ရွမ္းျပည္နယ္ မိုင္းရွဴးၿမိဳ႕နယ္ ဟိုက္ပါေက်းရြာ ဒုကၡသည္စခန္းမွာ ခိုလံႈေနသူေတြကို ေတြ႕ရစဥ္ Photo: Kan Thar/RFA |
1 February 2016
စစ္ေဘးဒုကၡသည္ေတြအေရအတြက္၊ သူတို႔ရဲ႕ ပိုင္ဆိုင္မႈေတြပ်က္စီးဆံုးရံႈးခဲ့ရတဲ့ တန္ဖိုးေတြကို ေကာက္ယူၿပီး ရွမ္းျပည္နယ္ကေန ေရြးေကာက္ပြဲအႏိုင္ရ ခဲ့တဲ့ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက လႊတ္ေတာ္မွာ တင္ျပဖို႔ရွိတယ္လို႔ အဲဒီဒုကၡသည္ စခန္းကို သြားေရာက္ခဲ့တဲ့ ရွမ္းျပည္နယ္အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ပါတီ ဥကၠဌ ေဒၚခင္မိုးမိုး က ေျပာပါတယ္။
"အခ်က္အလက္နဲ႔ ပတ္သက္ၿပီး က်ား၊ မ ေကာက္ယူမႈ၊ ကေလး၊ လူအိုဦးေရေပါ့ေနာ္၊ ေနာက္တစ္ခါ ပ်က္ဆီးသြားတဲ့တန္ဖိုး၊ သူတို႔လိုက္ျပတယ္၊ လာၾကည့္ၿပီး မွတ္တမ္းယူ ေပးပါဆိုေတာ့ လက္နက္ႀကီးမွန္ထားလို႔ ဆိုင္ကယ္က ပ်က္ဆီးေနတာေတြ၊ အဲ့ဒါေတြ ကိုလည္း မွတ္တမ္းေတြယူလာတာရွိတယ္၊ ရွမ္းျပည္နယ္က အႏိုင္ရထားတဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေနတဆင့္ ဒီအခ်က္အလက္အေသးစိတ္ေတြ ကို တင္ျပပါမယ္"
စစ္ေျပးဒုကၡသည္ေတြကို ေနရပ္ျပန္ဖို႔ေျပာဆိုထားၿပီး အေတာ္မ်ားမ်ားက ျပန္ၾကေပမယ့္ တိုက္ပဲြေတြေၾကာင့္ ပ်က္စီးသြားတဲ့ ေက်းရြာတခ်ိဳ႕က အိမ္ေထာင္စု ၂၅၀ ေက်ာ္ကို အဲ့ဒီဒုကၡသည္စခန္းမွာပဲ အစိုးရက ျပန္လည္ေနရာခ် ထားေပးထားတယ္လုိ႔ သိရပါတယ္။
အဲ့ဒီဒုကၡသည္ေတြဟာ လက္ရွိမွာ လာေရာက္လွဴဒါန္းမႈေတြနဲ႔ ရပ္တည္ေနရၿပီး ျပန္လည္ထူေထာင္ေရးအတြက္ လယ္ယာသံုးပစၥည္းေတြ၊ အိမ္ေဆာက္ ပစၥည္းေတြ လိုအပ္ေနတယ္လို႔ ေျပာပါတယ္။
ဟိုက္ပါစစ္ေဘးဒုကၡသည္စခန္းကို လြတ္လပ္ေသာေရွ႕ေနမ်ားအသင္း၊ ရွမ္းေတာင္ လူငယ္ကြန္ရက္၊ ရွမ္းလူငယ္ကြန္ရက္နဲ႔ ေတာင္ႀကီးပန္းခ်ီဆရာအဖြဲ႔က အလွဴခံၿပီး ေထာက္ပံ့ကူညီခဲ့ၾကတာ ျဖစ္ပါတယ္။
RFA Burmese
http://www.rfa.org/burmese
............................................................
မိုင်းရှူး ဒုက္ခသည် အခြေအနေ စစ်တမ်းကောက်
1 February 2016
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာ ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို တွေ့ရစဉ် Photo: Kan Thar/RFA
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်က ဟိုက်ပါစစ်ဘေးဒုက္ခသည်စခန်းမှာ ခှိုလှုံနေကြတဲ့ ဒုက္ခသည်တွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို လာမယ့် ပြည်သူ့လွှတ်တော် မှာ တင်ပြဖို့အတွက် စစ်တမ်းကောက်ယူနေပါတယ်။
စစ်ဘေးဒုက္ခသည်တွေအရေအတွက်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေပျက်စီးဆုံးရှုံးခဲ့ရတဲ့ တန်ဖိုးတွေကို ကောက်ယူပြီး ရှမ်းပြည်နယ်ကနေ ရွေးကောက်ပွဲအနိုင်ရ ခဲ့တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်မှာ တင်ပြဖို့ရှိတယ်လို့ အဲဒီဒုက္ခသည် စခန်းကို သွားရောက်ခဲ့တဲ့ ရှမ်းပြည်နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်ခင်မိုးမိုး က ပြောပါတယ်။
"အချက်အလက်နဲ့ ပတ်သက်ပြီး ကျား၊ မ ကောက်ယူမှု၊ ကလေး၊ လူအိုဦးရေပေါ့နော်၊ နောက်တစ်ခါ ပျက်ဆီးသွားတဲ့တန်ဖိုး၊ သူတို့လိုက်ပြတယ်၊ လာကြည့်ပြီး မှတ်တမ်းယူ ပေးပါဆိုတော့ လက်နက်ကြီးမှန်ထားလို့ ဆိုင်ကယ်က ပျက်ဆီးနေတာတွေ၊ အဲ့ဒါတွေ ကိုလည်း မှတ်တမ်းတွေယူလာတာရှိတယ်၊ ရှမ်းပြည်နယ်က အနိုင်ရထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကနေတဆင့် ဒီအချက်အလက်အသေးစိတ်တွေ ကို တင်ပြပါမယ်"
စစ်ပြေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ပြောဆိုထားပြီး အတော်များများက ပြန်ကြပေမယ့် တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ ကျေးရွာတချို့က အိမ်ထောင်စု ၂၅၀ ကျော်ကို အဲ့ဒီဒုက္ခသည်စခန်းမှာပဲ အစိုးရက ပြန်လည်နေရာချ ထားပေးထားတယ်လို့ သိရပါတယ်။
အဲ့ဒီဒုက္ခသည်တွေဟာ လက်ရှိမှာ လာရောက်လှူဒါန်းမှုတွေနဲ့ ရပ်တည်နေရပြီး ပြန်လည်ထူထောင်ရေးအတွက် လယ်ယာသုံးပစ္စည်းတွေ၊ အိမ်ဆောက် ပစ္စည်းတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
ဟိုက်ပါစစ်ဘေးဒုက္ခသည်စခန်းကို လွတ်လပ်သောရှေ့နေများအသင်း၊ ရှမ်းတောင် လူငယ်ကွန်ရက်၊ ရှမ်းလူငယ်ကွန်ရက်နဲ့ တောင်ကြီးပန်းချီဆရာအဖွဲ့က အလှူခံပြီး ထောက်ပံ့ကူညီခဲ့ကြတာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese