Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဂ်ပန္မွ ျပန္လာေသာ ANP ေခါင္းေဆာင္ ဦးေအးသာေအာင္ကို ရန္ကုန္ေလဆိပ္တြင္ၾကိဳဆို

$
0
0
ရန္ကုန္၊ဇန္နဝါရီ ၂၅

ျမန္မာ- ဂ်ပန္ ခ်စ္ၾကည္ေရး အသင္း၏ ဖိတ္ၾကားခ်က္ျဖင့္ ဂ်ပန္ႏိုင္ငံ သို႕ ေလးရက္ၾကာ သြားေရာက္ လည္ပတ္ခဲ့ျပီးေနာက္ ရန္ကုန္ ေလဆိပ္သုိ႕ ယေန႕ ျပန္ေရာက္ရွိလာေသာ ANP ပါတီ ေခါင္းေဆာင္ ဦးေအးသာေအာင္ကို သူ႕အား ေထာက္ခံသူမ်ား၊ ေလးစားခ်စ္ခင္ ျမတ္ႏိုးသူမ်ားက သြားေရာက္ ၾကိဳဆိုခဲ့ၾကသည္။

“ ၾကိဳဆိုတဲ့ လူေပါင္း ၁၀၀ ေက်ာ္ေလာက္ရွိမွာပါ။ ပိုစတာေတြ၊ ပန္းျခင္းေတြကို ကိုင္ျပီး ၾကိဳဆိုၾကပါတယ္။ ခုလို ၾကိဳဆိုတာကေတာ့ ဦးေအးသာေအာင္ကို ေလးစားတဲ့ အျပင္ သူ႕ကို ေထာက္ခံေၾကာင္း ကို ျပသတဲ့ သေဘာပါ” ဟု ရန္ကုန္ေလဆိပ္သို႕ သြားေရာက္ၾကိဳဆိုခဲ့သူ တစ္ဦးက ေျပာသည္။

ရခိုင္အမ်ိဳးသားပါတီကို ဖိတ္ၾကားမဟုတ္ဘဲ ဦးေအးသာေအာင္အား လူပုဂၢိဳလ္အရ ဖိတ္ၾကားသျဖင့္ ဂ်ပန္သို႕ သြားေရာက္ခဲ့ျခင္း ျဖစ္သည္ဟု ဦးေအးသာေအာင္က ေျပာသည္။

ဦးေအးသာေအာင္သည္ ဂ်ပန္ခရီးစဥ္ အတြင္း ဂ်ပန္၀န္ၾကိံးခ်ဳပ္ ရွင္ဇိုအာေဘနွင့္ တိုက္ရိုက္ေတြ႕ဆုံခြင့္ မရခဲ့ေသာ္လည္း သူ႔၏ တာဝန္ေပးခ်က္ျဖင့္ ဂ်ပန္လႊတ္ေတာ္မွ တာ၀န္ရွိ ဥကၠ႒တစ္ဦးႏွင့္ ေတြ႕ဆံုျပီး ျမန္မာျပည္ႏွင့္ ရခိုင္အေရးကိစၥတို႕ကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ရန္ကုန္ေလဆိပ္ အထြက္တြင္ ဦးေအးသာေအာင္အား သတင္းေထာက္ မ်ားက ရခိုင္အမ်ိဳးသား ပါတီက ထုတ္ထားေသာ ေၾကျငာခ်က္ႏွင့္ ပတ္သက္ျပီး ေမးျမန္းရာ ၎ေၾကျငာခ်က္ထုတ္သည္ကို သ ူမသိရွိေၾကာင္း ေျပာဆိုသည္။

"ဒီေၾကညာခ်က္နဲ႔ပတ္သတ္ လို႔ ညႇိနိုင္းတာ၊ အသိေပးတာ ဘာမွ မရွိပါဘူး။ဒီေၾကညာခ်က္ကိုလည္း မဖတ္ရေသးပါဘူး"ဟု ဆိုသည္။

အဆိုပါ ေၾကျငာခ်က္တြင္ ရခိုင္ျပည္နယ္ အစုိးရကို လႊတ္ေတာ္ေနရာ အမ်ားစု အႏိုင္ရရွိထားေသာ ရခိုင္အမ်ိဳးသား ပါတီမွ ဦးေဆာင္ဖြဲ႕စည္းခြင့္ မရရွိခဲ့လွ်င္ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕တြင္ ပါ၀င္မည္ မဟုတ္ဘဲ အတိုက္ အခံ အျဖစ္ ရပ္တည္မည္ဟု ေဖာ္ျပပါရွိသည္။

ရခိုင္ျပည္နယ္ အစုိးရဖြဲ႕စည္းေရးႏွင့္ ပတ္သက္ျပီး သတင္းေထာက္မ်ား က ေမးျမန္းၾကရာတြင္လည္း ဦးေအးသာေအာင္က ၂၀၀၈ ဖြဲ႕စည္း ပုံက္ို ေထာက္ျပေျပာဆုိသည္။

"တကယ္ေတာ့ ရခိုင္အမ်ဳိးသားပါတီက ၂၀၁၅ ေရြးေကာက္ပြဲမွာ ၀င္ေရာက္ ယွဥ္ၿပိဳင္တာကိုက ျပည္နယ္ အစိုးရဖြဲ႕ေရးအတြက္ အျပတ္အသတ္ အႏိုင္ရရွိေရးပါ၊ ဒါကုိ ရည္ရြယ္ျပီး ျပိဳင္တာပါ။ ဒါေပမယ့္ ၂၀၀၈ ဖြဲ႕စည္းပုံက ဒါေတြကို အဟန္႔အတားျဖစ္ေစပါတယ္။ ဖြဲ႕စည္းပုံအရ ဝန္ႀကီးခ်ဳပ္ကို သမၼတက တိုက္႐ိုက္ ခန္႔မယ္ဆိုေတာ့ အႏိုင္ရေပမယ့္လည္း ကၽြန္ေတာ္တို႕ ပါတီက ဝန္ႀကီးခ်ဳပ္ကို ခန္႕လို႕ မရဘူး။ ျပည္နယ္ ဝန္ႀကီးေတြကိုလည္း သမၼတ ခန္႕အပ္တဲ့ ၀န္ၾကီးခ်ဳပ္က ေရြးခ်ယ္ျပီ သမၼတဆီမွာ အတည္ျပဳခ်က္ ယူရမွာ ျဖစ္ေတာ့ သမၼတကဘဲ လုပ္ပိုင္ခြင့္ေတြ အကုန္ ရွိတာ ကို ေတြ႕ရပါတယ္” ဟု ဦးေအးသာေအာင္က ဆိုသည္။

သာမန္ ဖိတ္ၾကားခ်က္ တစ္ခုျဖင့္ ဂ်ပန္သုိ႕ သြားေရာက္ျပီး ျပန္ လည္ ေရာက္ရွိ လာသူ ဦးေအးသာေအာင္အား တကူး တက လူအမ်ားအျပား သြားေရာက္ ၾကိဳဆိုၾကျခင္းမွာ အကြဲ အျပဲ ျဖစ္ေပၚေနေသာ ပါတီတြင္း ေခါင္းေဆာင္မ်ား၏ အားျပိဳင္မႈကို အကဲစမ္းသည့္ ပြဲ တစ္ပြဲ အျဖစ္ ႏိုင္ငံေရးေလ့လာသူမ်ားက အကဲခတ္ေျပာဆိုသည္။

ေကာင္းျမတ္နိုင္(ေမာင္ေတာ)
Arakan State
https://www.facebook.com/NarinjaraNews
.................
 ဂျပန်မှ ပြန်လာသော ANP ခေါင်းဆောင် ဦးအေးသာအောင်ကို ရန်ကုန်လေဆိပ်တွင်ကြိုဆို
ရန်ကုန်၊ဇန်နဝါရီ ၂၅

မြန်မာ- ဂျပန် ချစ်ကြည်ရေး အသင်း၏ ဖိတ်ကြားချက်ဖြင့် ဂျပန်နိုင်ငံ သို့ လေးရက်ကြာ သွားရောက် လည်ပတ်ခဲ့ပြီးနောက် ရန်ကုန် လေဆိပ်သို့ ယနေ့ ပြန်ရောက်ရှိလာသော ANP ပါတီ ခေါင်းဆောင် ဦးအေးသာအောင်ကို သူ့အား ထောက်ခံသူများ၊ လေးစားချစ်ခင် မြတ်နိုးသူများက သွားရောက် ကြိုဆိုခဲ့ကြသည်။

“ ကြိုဆိုတဲ့ လူပေါင်း ၁၀၀ ကျော်လောက်ရှိမှာပါ။ ပိုစတာတွေ၊ ပန်းခြင်းတွေကို ကိုင်ပြီး ကြိုဆိုကြပါတယ်။ ခုလို ကြိုဆိုတာကတော့ ဦးအေးသာအောင်ကို လေးစားတဲ့ အပြင် သူ့ကို ထောက်ခံကြောင်း ကို ပြသတဲ့ သဘောပါ” ဟု ရန်ကုန်လေဆိပ်သို့ သွားရောက်ကြိုဆိုခဲ့သူ တစ်ဦးက ပြောသည်။

ရခိုင်အမျိုးသားပါတီကို ဖိတ်ကြားမဟုတ်ဘဲ ဦးအေးသာအောင်အား လူပုဂ္ဂိုလ်အရ ဖိတ်ကြားသဖြင့် ဂျပန်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဦးအေးသာအောင်က ပြောသည်။

ဦးအေးသာအောင်သည် ဂျပန်ခရီးစဉ် အတွင်း ဂျပန်ဝန်ကြိံးချုပ် ရှင်ဇိုအာဘေနှင့် တိုက်ရိုက်တွေ့ဆုံခွင့် မရခဲ့သော်လည်း သူ့၏ တာဝန်ပေးချက်ဖြင့် ဂျပန်လွှတ်တော်မှ တာဝန်ရှိ ဥက္ကဋ္ဌတစ်ဦးနှင့် တွေ့ဆုံပြီး မြန်မာပြည်နှင့် ရခိုင်အရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်လေဆိပ် အထွက်တွင် ဦးအေးသာအောင်အား သတင်းထောက် များက ရခိုင်အမျိုးသား ပါတီက ထုတ်ထားသော ကြေငြာချက်နှင့် ပတ်သက်ပြီး မေးမြန်းရာ ၎င်းကြေငြာချက်ထုတ်သည်ကို သ ူမသိရှိကြောင်း ပြောဆိုသည်။

"ဒီကြေညာချက်နဲ့ပတ်သတ် လို့ ညှိနိုင်းတာ၊ အသိပေးတာ ဘာမှ မရှိပါဘူး။ဒီကြေညာချက်ကိုလည်း မဖတ်ရသေးပါဘူး"ဟု ဆိုသည်။

အဆိုပါ ကြေငြာချက်တွင် ရခိုင်ပြည်နယ် အစိုးရကို လွှတ်တော်နေရာ အများစု အနိုင်ရရှိထားသော ရခိုင်အမျိုးသား ပါတီမှ ဦးဆောင်ဖွဲ့စည်းခွင့် မရရှိခဲ့လျှင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ပါ၀င်မည် မဟုတ်ဘဲ အတိုက် အခံ အဖြစ် ရပ်တည်မည်ဟု ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ် အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး သတင်းထောက်များ က မေးမြန်းကြရာတွင်လည်း ဦးအေးသာအောင်က ၂၀၀၈ ဖွဲ့စည်း ပုံက်ို ထောက်ပြပြောဆိုသည်။

"တကယ်တော့ ရခိုင်အမျိုးသားပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်တာကိုက ပြည်နယ် အစိုးရဖွဲ့ရေးအတွက် အပြတ်အသတ် အနိုင်ရရှိရေးပါ၊ ဒါကို ရည်ရွယ်ပြီး ပြိုင်တာပါ။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံက ဒါတွေကို အဟန့်အတားဖြစ်စေပါတယ်။ ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက် ခန့်မယ်ဆိုတော့ အနိုင်ရပေမယ့်လည်း ကျွန်တော်တို့ ပါတီက ဝန်ကြီးချုပ်ကို ခန့်လို့ မရဘူး။ ပြည်နယ် ဝန်ကြီးတွေကိုလည်း သမ္မတ ခန့်အပ်တဲ့ ၀န်ကြီးချုပ်က ရွေးချယ်ပြီ သမ္မတဆီမှာ အတည်ပြုချက် ယူရမှာ ဖြစ်တော့ သမ္မတကဘဲ လုပ်ပိုင်ခွင့်တွေ အကုန် ရှိတာ ကို တွေ့ရပါတယ်” ဟု ဦးအေးသာအောင်က ဆိုသည်။

သာမန် ဖိတ်ကြားချက် တစ်ခုဖြင့် ဂျပန်သို့ သွားရောက်ပြီး ပြန် လည် ရောက်ရှိ လာသူ ဦးအေးသာအောင်အား တကူး တက လူအများအပြား သွားရောက် ကြိုဆိုကြခြင်းမှာ အကွဲ အပြဲ ဖြစ်ပေါ်နေသော ပါတီတွင်း ခေါင်းဆောင်များ၏ အားပြိုင်မှုကို အကဲစမ်းသည့် ပွဲ တစ်ပွဲ အဖြစ် နိုင်ငံရေးလေ့လာသူများက အကဲခတ်ပြောဆိုသည်။

ကောင်းမြတ်နိုင်(မောင်တော)
Arakan State
https://www.facebook.com/NarinjaraNews

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>