Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စမ္းေခ်ာင္းတြင္ ဒုရဲမွဴးတစ္ဦး လုယက္ခံရမႈမွ ထြက္ေျပးေနသူကို ဖမ္းဆီးရမိ

$
0
0

ရန္ကုန္တိုင္းေဒသႀကီး စမ္း ေခ်ာင္းၿမိဳ႕နယ္ မဟာၿမိဳင္လမ္းတြင္ ျဖစ္ပြားခဲ့ေသာ ဒုရဲမွဴးတစ္ဦး လုယက္ခံရမႈမွ ထြက္ေျပးလြတ္ ေျမာက္ေနသူကို ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး သိန္းဝင္းက ေျပာသည္။ ျဖစ္စဥ္မွာ ယခုလ ၂၃ ရက္ ည ၈ နာရီ ၄၅မိနစ္က တာဝန္ၿပီး ဆံုး၍ အလုပ္မွ ေနအိမ္သို႔ လမ္းေလွ်ာက္ျပန္လာေသာ ရန္ကုန္တိုင္း ေဒသႀကီး လံုျခံဳေရးရဲတပ္ဖြဲ႕ခြဲမွ ဒုရဲမွဴး ေဒၚမိုးသူဇာကို ဆိုင္ကယ္တစ္စီးေပၚမွ အမ်ဳိးသားႏွစ္ဦးက တြန္းလွဲၿပီး လက္ကိုင္အိတ္ကို လု ယက္ထြက္ေျပးခဲ့ျခင္းျဖစ္သည္။
''မဟာၿမိဳင္နားမွာ ဆိုင္ကယ္နဲ႔ ေနာက္ကလိုက္လာတယ္။ လူ ကို တြန္းထိုးပစ္လိုက္တယ္။ အိတ္ ကိုလုတယ္။ ေမာင္းေျပးတယ္ေပါ႔။ၿပီးေတာ႔ လိႈင္ၿမိဳ႕နယ္အပိုင္ထဲမွာ ျမကန္သာအိမ္ရာဝင္းဆိုတာ ရွိ တယ္။ ဖုန္းပါသြားေတာ့ ဖုန္းမွာ ြဏွ စနစ္ပါေတာ့ ဖုန္းကေန တစ္ဆင့္ ပိေတာက္ေခ်ာင္းရဲကို လွမ္း ဆက္ေတာ့ ပိေတာက္ေခ်ာင္းရဲက ဝိုင္းဖမ္းေတာ့ မိတယ္ေပါ့။ ဆိုင္ ကယ္ရတယ္။ ဒီေကာင့္လက္ထဲ မွာ ဖုန္းႏွစ္လံုးရွိေတာ့ အဲ့ဒါရ တယ္။ က်န္တာအတိုအစေပါ့။ မွတ္ပံုတင္တို႔ဘာတို႔ကေတာ႔ ညတြင္းခ်င္းျပန္ရတယ္။ တစ္ေကာင္က ထြက္ေျပးသြား ေတာ့ ညဘက္ လိုက္ဖမ္းတာမမိဘူး။ ေနာက္ေန႔ မြန္းလြဲ ၃ နာရီေလာက္မွာမိတယ္။ ႏွစ္ေယာက္စလံုးရမန္ယူၿပီးပါၿပီ''ဟု ဒုရဲမွဴးသိန္းဝင္းက ေျပာ သည္။

အဆိုပါ လုယက္ခံရသည့္ ညတြင္ပင္ လုယက္မႈက်ဴးလြန္ခဲ့သူဟု ယူဆရသူႏွစ္ဦးအနက္မွ မ်ဳိး မင္းထြန္း (အသက္၁၉ႏွစ္)ကိုကမာ ရြတ္ၿမိဳ႕နယ္အတြင္း သက္ေသခံ ပစၥည္းမ်ားႏွင့္အတူ ဖမ္းမိခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္ေန႔သည့္ မဲႀကီး(ေခၚ)ေနလင္းထြန္းကို ယမန္ေန႔က ေရႊျပည္သာၿမိဳ႕နယ္အတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း ၄င္းကဆက္ လက္ေျပာၾကားသည္။

အဆိုပါ လုယက္မႈက်ဴးလြန္ သူႏွစ္ဦးမွာ ေရႊျပည္သာၿမိဳ႕နယ္ (၁/၁၇)ရပ္ကြက္ရွိက်ဴးေက်ာ္အိမ္ မ်ားတြင္ ေနထိုင္သူမ်ားျဖစ္ၿပီး ၄င္းတို႔ကို ျပစ္မႈပုဒ္မ ၃၈၂ ျဖင့္ အမႈဖြင့္ေဆာင္ရြက္လ်က္ရွိသည္။

The Union Daily
http://uniondaily.net

..........................................................

စမ်းချောင်းတွင် ဒုရဲမှူးတစ်ဦး လုယက်ခံရမှုမှ ထွက်ပြေးနေသူကို ဖမ်းဆီးရမိ


ရန်ကုန်တိုင်းဒေသကြီး စမ်း ချောင်းမြို့နယ် မဟာမြိုင်လမ်းတွင် ဖြစ်ပွားခဲ့သော ဒုရဲမှူးတစ်ဦး လုယက်ခံရမှုမှ ထွက်ပြေးလွတ် မြောက်နေသူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း စမ်းချောင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဝင်းက ပြောသည်။ ဖြစ်စဉ်မှာ ယခုလ ၂၃ ရက် ည ၈ နာရီ ၄၅မိနစ်က တာဝန်ပြီး ဆုံး၍ အလုပ်မှ နေအိမ်သို့ လမ်းလျှောက်ပြန်လာသော ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူး ဒေါ်မိုးသူဇာကို ဆိုင်ကယ်တစ်စီးပေါ်မှ အမျိုးသားနှစ်ဦးက တွန်းလှဲပြီး လက်ကိုင်အိတ်ကို လု ယက်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
''မဟာမြိုင်နားမှာ ဆိုင်ကယ်နဲ့ နောက်ကလိုက်လာတယ်။ လူ ကို တွန်းထိုးပစ်လိုက်တယ်။ အိတ် ကိုလုတယ်။ မောင်းပြေးတယ်ပေါ့။ပြီးတော့ လှိုင်မြို့နယ်အပိုင်ထဲမှာ မြကန်သာအိမ်ရာဝင်းဆိုတာ ရှိ တယ်။ ဖုန်းပါသွားတော့ ဖုန်းမှာ ွဏှ စနစ်ပါတော့ ဖုန်းကနေ တစ်ဆင့် ပိတောက်ချောင်းရဲကို လှမ်း ဆက်တော့ ပိတောက်ချောင်းရဲက ဝိုင်းဖမ်းတော့ မိတယ်ပေါ့။ ဆိုင် ကယ်ရတယ်။ ဒီကောင့်လက်ထဲ မှာ ဖုန်းနှစ်လုံးရှိတော့ အဲ့ဒါရ တယ်။ ကျန်တာအတိုအစပေါ့။ မှတ်ပုံတင်တို့ဘာတို့ကတော့ ညတွင်းချင်းပြန်ရတယ်။ တစ်ကောင်က ထွက်ပြေးသွား တော့ ညဘက် လိုက်ဖမ်းတာမမိဘူး။ နောက်နေ့ မွန်းလွဲ ၃ နာရီလောက်မှာမိတယ်။ နှစ်ယောက်စလုံးရမန်ယူပြီးပါပြီ''ဟု ဒုရဲမှူးသိန်းဝင်းက ပြော သည်။

အဆိုပါ လုယက်ခံရသည့် ညတွင်ပင် လုယက်မှုကျူးလွန်ခဲ့သူဟု ယူဆရသူနှစ်ဦးအနက်မှ မျိုး မင်းထွန်း (အသက်၁၉နှစ်)ကိုကမာ ရွတ်မြို့နယ်အတွင်း သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေ့သည့် မဲကြီး(ခေါ်)နေလင်းထွန်းကို ယမန်နေ့က ရွှေပြည်သာမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ၄င်းကဆက် လက်ပြောကြားသည်။

အဆိုပါ လုယက်မှုကျူးလွန် သူနှစ်ဦးမှာ ရွှေပြည်သာမြို့နယ် (၁/၁၇)ရပ်ကွက်ရှိကျူးကျော်အိမ် များတွင် နေထိုင်သူများဖြစ်ပြီး ၄င်းတို့ကို ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။

The Union Daily
http://uniondaily.net

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>