ဥေရာပတိုက္ထဲ ၀င္ေရာက္လာတဲ့ ေရႊ႕ေျပာင္း ဒုကၡသည္မ်ား။ |
ဒီေပ်ာက္ဆံုးမႈေတြဟာ ရာဇဝတ္ဂိုဏ္းေတြ၊ လိင္ကုန္ကူးသူေတြရဲ႕ ပတ္သက္မႈရွိႏိုင္တယ္လို႔ အီးယူရဲတပ္ဖြဲ႔အႀကီးအကဲ Brian Donald က - ၿဗိတိန္ႏိုင္ငံထုတ္ Observer သတင္းစာကို ေျပာခဲ့တာပါ။
"သူတို႔ ဘယ္ေရာက္ေနတယ္၊ ဘာေတြ လုပ္ေနတယ္။ ဘယ္သူနဲ႔ ေနေနတယ္ဆိုတာ က်ေနာ္တို႔ မသိပါဘူး"လို႔လည္း သူက စေနေန႔တုန္းက ေျပာၾကားခဲ့တာပါ။
ဥေရာပကို မႏွစ္က ေရႊ႕ေျပာင္းဒုကၡသည္ေတြ အလံုးအရင္းနဲ႔ဝင္တာမ်ိဳးေတြ ျဖစ္မလာခင္ ကတည္းကပဲ အေဖာ္မပါဘဲ ေရာက္လာၾကတဲ့ ခုိလႈံခြင့္ေတာင္းခံသူ ကေလးဦးေရ ထက္ဝက္ေလာက္ဟာ စာရင္းေပးသြင္းထားၿပီးမွ ေပ်ာက္ဆံုးသြားၾကတယ္လို႔ ဥေရာပအဖြဲ႔အစည္း အမ်ားအျပားက မွတ္တမ္းတင္ခဲ့ၾကပါတယ္။
ႏုိင္ငံတကာ ေရႊ႕ေျပာင္းအေျခခ်ေနထိုင္သူမ်ား ဆုိင္ရာ အဖြဲ႔ IOM နဲ႔ UNICEF တို႔ရဲ႕ ၂၀၁၄ ခုႏွစ္ မွတ္တမ္းေတြအရ ဥေရာပမွာ ခိုလံႈခြင့္ေလွ်ာက္ထားသူ ၂ ေသာင္း၊ ၃ ေထာင္ ေက်ာ္ဟာ အေဖၚမပါတဲ့ အရြယ္မေရာက္ေသးသူေတြနဲ႔ မိသားစုနဲ႔ ကြဲကြာေနၾကတဲ့ ကေလးေတြျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..................................
ဥရောပတိုက်ထဲ ၀င်ရောက်လာတဲ့ ရွှေ့ပြောင်း ဒုက္ခသည်များ။
လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး ရွှေ့ပြောင်း ဒုက္ခသည် တွေထဲက အဖော်မပါတဲ့ ကလေးငယ် ၁ သောင်းကျော် ပျောက်ဆုံးခဲ့ကြောင်း ဥရောပ ရဲတပ်ဖွဲ့ က ပြောပါတယ်။
ဒီပျောက်ဆုံးမှုတွေဟာ ရာဇဝတ်ဂိုဏ်းတွေ၊ လိင်ကုန်ကူးသူတွေရဲ့ ပတ်သက်မှုရှိနိုင်တယ်လို့ အီးယူရဲတပ်ဖွဲ့အကြီးအကဲ Brian Donald က - ဗြိတိန်နိုင်ငံထုတ် Observer သတင်းစာကို ပြောခဲ့တာပါ။
"သူတို့ ဘယ်ရောက်နေတယ်၊ ဘာတွေ လုပ်နေတယ်။ ဘယ်သူနဲ့ နေနေတယ်ဆိုတာ ကျနော်တို့ မသိပါဘူး"လို့လည်း သူက စနေနေ့တုန်းက ပြောကြားခဲ့တာပါ။
ဥရောပကို မနှစ်က ရွှေ့ပြောင်းဒုက္ခသည်တွေ အလုံးအရင်းနဲ့ဝင်တာမျိုးတွေ ဖြစ်မလာခင် ကတည်းကပဲ အဖော်မပါဘဲ ရောက်လာကြတဲ့ ခိုလှုံခွင့်တောင်းခံသူ ကလေးဦးရေ ထက်ဝက်လောက်ဟာ စာရင်းပေးသွင်းထားပြီးမှ ပျောက်ဆုံးသွားကြတယ်လို့ ဥရောပအဖွဲ့အစည်း အများအပြားက မှတ်တမ်းတင်ခဲ့ကြပါတယ်။
နိုင်ငံတကာ ရွှေ့ပြောင်းအခြေချနေထိုင်သူများ ဆိုင်ရာ အဖွဲ့ IOM နဲ့ UNICEF တို့ရဲ့ ၂၀၁၄ ခုနှစ် မှတ်တမ်းတွေအရ ဥရောပမှာ ခိုလှုံခွင့်လျှောက်ထားသူ ၂ သောင်း၊ ၃ ထောင် ကျော်ဟာ အဖေါ်မပါတဲ့ အရွယ်မရောက်သေးသူတွေနဲ့ မိသားစုနဲ့ ကွဲကွာနေကြတဲ့ ကလေးတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com