ေျမစာ ကို စြန္႔ပစ္ ၾကတဲ့ အခါ ေပ ရာ နဲ႔ ေထာင္ နဲ႔ ခ်ီၿပီး ျမင့္တဲ့ အထိ အေရာက္ မခံ ပဲ ေပ ၅၀ ဝန္းက်င္ သာ ထားၾကဖို႔ အမိန္႔ ထုတ္ ထား။ |
ၿပိဳက် ခဲ့တဲ့ ေျမစာပုံ ဟာ ရတနာ ေရာင္ျခည္ နဲ႔ ျမစ္ဆုံ ဧရာ ေက်ာက္မ်က္ ကုမၸဏီ ေတြရဲ့ စြန္႔ပစ္ ေျမစာပုံ ျဖစ္တယ္ လို႔ အခင္း ျဖစ္ရာ ကို သြားေရာက္ စစ္ေဆး ခဲ့တဲ့ လုံးခင္း ရဲစခန္းက ရဲအရာရွိ က ဆိုပါတယ္။
ေဒသခံ အာဏာပိုင္ ေတြ အပါအဝင္ ကုမၸဏီ က တာဝန္ရွိသူ တခ်ိဳ႕ နဲ႔ ေတြ႕ဆုံ ၿပီး ေက်ာက္စိမ္း တူး ေနတဲ့ လုပ္ငန္း ကို ယာယီ ရပ္ဆိုင္း ထားခဲ့တယ္ လို႔လည္း အဲဒီ့ အရာရွိ က ဆိုပါတယ္။
ဖားကန္႔ ေဒသမွာ ေက်ာက္စိမ္း တြင္း ေတြက စြန္႔ပစ္ ေျမစာပုံ ၿပိဳက် တာမ်ိဳး မၾကာ ခဏ ဆိုသလို ျဖစ္ေပၚ ေန ခဲ့ၿပီး လူ႔ အသက္ ေပါင္း ရာ နဲ႔ခ်ီ ေသဆုံး ရတဲ့ အခါ မ်ိဳးလည္း ရွိခဲ့ ပါတယ္။
အခုေတာ့ သက္ဆိုင္ရာ အာဏာပိုင္ ေတြကေန ေက်ာက္စိမ္း ကုမၸဏီ ေတြကို ေျမစာ ကို စြန္႔ပစ္ ၾကတဲ့ အခါ ေပ ရာ နဲ႔ ေထာင္ နဲ႔ ခ်ီၿပီး ျမင့္တဲ့ အထိ အေရာက္ မခံ ပဲ ေပ ၅၀ ဝန္းက်င္ သာ ထားၾကဖို႔ အမိန္႔ ထုတ္ ထားတယ္ လို႔ ဆိုပါတယ္။
BBC Burmese
http://www.bbc.com/burmese
................................................................
ဖားကန့် မြေစာပုံ ပြိုပြန် ပေမယ့် လူတွေ ကံသီပြီး အသက်ဘေးက လွတ်
မြေစာ ကို စွန့်ပစ် ကြတဲ့ အခါ ပေ ရာ နဲ့ ထောင် နဲ့ ချီပြီး မြင့်တဲ့ အထိ အရောက် မခံ ပဲ ပေ ၅၀ ဝန်းကျင် သာ ထားကြဖို့ အမိန့် ထုတ် ထား။
ပြီးခဲ့တဲ့ တနင်္လာနေ့ ညက ဖားကန့်ဒေသ လုံးခင်း မြို့နယ် ထဲမှာ ကျောက်စိမ်း မိုင်းတွင်း မြေစာပုံ ပြိုကျ မှု ထပ်မံ ဖြစ်ခဲ့တာမှာ ရေးမဆေး ကျောက် ရှာ ဖွေ နေသူ တွေ ရာ ဂဏန်း ရှိနေပေမယ့် အချိန်မီ ရှောင်တိမ်း နိုင်ခဲ့လို့ သေဆုံး ဒဏ်ရာရ သူ မရှိဘူး ဆိုပြီး ဒေသခံ ရဲစခန်း က ဘီဘီစီ ကို ပြောပါတယ်။
ပြိုကျ ခဲ့တဲ့ မြေစာပုံ ဟာ ရတနာ ရောင်ခြည် နဲ့ မြစ်ဆုံ ဧရာ ကျောက်မျက် ကုမ္ပဏီ တွေရဲ့ စွန့်ပစ် မြေစာပုံ ဖြစ်တယ် လို့ အခင်း ဖြစ်ရာ ကို သွားရောက် စစ်ဆေး ခဲ့တဲ့ လုံးခင်း ရဲစခန်းက ရဲအရာရှိ က ဆိုပါတယ်။
ဒေသခံ အာဏာပိုင် တွေ အပါအဝင် ကုမ္ပဏီ က တာဝန်ရှိသူ တချို့ နဲ့ တွေ့ဆုံ ပြီး ကျောက်စိမ်း တူး နေတဲ့ လုပ်ငန်း ကို ယာယီ ရပ်ဆိုင်း ထားခဲ့တယ် လို့လည်း အဲဒီ့ အရာရှိ က ဆိုပါတယ်။
ဖားကန့် ဒေသမှာ ကျောက်စိမ်း တွင်း တွေက စွန့်ပစ် မြေစာပုံ ပြိုကျ တာမျိုး မကြာ ခဏ ဆိုသလို ဖြစ်ပေါ် နေ ခဲ့ပြီး လူ့ အသက် ပေါင်း ရာ နဲ့ချီ သေဆုံး ရတဲ့ အခါ မျိုးလည်း ရှိခဲ့ ပါတယ်။
အခုတော့ သက်ဆိုင်ရာ အာဏာပိုင် တွေကနေ ကျောက်စိမ်း ကုမ္ပဏီ တွေကို မြေစာ ကို စွန့်ပစ် ကြတဲ့ အခါ ပေ ရာ နဲ့ ထောင် နဲ့ ချီပြီး မြင့်တဲ့ အထိ အရောက် မခံ ပဲ ပေ ၅၀ ဝန်းကျင် သာ ထားကြဖို့ အမိန့် ထုတ် ထားတယ် လို့ ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese