ဇန္နဝါရီ ၂၆ ရက္၊ ၂၀၁၆ ခုႏွစ္။ နန္းေဝၿဖိဳးဇာ
ကရင္ျပည္နယ္၊ ဖားအံၿမိဳ႕နယ္၊ တ႐ုတ္လွေက်းရြာရွိ ဓမၼဝိဟာရ ေတာရေက်ာင္း၌ သာသနာျပဳအျဖစ္ လာေရာက္သီတင္းသုံးေနသည့္ ဆရာေလး ေဒၚသုနႏၵာမွ ရ ရက္သားသမီးမ်ားကို သစၥာအဓိဌာန္ေရစင္ျဖင့္ ကုသေပးေနရာ ဇန္နဝါရီ ၁၉ မွ ၂၅ရက္ေန႔အထိ လူတစ္ေသာင္းေက်ာ္ ကုသမွုလာေရာက္ခံယူေနသည္ဟု ယင္းေက်ာင္းထိုင္ ဆရာေတာ္အရွင္ပုညာနႏၵက ေကအိုင္စီသို႔ မိန႔္ၾကားသည္။
အဆိုပါ ဆရာေလးထံသို႔ ကရင္ျပည္နယ္ အနယ္နယ္အရပ္ရပ္မွ ၉၆ ပါး ေဝဒနာ ခံစားေနရသူအမ်ားအျပား ေန႔စဥ္ တိုးေဝွ႕လာေရာက္ကုသေနၿပီး ဆရာေလးက ယင္းလူနာမ်ားကို ေဆးထိုး၊ ေဆးလိမ္းကုသေပးျခင္းမ်ိဳး မဟုတ္ဘဲ ဂါထာေတာ္ ရြတ္ဖတ္ေပးကာ သစၥာအဓိဌာန္ေရစင္သာ တိုက္ေပးျခင္းျဖစ္သည္ဟု ဆရာေတာ္အရွင္ ပုညာနႏၵက ေကအိုင္စီသို႔ ယခုလို မိန႔္ၾကားသည္။
“ဦးဇင္းဒါကာတစ္ေယာက္က စကားမေျပာတတ္ဘူး။ ဆရာေလးဆီသြားေတာ့ ဆရာေလးက သစၥာေရမန္း တိုက္လိုက္တာ စကားေျပာလာနိုင္တယ္။ ဒါေၾကာင့္ ကိုယ့္ကရင္ျပည္နယ္ထဲက အဲလိုေရာဂါသည္ေတြကို ေပ်ာက္ေအာင္ ကရင္ျပည္နယ္ကိုလည္း လာေရာက္ကုပါလို႔ ဦးဇင္းတို႔ သြားပင့္ၿပီး လာကုခိုင္းတာ ျဖစ္တယ္။ လူနာေတြ ေတာ္ေတာ္လာၾကတယ္။ တခ်ိဳ႕ဆရာဝန္ေတြနဲ႔ လိုက္ကုတာ မေပ်ာက္လို႔ ဆရာေလးဆီမွာ လာကုတာ သက္သာတယ္ဆိုၿပီး ေရာဂါအေျခေန ျပန္အေၾကာင္းျပန္တာ ရွိတယ္”ဟု ၎က မိန႔္ၾကားသည္။
ထိုသို႔ ကုသေပးရာတြင္ ဆရာေလးက လူမ်ိဳး၊ ဘာသာမေရြး အခမဲ့ကုသေပးျခင္းျဖစ္သလို သစၥာအဓိဌာန္ ျပဳထားသည့္ ေရမ်ားယူေဆာင္သြားလိုသည့္ လူမ်ားအတြက္ တစ္ဗူးလၽွင္ က်ပ္ တစ္ေထာင္ႏွုန္းေပးရသည္ဟု လာေရာက္ကုသမွုခံယူသူ လူနာမ်ားက ေကအိုင္စီသို႔ ေျပာသည္။
ဆရာေလးထံ လာေရာက္ကုသမွုခံယူခဲ့သည့္ မေခ်ာလွက “က်မေျခေထာက္ဒူးစစ္ကိုက္လို႔ သြားကုတာ သီလ ရွင္က က်မဒူးဆစ္ကိုင္ၿပီး ဂါထာရြတ္တယ္။ ၿပီးေတာ့ အဲဒီေရမန္းနဲ႔ဘဲ လိမ္းေပးတယ္။ ေသာက္တယ္ တကယ္ပဲ သက္သာလာတယ္။ လာတဲ့ လူနာေတြက အစုံပဲ။ လမ္းမေလၽွာက္တတ္တဲ့ လူနာေတြဆို ထမ္းၿပီးေတာ့ လာၾက တယ္။ တခ်ိဳ႕က ေဆး႐ုံကေနဆင္းၿပီး ဒီမွာ လာတယ္။ လူေတြ ပြဲထက္ေတာင္ စည္ေနတယ္”ဟု ေကအိုင္စီသို႔ ေျပာသည္။
အဆိုပါ သီလရွင္ ဆရာေလးသည္ မေကြးတိုင္းေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕နယ္၊ နာမ္ခၽြန္၊ နာမ္ထူး၊ နာမ္ျမင့္ ေတာရေက်ာင္းမွ ႂကြေရာက္လာျခင္းျဖစ္ကာ ယင္းဓမၼဝိဟာရ ေတာရေက်ာင္းတိုက္၌ ဇန္နဝါရီ ၁၉ မွ ၂၇ ရက္ေန႔အထိ ေရာဂါကုသေပးမည္ျဖစ္သလို သီလရွင္ဆရာေလးအေနျဖင့္ အျခားတိုင္းေဒသႀကီးမ်ားသို႔ ႂကြေရာက္ ကုသေပးမွု အႀကိမ္ ၁၀၁ ႀကိမ္ရွိၿပီးျဖစ္ေၾကာင္း သိရသည္။
နန္းေဝၿဖိဳးဇာ
KIC - ေကအိုင္စီ
http://kicnews.org
..................
ဇန်နဝါရီ ၂၆ ရက်၊ ၂၀၁၆ ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ တရုတ်လှကျေးရွာရှိ ဓမ္မဝိဟာရ တောရကျောင်း၌ သာသနာပြုအဖြစ် လာရောက်သီတင်းသုံးနေသည့် ဆရာလေး ဒေါ်သုနန္ဒာမှ ရ ရက်သားသမီးများကို သစ္စာအဓိဌာန်ရေစင်ဖြင့် ကုသပေးနေရာ ဇန်နဝါရီ ၁၉ မှ ၂၅ရက်နေ့အထိ လူတစ်သောင်းကျော် ကုသမှုလာရောက်ခံယူနေသည်ဟု ယင်းကျောင်းထိုင် ဆရာတော်အရှင်ပုညာနန္ဒက ကေအိုင်စီသို့ မိန့်ကြားသည်။
အဆိုပါ ဆရာလေးထံသို့ ကရင်ပြည်နယ် အနယ်နယ်အရပ်ရပ်မှ ၉၆ ပါး ဝေဒနာ ခံစားနေရသူအများအပြား နေ့စဉ် တိုးဝှေ့လာရောက်ကုသနေပြီး ဆရာလေးက ယင်းလူနာများကို ဆေးထိုး၊ ဆေးလိမ်းကုသပေးခြင်းမျိုး မဟုတ်ဘဲ ဂါထာတော် ရွတ်ဖတ်ပေးကာ သစ္စာအဓိဌာန်ရေစင်သာ တိုက်ပေးခြင်းဖြစ်သည်ဟု ဆရာတော်အရှင် ပုညာနန္ဒက ကေအိုင်စီသို့ ယခုလို မိန့်ကြားသည်။
“ဦးဇင်းဒါကာတစ်ယောက်က စကားမပြောတတ်ဘူး။ ဆရာလေးဆီသွားတော့ ဆရာလေးက သစ္စာရေမန်း တိုက်လိုက်တာ စကားပြောလာနိုင်တယ်။ ဒါကြောင့် ကိုယ့်ကရင်ပြည်နယ်ထဲက အဲလိုရောဂါသည်တွေကို ပျောက်အောင် ကရင်ပြည်နယ်ကိုလည်း လာရောက်ကုပါလို့ ဦးဇင်းတို့ သွားပင့်ပြီး လာကုခိုင်းတာ ဖြစ်တယ်။ လူနာတွေ တော်တော်လာကြတယ်။ တချို့ဆရာဝန်တွေနဲ့ လိုက်ကုတာ မပျောက်လို့ ဆရာလေးဆီမှာ လာကုတာ သက်သာတယ်ဆိုပြီး ရောဂါအခြေနေ ပြန်အကြောင်းပြန်တာ ရှိတယ်”ဟု ၎င်းက မိန့်ကြားသည်။
ထိုသို့ ကုသပေးရာတွင် ဆရာလေးက လူမျိုး၊ ဘာသာမရွေး အခမဲ့ကုသပေးခြင်းဖြစ်သလို သစ္စာအဓိဌာန် ပြုထားသည့် ရေများယူဆောင်သွားလိုသည့် လူများအတွက် တစ်ဗူးလျှင် ကျပ် တစ်ထောင်နှုန်းပေးရသည်ဟု လာရောက်ကုသမှုခံယူသူ လူနာများက ကေအိုင်စီသို့ ပြောသည်။
ဆရာလေးထံ လာရောက်ကုသမှုခံယူခဲ့သည့် မချောလှက “ကျမခြေထောက်ဒူးစစ်ကိုက်လို့ သွားကုတာ သီလ ရှင်က ကျမဒူးဆစ်ကိုင်ပြီး ဂါထာရွတ်တယ်။ ပြီးတော့ အဲဒီရေမန်းနဲ့ဘဲ လိမ်းပေးတယ်။ သောက်တယ် တကယ်ပဲ သက်သာလာတယ်။ လာတဲ့ လူနာတွေက အစုံပဲ။ လမ်းမလျှောက်တတ်တဲ့ လူနာတွေဆို ထမ်းပြီးတော့ လာကြ တယ်။ တချို့က ဆေးရုံကနေဆင်းပြီး ဒီမှာ လာတယ်။ လူတွေ ပွဲထက်တောင် စည်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ သီလရှင် ဆရာလေးသည် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ နာမ်ချွန်၊ နာမ်ထူး၊ နာမ်မြင့် တောရကျောင်းမှ ကြွရောက်လာခြင်းဖြစ်ကာ ယင်းဓမ္မဝိဟာရ တောရကျောင်းတိုက်၌ ဇန်နဝါရီ ၁၉ မှ ၂၇ ရက်နေ့အထိ ရောဂါကုသပေးမည်ဖြစ်သလို သီလရှင်ဆရာလေးအနေဖြင့် အခြားတိုင်းဒေသကြီးများသို့ ကြွရောက် ကုသပေးမှု အကြိမ် ၁၀၁ ကြိမ်ရှိပြီးဖြစ်ကြောင်း သိရသည်။
နန်းဝေဖြိုးဇာ
KIC - ကေအိုင်စီ
http://kicnews.org