Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အေမရိကန္ အေရွ႕ဘက္ျခမ္းသို႔ အင္အားျပင္းထန္ေသာ ႏွင္းမုန္တိုင္းႀကီး ဝင္ေရာက္ တိုက္ခတ္မႈေၾကာင့္ အနည္းဆံုး လူ ၁၂ ဦး ေသဆံုးခဲ႔

$
0
0
နယူးေယာက္စီတီးတြင္ ႏွင္းထုႀကီး ဖံုးလႊမ္းေနစဥ္ (ဆင္ဟြာ)
    ဝါရွင္တန္၊ ဇန္နဝါရီ ၂၄ ရက္ (ဆင္ဟြာ)

    ထုထည္ႀကီးမားလွသည့္ ႏွင္းမုန္တိုင္းႀကီးသည္ အေမရိကန္ အေရွ႕ဘက္ျခမ္းသို႔ အျပင္းအထန္ ဝင္ေရာက္ တိုက္ခတ္ခဲ႔ၿပီး အေရွ႕ဘက္ျခမ္းတေလွ်ာက္ရွိ ၿမိဳ႕မ်ား၏ လုပ္ငန္းေဆာင္ရြက္မႈမ်ား အားလံုး ရပ္တန္႔ခဲ႔ရသလို လူေပါင္း အနည္းဆံုး ၁၂ ဦးေသဆံုးခဲ႔ၿပီး ႏွင္းထုမ်ားမွာလည္း လမ္းမ်ားႏွင့္ ေလဆိပ္မ်ား၌ ေသာင္တင္ေနခဲ့ ေၾကာင္း သိရသည္။

ေဒသခံ မိုးေလဝသ ဝန္ေဆာင္မႈလုပ္ငန္း အရ အႏၱရာယ္ရွိေသာ ႏွင္းမုန္တိုင္း Jonas သည္ ဇန္နဝါရီလ ၂၃ ရက္က အေမရိကန္ အေရွ႕ပိုင္းေဒသတေလွ်ာက္ ဝင္ေရာက္ တိုက္ခတ္ခဲ႔သည္။ မုန္တိုင္းတိုက္ခတ္ေနစဥ္ ေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ ၁၁၂ ကီလိုမီတာ ရွိခဲ႔ေၾကာင္း သိရသည္။

အေမရိကန္ရွိ ျပည္နယ္ ၁၁ ခု၏ အစိုးရမ်ားက ဆီးႏွင္းမ်ား က်ဆင္းျခင္း၊ ေလျပင္း တိုက္ခတ္ျခင္းႏွင့္ ကမ္းရိုးတန္းေဒသမ်ားတြင္ ေရလႊမ္းမိုးျခင္း မ်ားေၾကာင့္ ၎ျပည္နယ္မ်ား၌ အေရးေပၚအဆင့္ ေၾကညာခဲ႔ သည္။

ဝါရွင္တန္ၿမိဳ႕၌လည္း ဇန္နဝါရီလ ၂၃ ရက္ ေဒသစံေတာ္ခ်ိန္ နံနက္ ၁၀း၀၀ နာရီ အခ်ိန္တြင္ပင္ ႏွင္းထုမွာ ၁၃ လက္မ သို႔မဟုတ္ ၃၃ စင္တီမီတာ ရွိေနေၾကာင္း ကိုလံဘီယာ ခရိုင္ၿမိဳ႕ေတာ္ဝန္ Murial Bowser က သတင္း စာရွင္းလင္းပြဲ၌ ေျပာသည္။

ဝါရွင္တန္ဒီစီ၌ လူေသဆံုးမႈ စာရင္း တင္ျပထားျခင္း မရွိေသးေၾကာင္း ေဒသခံရဲ တပ္ဖြဲ႕က ေျပာၾကားထားေသာ္ လည္း မုန္တိုင္း ျဖတ္သန္းသြားရာ လမ္းေၾကာင္းရွိ ျပည္နယ္အခ်ိဳ႕တြင္ ဆိုးဝါးလွသည့္ ရာသီဥတုတြင္ လမ္းေပၚ ၌  မေတာ္တဆျဖစ္မႈေၾကာင့္ အနည္းဆံုး လူ ၁၂ ဦး ေသဆံုးခဲ႔ေၾကာင္း သိရသည္။

နယူးေယာက္စီတီးတြင္ ႏွင္းထုႀကီး ဖံုးလႊမ္းေနစဥ္ (ဆင္ဟြာ)
အဆိုပါ မုန္တိုင္းသည္ ဝါရွင္တန္ဒီစီ၊ ေမရီလန္းႏွင့္ ဒဲလ္ဝဲလ္ စသည့္ ျပည္နယ္မ်ားအား ျဖတ္သြားခဲ႔ၿပီး နယူး ေယာက္၊ ေကာ္နက္တီကတ္၊ ရို႕ဒ္ကၽြန္းႏွင့္ မက္ဆာခ်ဴးဆက္ ျပည္နယ္ အေရွ႕ေတာင္ဘက္သို႔ ဦးတည္ေန ေၾကာင္း အမ်ိဳးသား ရသီဥတု ဝန္ေဆာင္မႈလုပ္ငန္းက ေၾကညာထားသည္။
နယူးေယာက္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Andrew Cuomo က ဇန္နဝါရီလ ၂၃ ရက္ ေဒသစံေတာ္ခ်ိန္ ေန႔လည္ ၂း၃၀ နာရီအထိ အေရးေပၚယာဥ္မ်ား အပါအဝင္ ခရီးသြားလာခြင့္အားလံုး တားျမစ္ထားသည္။

နယူးေယာက္စီးတီး ၿမိဳ႕ေတာ္ဝန္ Bill de Blasio ကလည္း Broadway ကဇာတ္ရံုႏွင့္ စားေသာက္ဆိုင္မ်ား အားလံုးကို ရုတ္တရက္ ပိတ္သိမ္းလိုက္ေၾကာင္း သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကာခဲ႔သည္။
ယခုမုန္တိုင္းသည္ နယူးေယာက္ သမိုင္းတေလွ်ာက္တြင္ အဆိုးဝါးဆံုး မုန္တိုင္းျဖစ္ၿပီး ဇန္နဝါရီလ ၂၄ ရက္ အထိ ဆက္လက္တိုက္ခတ္ႏို္င္ကာ ၿမိဳ႕ထဲ၌ ႏွင္းထု ပမာဏ ၃၀ လက္မ (၇၆ စင္တီမီတာ) ခန္႔အထိ ရွိႏိုင္ ေၾကာင္း ၿမိဳ႕ေတာ္ဝန္ Bill de Blasio ကေျပာၾကားခဲ႔သည္။

(Xinhua)
http://www.xinhuamyanmar.com

...............................................

အမေရိကန် အရှေ့ဘက်ခြမ်းသို့ အင်အားပြင်းထန်သော နှင်းမုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့


နယူးယောက်စီတီးတွင် နှင်းထုကြီး ဖုံးလွှမ်းနေစဉ် (ဆင်ဟွာ)
    ဝါရှင်တန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

    ထုထည်ကြီးမားလှသည့် နှင်းမုန်တိုင်းကြီးသည် အမေရိကန် အရှေ့ဘက်ခြမ်းသို့ အပြင်းအထန် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး အရှေ့ဘက်ခြမ်းတလျှောက်ရှိ မြို့များ၏ လုပ်ငန်းဆောင်ရွက်မှုများ အားလုံး ရပ်တန့်ခဲ့ရသလို လူပေါင်း အနည်းဆုံး ၁၂ ဦးသေဆုံးခဲ့ပြီး နှင်းထုများမှာလည်း လမ်းများနှင့် လေဆိပ်များ၌ သောင်တင်နေခဲ့ ကြောင်း သိရသည်။

ဒေသခံ မိုးလေဝသ ဝန်ဆောင်မှုလုပ်ငန်း အရ အန္တရာယ်ရှိသော နှင်းမုန်တိုင်း Jonas သည် ဇန်နဝါရီလ ၂၃ ရက်က အမေရိကန် အရှေ့ပိုင်းဒေသတလျှောက် ဝင်ရောက် တိုက်ခတ်ခဲ့သည်။ မုန်တိုင်းတိုက်ခတ်နေစဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၁၂ ကီလိုမီတာ ရှိခဲ့ကြောင်း သိရသည်။

အမေရိကန်ရှိ ပြည်နယ် ၁၁ ခု၏ အစိုးရများက ဆီးနှင်းများ ကျဆင်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်းနှင့် ကမ်းရိုးတန်းဒေသများတွင် ရေလွှမ်းမိုးခြင်း များကြောင့် ၎င်းပြည်နယ်များ၌ အရေးပေါ်အဆင့် ကြေညာခဲ့ သည်။

ဝါရှင်တန်မြို့၌လည်း ဇန်နဝါရီလ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀းဝဝ နာရီ အချိန်တွင်ပင် နှင်းထုမှာ ၁၃ လက်မ သို့မဟုတ် ၃၃ စင်တီမီတာ ရှိနေကြောင်း ကိုလံဘီယာ ခရိုင်မြို့တော်ဝန် Murial Bowser က သတင်း စာရှင်းလင်းပွဲ၌ ပြောသည်။

ဝါရှင်တန်ဒီစီ၌ လူသေဆုံးမှု စာရင်း တင်ပြထားခြင်း မရှိသေးကြောင်း ဒေသခံရဲ တပ်ဖွဲ့က ပြောကြားထားသော် လည်း မုန်တိုင်း ဖြတ်သန်းသွားရာ လမ်းကြောင်းရှိ ပြည်နယ်အချို့တွင် ဆိုးဝါးလှသည့် ရာသီဥတုတွင် လမ်းပေါ် ၌  မတော်တဆဖြစ်မှုကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


နယူးယောက်စီတီးတွင် နှင်းထုကြီး ဖုံးလွှမ်းနေစဉ် (ဆင်ဟွာ)
အဆိုပါ မုန်တိုင်းသည် ဝါရှင်တန်ဒီစီ၊ မေရီလန်းနှင့် ဒဲလ်ဝဲလ် စသည့် ပြည်နယ်များအား ဖြတ်သွားခဲ့ပြီး နယူး ယောက်၊ ကော်နက်တီကတ်၊ ရို့ဒ်ကျွန်းနှင့် မက်ဆာချူးဆက် ပြည်နယ် အရှေ့တောင်ဘက်သို့ ဦးတည်နေ ကြောင်း အမျိုးသား ရသီဥတု ဝန်ဆောင်မှုလုပ်ငန်းက ကြေညာထားသည်။
နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ဇန်နဝါရီလ ၂၃ ရက် ဒေသစံတော်ချိန် နေ့လည် ၂း၃၀ နာရီအထိ အရေးပေါ်ယာဉ်များ အပါအဝင် ခရီးသွားလာခွင့်အားလုံး တားမြစ်ထားသည်။

နယူးယောက်စီးတီး မြို့တော်ဝန် Bill de Blasio ကလည်း Broadway ကဇာတ်ရုံနှင့် စားသောက်ဆိုင်များ အားလုံးကို ရုတ်တရက် ပိတ်သိမ်းလိုက်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြာခဲ့သည်။
ယခုမုန်တိုင်းသည် နယူးယောက် သမိုင်းတလျှောက်တွင် အဆိုးဝါးဆုံး မုန်တိုင်းဖြစ်ပြီး ဇန်နဝါရီလ ၂၄ ရက် အထိ ဆက်လက်တိုက်ခတ်နို်င်ကာ မြို့ထဲ၌ နှင်းထု ပမာဏ ၃၀ လက်မ (၇၆ စင်တီမီတာ) ခန့်အထိ ရှိနိုင် ကြောင်း မြို့တော်ဝန် Bill de Blasio ကပြောကြားခဲ့သည်။ 

(Xinhua)
http://www.xinhuamyanmar.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>