ေဇယ်ဘုန္း
အင္ဒိုနီးရွားႏွင့္ မေလးရွား အစိုးရတို႔သည္ ၄င္းတို႔၏ ႏိုင္ငံမ်ားအတြင္း အၾကမ္းဖက္ တိုက္ခိုက္ရန္ ႀကံစည္ခဲ့သည့္ စစ္ေသြးၾကြ မ်ားကို ဖမ္းဆီးေနျခင္း ေၾကာင့္ ယင္းႏိုင္ငံ တို႔၌ တိုက္ခိုက္မႈမ်ား ထပ္မံျပဳလုပ္ သြားမည္ ဟု ISIS အစၥလာမၼစ္ စစ္ေသြးၾကြ အဖဲြ႕က ၿခိမ္းေျခာက္ ေျပာၾကား လိုက္သည္။
အင္ဒိုႏွင့္ မေလးရွား ႏိုင္ငံတို႔သည္ ISIS အစၥလာမၼစ္ စစ္ေသြးၾကြ အဖြဲ႕ကို သစၥာခံ ထားသည့္ စစ္ေသြးၾကြ မ်ားအား မၾကာမီရက္မ်ား အတြင္း ဖမ္းဆီး ႏိုင္ခဲ့ၿပီးေနာက္ ISIS အစၥလာမၼစ္ စစ္ေသြးၾကြ အဖြဲ႕၏ ၿခိမ္းေျခာက္မႈ ထြက္ေပၚ လာခဲ့ျခင္း ျဖစ္သည္။
အင္ဒိုႏွင့္မေလးရွား ႏိုင္ငံတို႔ အေနျဖင့္ စစ္ေသြးၾကြ မ်ားကို ဆက္လက္ ဖမ္းဆီး ေနျခင္းသည္ ၄င္းတို႔အား ဆန္႔က်င္မည့္ စစ္ေသြးၾကြ အဖဲြ႕ဝင္ အေရအတြက္ ကိုသာ ပိုမိုတိုးပြား ေစမည္ျဖစ္ၿပီး မိမိတို႔ အေနျဖင့္ ဒီမိုကေရစီစနစ္ က်င့္သံုးေနသည့္ အစိုးရ စနစ္မ်ားကို ဒူးေထာက္ အညံ့ခံမည္ မဟုတ္ေၾကာင္းႏွင့္ ကာလီဖာ ႏိုင္ငံေတာ္ကိုသာ တည္ေထာင္ရန္ ႀကိဳးပမ္းသြားမည္ ျဖစ္ေၾကာင္း ISIS အစၥလာမၼစ္ စစ္ေသြးၾကြ အဖြဲ႕က ေျပာၾကား ထားသည္။
ISIS အစၥလာမၼစ္ စစ္ေသြးၾကြ မ်ားသည္ အဆိုပါ ၿခိမ္းေျခာက္ ေျပာၾကားခ်က္ကို ၄င္းတို႔၏ ဝက္ဘ္ဆိုက္ ေပၚတြင္ ေဖာ္ျပခဲ့ျခင္း ျဖစ္သည္။
ဆီးရီးယားႏိုင္ငံရွိ ISIS အစၥလာမၼစ္ စစ္ေသြးၾကြ စစ္ေသြးၾကြ မ်ားသည္ ယခုအခါ အေမရိကန္ႏွင့္ ႐ုရွားတို႔၏ ေလေၾကာင္း တိုက္ခိုက္မႈ မ်ားႏွင့္ ရင္ဆိုင္ေန ရသည့္အျပင္ အစိုးရတပ္မ်ား၏ ေျမျပင္ ထိုးစစ္ဆင္ တိုက္ခိုက္မႈ မ်ားေၾကာင့္ ၄င္းတို႔သိမ္းပိုက္ ထားသည့္ နယ္ေျမ အေျမာက္အျမားကို လက္လႊတ္ခဲ့ ရၿပီျဖစ္သည္။ အလားတူ အီရတ္ႏိုင္ငံ အတြင္းရွိ စစ္ေသြးၾကြ မ်ားသည္လည္း အစိုးရတပ္ မ်ားႏွင့္ ကာ့ဒ္တပ္ဖြဲ႕ ၏ တန္ျပန္ တိုက္ခိုက္မႈ မ်ားေၾကာင့္ ၄င္းတို႔၏ အခိုင္အမာ ေျခကုပ္စခန္း မ်ားကို ယင္းႏိုင္ငံႏွင့္ ေဝးကြာသည့္ တျခားႏိုင္ငံ သို႔မဟုတ္ ေဒသမ်ားတြင္ ျပန္လည္ တည္ေထာင္ရန္ ႀကိဳးပမ္းလ်က္ ရွိသည္။
ထို႔ေၾကာင့္ စစ္ေသြးၾကြ မ်ားသည္ အေရွ႕ေတာင္အာရွ ရွိ မြတ္စလင္ ဘာသာဝင္အမ်ား စုေနထိုင္ရာ ႏိုင္ငံမ်ား အပါအဝင္ အာဖဂန္နစၥတန္၊ ပါကစၥတန္၊ အိႏၵိယ ႏွင့္ ေဆာ္ဒီအာေရဗ် စသည့္ ႏိုင္ငံမ်ားမွ ဘာသာေရး အစြန္းေရာက္ မ်ားကို ဆြဲေဆာင္ စည္း႐ံုးႏိုင္ရန္ လုပ္ေဆာင္ လာႏိုင္ေၾကာင္း ကြၽမ္းက်င္သူ မ်ားက ဆိုသည္။
ေဆာ္ဒီအာေရဗ် ႏိုင္ငံသည္ အေမရိကန္ ဦးေဆာင္သည့္ ISIS အစၥလာမၼစ္ စစ္ေသြးၾကြ တိုက္ဖ်က္ေရး ၫြန္႔ေပါင္းအဖဲြ႕တြင္ ပါဝင္လ်က္ ရွိသည့္အျပင္ ၂ဝ၁၅ ခုႏွစ္ ဒီဇင္ဘာလ မွစတင္၍ အဖဲြ႕ဝင္ ၃၄ ႏိုင္ငံပါဝင္သည့္ အစၥလာမ္မစ္ အစြန္းေရာက္ဝါဒ တိုက္ဖ်က္ေရး အဖဲြ႕ကို စတင္ဖဲြ႕စည္း ခဲ့သည္။
#PyiChitThar
..................................................
ထပ်မံတိုက်ခိုက်မည်ဟု အင်ဒိုနှင့် မလေးရှားကို ခြိမ်းခြောက်ခဲ့ပြီး နယ်မြေသစ်ရှာဖွေရန် ကြိုးပမ်းနေသည့် ISIS စစ်သွေးကြွအဖွဲ့
ဇေယျဘုန်း
အင်ဒိုနီးရှားနှင့် မလေးရှား အစိုးရတို့သည် ၄င်းတို့၏ နိုင်ငံများအတွင်း အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် စစ်သွေးကြွ များကို ဖမ်းဆီးနေခြင်း ကြောင့် ယင်းနိုင်ငံ တို့၌ တိုက်ခိုက်မှုများ ထပ်မံပြုလုပ် သွားမည် ဟု ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့က ခြိမ်းခြောက် ပြောကြား လိုက်သည်။
အင်ဒိုနှင့် မလေးရှား နိုင်ငံတို့သည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့ကို သစ္စာခံ ထားသည့် စစ်သွေးကြွ များအား မကြာမီရက်များ အတွင်း ဖမ်းဆီး နိုင်ခဲ့ပြီးနောက် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့၏ ခြိမ်းခြောက်မှု ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနှင့်မလေးရှား နိုင်ငံတို့ အနေဖြင့် စစ်သွေးကြွ များကို ဆက်လက် ဖမ်းဆီး နေခြင်းသည် ၄င်းတို့အား ဆန့်ကျင်မည့် စစ်သွေးကြွ အဖွဲ့ဝင် အရေအတွက် ကိုသာ ပိုမိုတိုးပွား စေမည်ဖြစ်ပြီး မိမိတို့ အနေဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးနေသည့် အစိုးရ စနစ်များကို ဒူးထောက် အညံ့ခံမည် မဟုတ်ကြောင်းနှင့် ကာလီဖာ နိုင်ငံတော်ကိုသာ တည်ထောင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့က ပြောကြား ထားသည်။
ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် အဆိုပါ ခြိမ်းခြောက် ပြောကြားချက်ကို ၄င်းတို့၏ ဝက်ဘ်ဆိုက် ပေါ်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ဆီးရီးယားနိုင်ငံရှိ ISIS အစ္စလာမ္မစ် စစ်သွေးကြွ စစ်သွေးကြွ များသည် ယခုအခါ အမေရိကန်နှင့် ရုရှားတို့၏ လေကြောင်း တိုက်ခိုက်မှု များနှင့် ရင်ဆိုင်နေ ရသည့်အပြင် အစိုးရတပ်များ၏ မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှု များကြောင့် ၄င်းတို့သိမ်းပိုက် ထားသည့် နယ်မြေ အမြောက်အမြားကို လက်လွှတ်ခဲ့ ရပြီဖြစ်သည်။ အလားတူ အီရတ်နိုင်ငံ အတွင်းရှိ စစ်သွေးကြွ များသည်လည်း အစိုးရတပ် များနှင့် ကာ့ဒ်တပ်ဖွဲ့ ၏ တန်ပြန် တိုက်ခိုက်မှု များကြောင့် ၄င်းတို့၏ အခိုင်အမာ ခြေကုပ်စခန်း များကို ယင်းနိုင်ငံနှင့် ဝေးကွာသည့် တခြားနိုင်ငံ သို့မဟုတ် ဒေသများတွင် ပြန်လည် တည်ထောင်ရန် ကြိုးပမ်းလျက် ရှိသည်။
ထို့ကြောင့် စစ်သွေးကြွ များသည် အရှေ့တောင်အာရှ ရှိ မွတ်စလင် ဘာသာဝင်အများ စုနေထိုင်ရာ နိုင်ငံများ အပါအဝင် အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ နှင့် ဆော်ဒီအာရေဗျ စသည့် နိုင်ငံများမှ ဘာသာရေး အစွန်းရောက် များကို ဆွဲဆောင် စည်းရုံးနိုင်ရန် လုပ်ဆောင် လာနိုင်ကြောင်း ကျွမ်းကျင်သူ များက ဆိုသည်။
ဆော်ဒီအာရေဗျ နိုင်ငံသည် အမေရိကန် ဦးဆောင်သည့် ISIS အစ္စလာမ္မစ် စစ်သွေးကြွ တိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်လျက် ရှိသည့်အပြင် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ မှစတင်၍ အဖွဲ့ဝင် ၃၄ နိုင်ငံပါဝင်သည့် အစ္စလာမ်မစ် အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး အဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့သည်။
#PyiChitThar