တင်သမျှပုံတွေကို ချစ်ပြီး အားပေးတဲ့ ပရိသတ်တွေအပေါ်သူမရဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီး "သူတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေမှာ ဖုန်းဘေလ်အကုန်ခံ၊ အလုပ်ပျက်ခံပြီး တော့ကိုယ့်အတွက်နာပြီးဖြေရှင်းပေးတဲ့ပရိသတ်ကြီးကို သင်ဇာအရမ်းကိုကျေးဇူးတင်တယ်။ ဒီကျေးဇူးတင်တဲ့ စကားထက်ပိုပြီးတန်ဖိုးရှိတဲ့ စကားမျိုးရှိရင်လဲပြောချင်ပါတယ်။ အဲ့ဒီလိုပရိသတ်တွေရှိတဲ့အတွက်လဲ တကယ်ကြီးကို သင်ဇာဝမ်းသာလို့မဆုံးပါဘူး။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့ အားလုံးကို သင်ဇာနားလည်ပေးလို့ရပါတယ်"လို့ သူမက ပြောပြသွားပါတယ်။
လက်ရှိမှာ သင်ဇာဝင့်ကျော်က ဒါရိုက်တာဟိန်းစိုး၊ နိုင်းနိုင်း၊ နန်းမြတ်ဖြိုးသင်းတို့နဲ့အတူ ရင်တွင်းရေး ပြသနာဆိုတဲ့ ဇာတ်လမ်းတွဲဒုတိယပိုင်းကို ရိုက်ကူးနေပြီး နှစ်ကိုယ်ခွဲသရုပ်ဆောင်နေတယ်လို့ သိရပါတယ်။
http://www.trend.com.mm/2016/01/22/yollywood-8647