Villagers inspect a piece of suspected airplane wreckage at a beach in Pak Phanang, southern Thailand. Experts doubt it is linked to the missing flight MH370. Photograph: STR/EPA
ဘန္ေကာက္ ၊ ၂၅-၁-၂၀၁၆
ေလယာဥ္တစ္စင္း၏ အစိတ္အပိုင္း ျဖစ္ဖြယ္ရွိေသာ အရြယ္အစား ႀကီးမားသည့္ သတၱဳခ်ပ္ႀကီး တစ္ခ်ပ္မွာ ထိုင္းႏုိင္ငံ ေတာင္ပိုင္း ကမ္းေျခတစ္ခု ေပၚသို႔ ေသာင္တင္ခဲ့ရာ ၂ဝ၁၄ ခုႏွစ္အတြင္း ေပ်ာက္ဆံုးသြားေသာ မေလးရွား ေလေၾကာင္းလိုင္း ခရီးစဥ္အမွတ္ MH-370 ခရီးသည္တင္ ေလယာဥ္၏ အပ်က္အစီး ျဖစ္ႏုိင္သည္ဟူေသာ ထင္ေၾကးမ်ားလည္း ေပၚထြက္ခဲ့ ရေၾကာင္း ႐ုိက္တာ သတင္းဌာနက ယမန္ေန႔တြင္ ေရးသားတင္ျပ ထားသည္။
အဆိုပါေရေမ်ာ သတၱဳခ်ပ္ႀကီးသည္ ထိုင္းႏိုင္ငံေတာင္ပိုင္း နက္ခြန္စီသမ္မာရက္ ျပည္နယ္ ကမ္းေျခ တစ္ေနရာသို႔ ေရာက္ရွိ ေသာင္တင္လာျခင္း ျဖစ္ၿပီး ေဒသခံရြာသား မ်ားက ေတြ႕ရွိခဲ့သျဖင့္ အာဏာပိုင္မ်ား ထံ အသိေပး အေၾကာင္းၾကား ခဲ့ျခင္းျဖစ္ေၾကာင္း ျပည္နယ္ တာဝန္ရွိသူ တစ္ဦးက ေျပာၾကားသည္။
အနံ ႏွစ္မီတာႏွင့္ အလ်ား သုံးမီတာရွည္ကာ လွ်ပ္စစ္ ဝုိင္ယာႀကိဳးမ်ားလည္း ပါရွိသည့္ အဆိုပါ ေရေမ်ာ သတၱဳခ်ပ္မွာ MH-370 ခရီးသည္တင္ ေလယာဥ္၏ အပ်က္အစီး ျဖစ္ႏုိင္သည္ ဟူေသာ ထင္ေၾကးမ်ား ထိုင္းမီဒီယာ မ်ားတြင္ ပ်ံႏွံ႕ေနေသာ္လည္း ၄င္းထင္ေၾကးမ်ား မွန္မမွန္ကိုမူ ထိုင္း တာဝန္ရွိသူမ်ားက အတည္ျပဳျခင္း မရွိေပ။
အလားတူ ေလယာဥ္ ေပ်ာက္ဆံုးမႈတြင္ ပါဝင္သူမ်ား၏ က်န္ရစ္သူမိဘ ေဆြမ်ဳိးမ်ားကို ေထာက္ထားေသာ အားျဖင့္ ေရေမ်ာ သတၱဳခ်ပ္ႏွင့္ ပတ္သက္၍ ထင္ေၾကးမ်ား အေဆာတလ်င္ မေပးၾကရန္ မေလးရွား သယ္ယူ
ပို႔ေဆာင္ေရး ဝန္ႀကီးက မီဒီယာမ်ားကို တိုက္တြန္းထားသည္။
မေလးရွား ေလေၾကာင္းလိုင္း ခရီးစဥ္အမွတ္ MH-370 ေလယာဥ္သည္ ခရီးသည္ႏွင့္ ေလယာဥ္အမႈထမ္း ၂၃၉ ဦးတင္ေဆာင္၍ ၂ဝ၁၄ ခုႏွစ္ မတ္လအတြင္း တ႐ုတ္ႏုိင္ငံ ေပက်င္းၿမိဳ႕ေတာ္သို႔ ပ်ံသန္းစဥ္ အိႏၵိယသမုဒၵရာေဒသ၌ အဆက္အသြယ္ ျပတ္ေတာက္ ေပ်ာက္ဆံုးခဲ့ ရေၾကာင္း သိရသည္။
#PyiChitThar
Doubt over MH370 link after metal wreckage found on Thai coast
...................................................................................................
ထိုင်းနိုင်ငံ၌ သောင်တင်ခဲ့သည့် ရေမျောသတ္တုချပ်သည် ပျောက်ဆုံးမလေးရှားလေယာဉ်၏ အပျက်အစီးဖြစ်နိုင်ဟုဆို
Villagers inspect a piece of suspected airplane wreckage at a beach in Pak Phanang, southern Thailand. Experts doubt it is linked to the missing flight MH370. Photograph: STR/EPA
ဘန်ကောက် ၊ ၂၅-၁-၂၀၁၆
လေယာဉ်တစ်စင်း၏ အစိတ်အပိုင်း ဖြစ်ဖွယ်ရှိသော အရွယ်အစား ကြီးမားသည့် သတ္တုချပ်ကြီး တစ်ချပ်မှာ ထိုင်းနိုင်ငံ တောင်ပိုင်း ကမ်းခြေတစ်ခု ပေါ်သို့ သောင်တင်ခဲ့ရာ ၂ဝ၁၄ ခုနှစ်အတွင်း ပျောက်ဆုံးသွားသော မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH-370 ခရီးသည်တင် လေယာဉ်၏ အပျက်အစီး ဖြစ်နိုင်သည်ဟူသော ထင်ကြေးများလည်း ပေါ်ထွက်ခဲ့ ရကြောင်း ရိုက်တာ သတင်းဌာနက ယမန်နေ့တွင် ရေးသားတင်ပြ ထားသည်။
အဆိုပါရေမျော သတ္တုချပ်ကြီးသည် ထိုင်းနိုင်ငံတောင်ပိုင်း နက်ခွန်စီသမ်မာရက် ပြည်နယ် ကမ်းခြေ တစ်နေရာသို့ ရောက်ရှိ သောင်တင်လာခြင်း ဖြစ်ပြီး ဒေသခံရွာသား များက တွေ့ရှိခဲ့သဖြင့် အာဏာပိုင်များ ထံ အသိပေး အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အနံ နှစ်မီတာနှင့် အလျား သုံးမီတာရှည်ကာ လျှပ်စစ် ဝိုင်ယာကြိုးများလည်း ပါရှိသည့် အဆိုပါ ရေမျော သတ္တုချပ်မှာ MH-370 ခရီးသည်တင် လေယာဉ်၏ အပျက်အစီး ဖြစ်နိုင်သည် ဟူသော ထင်ကြေးများ ထိုင်းမီဒီယာ များတွင် ပျံနှံ့နေသော်လည်း ၄င်းထင်ကြေးများ မှန်မမှန်ကိုမူ ထိုင်း တာဝန်ရှိသူများက အတည်ပြုခြင်း မရှိပေ။
အလားတူ လေယာဉ် ပျောက်ဆုံးမှုတွင် ပါဝင်သူများ၏ ကျန်ရစ်သူမိဘ ဆွေမျိုးများကို ထောက်ထားသော အားဖြင့် ရေမျော သတ္တုချပ်နှင့် ပတ်သက်၍ ထင်ကြေးများ အဆောတလျင် မပေးကြရန် မလေးရှား သယ်ယူ
ပို့ဆောင်ရေး ဝန်ကြီးက မီဒီယာများကို တိုက်တွန်းထားသည်။
မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH-370 လေယာဉ်သည် ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၃၉ ဦးတင်ဆောင်၍ ၂ဝ၁၄ ခုနှစ် မတ်လအတွင်း တရုတ်နိုင်ငံ ပေကျင်းမြို့တော်သို့ ပျံသန်းစဉ် အိန္ဒိယသမုဒ္ဒရာဒေသ၌ အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးခဲ့ ရကြောင်း သိရသည်။
#PyiChitThar
Doubt over MH370 link after metal wreckage found on Thai coast