Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သမီးဖြစ်သူရဲ့ ၀တ်လစ်စလစ် ပုံတွေပြပြီး ဘီလီယံနာ ယောက္ခမထံမှ ငွေညှစ်ခဲ့သူ ထောင်ဒဏ် ၁၂ နှစ်ကျ

$
0
0



ဗြိတိန် နိုင်ငံက အမျိုးသားတစ်ယောက် အမေရိကန် ဘီလီယံနာ သူဋ္ဌေးတစ်ယောက်ရဲ့ သမီးကို လက်ထပ်ခဲ့ပြီး သူ့သမီးရဲ့ ၀တ်လစ်စလစ်ဓါတ်ပုံတွေကို ပြကာ ဘီလီယံနာ မိသားစု ဆီကနေ စတာလင်ပေါင် ၂ သန်း ငွေညှစ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ် အရွယ် ရှိတဲ့ James Casbolt ဆိုသူဟာ ဒေါ်လာ ၈.၅ ဘီလီယံ တန်ဖိုးရှိတဲ့ စူပါမားကတ် လုပ်ငန်းပိုင်ရှင် မိသားစု ရဲ့ အမွေဆက်ခံသူအမျိုးသမီး Haley Meijer (သူလက်ထပ်ထားသော အမျိုးသမီး) အားငွေညှစ်ခဲ့မှု အတွက် ထောင်ဒဏ် ၁၂ နှစ်ကျခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် Casbolt ဟာ ဘလော့ဂ်တစ်ခုရေးသားပြီး သူ့ရဲ့ မိန်းမဟာ ပြည့်တန်ဆာ တစ်ယောက်ဖြစ်ကြောင်းနဲ့ သူမရဲ့ အိမ်ကိုလည်း အသေခံ ဗုံးခွဲတဲ့သူတွေကို ပေးပို့မယ်လို့ ခြောက်လှန့်ခဲ့ပါတယ်။ သူနဲ့ Haley တို့ရဲ့ သားဖြစ်သူကိုလည်း သူ့ရဲ့ နေအိမ် ကို မပို့ပေးရင် Haley တို့ တစ်မိသားစု လုံးကို သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါသေးတယ်။

Haley ဘက်ကလည်း တရားရုံးမှာ ၀န်ခံခဲ့တာကတော့ သူမရဲ့ ၀တ်လစ်စလစ် ဓါတ်ပုံတွေကို သူမကိုယ်တိုင် Casbolt တစ်ယောက် အမေရိကန် စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတုန်း ပေးပို့ခဲ့တာဖြစ်ပါတယ်တဲ့။

Haley Meijer က James Casbolt ကို ကွာရှင်းဖို့အတွက် တောင်းဆိုလိုက်တဲ့အချိန်မှာမှ Casbolt က သူမရဲ့ မိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ပြီး သူမရဲ့ ၀တ်လစ်စလစ် ဓါတ်ပုံတွေကိုလည်း အွန်လိုင်းမှာ တင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ထို ဓါတ်ပုံတွေကို ပြန်ဖျက်ပေးစေချင်ရင် သူတောင်းဆိုတဲ့ ငွေတွေ ပေးရမယ်လို့လည်း ခြိမ်းခြောက် ငွေညှစ်ခဲ့ပါတယ်။

Forbes မဂ္ဂဇင်း ရဲ့ ဖော်ပြချက်အရတော့ Meijer မိသားစုဟာ ဒေါ်လာ ၈.၅ ဘီလီယံ ခန့်ချမ်းသာပြီး ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာ စာရင်းထဲမှာ အဆင့် ၁၅၃ မှာ ရှိနေတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>