ေဖေဖာ္ဝါရီ ၂ရက္၊ ၂၀၁၆ခုႏွစ္။ နန္းေဝၿဖိဳးဇာ
ကရင္ျပည္နယ္၊ ဖားအံၿမိဳ႕၌ သက္ဆိုင္ရာတာဝန္ရွိသူမ်ားမွ ႀကိဳတင္ေျပာဆိုထားသည့္အတိုင္း လိုင္စင္မဲ့ယာဥ္မ်ားကို ယေန႔ ေဖ ေဖာ္ဝါရီ ၂ရက္ေန႔မွစ၍ စတင္ဖမ္းဆီးမႈမ်ား ျပဳလုပ္ေသာ္လည္း စည္းကမ္းမဲ့ယာဥ္ အနည္းက်ဥ္းကိုသာ ဖမ္းဆီးမွႈရွိခဲ့သည္ဟု ဖားအံၿမိဳ႕ခံမ်ားက ေျပာသည္။
ယေန႔ နံနက္ ၈နာရီဝန္းက်င္မွ ညေန ၆နာရီအထိ ဖားအံၿမိဳ႕တြင္ ေနရာလိုက္ အခ်ိန္ပိုင္းျဖင့္ ယာဥ္ဖမ္းဆီးမႈျပဳလုပ္ရာ၌ ဆိုင္ ကယ္စီးကာ ဆိုင္ကယ္ဦးထုပ္ မေဆာင္းသူမ်ားႏွင့္ ဆိုင္ကယ္ေနာက္ၾကည့္(ဘက္ခ္)မွန္ မတပ္ဆင္ထားသူမ်ားကိုသာ ဖမ္းဆီး စစ္ေဆးမႈမ်ား ရွိခဲ့သည္။
ကိုယ္တိုင္ လိုင္စင္မဲ့ယာဥ္ ဖမ္းဆီးသူ တာဝန္ရွိ ရဲမႉးတစ္ဦးက “ဒီမနက္က ဖမ္းဆီးရမိတာေတြကေတာ့ ဆိုင္ကယ္ဦးထုပ္မပါတဲ့ ဆိုင္ကယ္၊ ၿပီးေတာ့ ဘက္ခ္မွန္ မပါတဲ့ ဆိုင္ကယ္နဲ႔ လမ္းေျပာင္းျပန္ေမာင္းတဲ့ ဆိုင္ကယ္ေတြပါပဲ။ without (လိုင္စင္မဲ့)ကားေတြ ကေတာ့ ဖမ္းမွာသိလို႔ ၿမိဳ႕တြင္းမွာ ဝင္လာတာ မေတြ႔ေသးဘူး။ က်ေနာ္တို႔က တစ္ေနရာဆီမွာ အခ်ိန္ပိုင္း ဖမ္းမွာျဖစ္ပါတယ္”ဟု ေကအိုင္စီသို႔ ေျပာသည္။
ဖားအံၿမိဳ႕တြင္ အမွတ္(၉)ရပ္ကြက္ရွိ လမ္းခြ၊ နာရီစင္၊ ၿမိဳ႕မေစ်းႀကီး၊ မဲေဘာင္၊ သံလြင္တံတား စသည့္ေနရာမ်ားတြင္ ယင္းသို႔ ဖမ္းဆီးမႈမ်ား ျပဳလုပ္ခဲ့ၿပီး ထိုသို႔ ဖမ္းဆီးရာ၌ ယေန႔ နံနက္ပိုင္း ဖားအံၿမိဳ႕ အမွတ္(၉)ရပ္ကြက္ လမ္းခြတြင္ ဆိုင္ကယ္အစီးေရ ၂၀ေက်ာ္ ဖမ္းဆီးမိၿပီး အဆိုပါဆိုင္ကယ္မ်ားအတြက္ ပိုင္ရွင္မ်ားက ဒဏ္ေငြက်ပ္ သံုးေသာင္း ေပးေဆာင္ရမည္ဟု တာဝန္က်သူ ရဲမ်ား၏ ေျပာဆိုခ်က္အရ သိရသည္။
ဖားအံၿမိဳ႕ခံတစ္ဦးျဖစ္သူ နန္းေခ်ာ့ကလက္က “ဖမ္းမယ္လို႔ ေျပာတယ္၊ လိုင္စင္မဲ့ကားေတြ သြားလာတာပဲ။ ဦးထုပ္မေဆာင္းတဲ့ ဆိုင္ကယ္ေတြ သြားလာတာ ေတြ႔ေနတာပဲ။ ဖမ္းရင္ အၿမဲတမ္းဖမ္းေပါ့။ ဒါေပမယ့္ အရင္ကထက္စာရင္ ကားေတြကေတာ့ ေတာ္ ေတာ္ရွင္းတယ္။ ျမဝတီသြားတဲ့ကားေတြကေတာ့ နည္းလာတယ္”ဟု ေကအိုင္စီသို႔ ေျပာသည္။
ယခင္လ ဇန္နဝါရီ ၁၃ရက္ေန႔က ေကာ့ကရိတ္ၿမိဳ႕နယ္ ဦးစီးဌာနမ်ား စုေပါင္း႐ုံးခန္းမ၌ လိုင္စင္မဲ့ကားမ်ား အေရးယူမႈ လုပ္ငန္းစဥ္၊ ယာဥ္စည္းကမ္း လမ္းစည္းကမ္းႏွင့္ ပတ္သက္ေသာ အသိပညာေပး လုပ္ငန္းစဥ္မ်ားဆိုင္ရာ အစည္းအေဝးတြင္ ၿမိဳ႕နယ္ ရဲတပ္ဖဲြ႔မႉး ဦးေနမုိးက ေဖေဖာ္ဝါရီ လဆန္းပုိင္းမွစ၍ ကရင္ျပည္နယ္အတြင္းရွိ လုိင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားကို စတင္ဖမ္းဆီး အေရးယူမည္ဟု ေျပာဆုိခဲ့သည္။
နန္းေဝၿဖိဳးဇာ
KIC - ေကအုိင္စီ
http://kicnews.org
.........................................................
ဖားအံမြို့ရှိ လိုင်စင်မဲ့ယာဉ်များ စတင်ဖမ်းဆီးသည့်နေ့တွင် ဖမ်းဆီးမှုနည်းနေသေး
2 February 2016
ဖေဖော်ဝါရီ ၂ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ဖားအံမြို့၌ သက်ဆိုင်ရာတာဝန်ရှိသူများမှ ကြိုတင်ပြောဆိုထားသည့်အတိုင်း လိုင်စင်မဲ့ယာဉ်များကို ယနေ့ ဖေ ဖော်ဝါရီ ၂ရက်နေ့မှစ၍ စတင်ဖမ်းဆီးမှုများ ပြုလုပ်သော်လည်း စည်းကမ်းမဲ့ယာဉ် အနည်းကျဉ်းကိုသာ ဖမ်းဆီးမှှုရှိခဲ့သည်ဟု ဖားအံမြို့ခံများက ပြောသည်။
ယနေ့ နံနက် ၈နာရီဝန်းကျင်မှ ညနေ ၆နာရီအထိ ဖားအံမြို့တွင် နေရာလိုက် အချိန်ပိုင်းဖြင့် ယာဉ်ဖမ်းဆီးမှုပြုလုပ်ရာ၌ ဆိုင် ကယ်စီးကာ ဆိုင်ကယ်ဦးထုပ် မဆောင်းသူများနှင့် ဆိုင်ကယ်နောက်ကြည့်(ဘက်ခ်)မှန် မတပ်ဆင်ထားသူများကိုသာ ဖမ်းဆီး စစ်ဆေးမှုများ ရှိခဲ့သည်။
ကိုယ်တိုင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးသူ တာဝန်ရှိ ရဲမှူးတစ်ဦးက “ဒီမနက်က ဖမ်းဆီးရမိတာတွေကတော့ ဆိုင်ကယ်ဦးထုပ်မပါတဲ့ ဆိုင်ကယ်၊ ပြီးတော့ ဘက်ခ်မှန် မပါတဲ့ ဆိုင်ကယ်နဲ့ လမ်းပြောင်းပြန်မောင်းတဲ့ ဆိုင်ကယ်တွေပါပဲ။ without (လိုင်စင်မဲ့)ကားတွေ ကတော့ ဖမ်းမှာသိလို့ မြို့တွင်းမှာ ဝင်လာတာ မတွေ့သေးဘူး။ ကျနော်တို့က တစ်နေရာဆီမှာ အချိန်ပိုင်း ဖမ်းမှာဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဖားအံမြို့တွင် အမှတ်(၉)ရပ်ကွက်ရှိ လမ်းခွ၊ နာရီစင်၊ မြို့မစျေးကြီး၊ မဲဘောင်၊ သံလွင်တံတား စသည့်နေရာများတွင် ယင်းသို့ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး ထိုသို့ ဖမ်းဆီးရာ၌ ယနေ့ နံနက်ပိုင်း ဖားအံမြို့ အမှတ်(၉)ရပ်ကွက် လမ်းခွတွင် ဆိုင်ကယ်အစီးရေ ၂၀ကျော် ဖမ်းဆီးမိပြီး အဆိုပါဆိုင်ကယ်များအတွက် ပိုင်ရှင်များက ဒဏ်ငွေကျပ် သုံးသောင်း ပေးဆောင်ရမည်ဟု တာဝန်ကျသူ ရဲများ၏ ပြောဆိုချက်အရ သိရသည်။
ဖားအံမြို့ခံတစ်ဦးဖြစ်သူ နန်းချော့ကလက်က “ဖမ်းမယ်လို့ ပြောတယ်၊ လိုင်စင်မဲ့ကားတွေ သွားလာတာပဲ။ ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်တွေ သွားလာတာ တွေ့နေတာပဲ။ ဖမ်းရင် အမြဲတမ်းဖမ်းပေါ့။ ဒါပေမယ့် အရင်ကထက်စာရင် ကားတွေကတော့ တော် တော်ရှင်းတယ်။ မြဝတီသွားတဲ့ကားတွေကတော့ နည်းလာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ယခင်လ ဇန်နဝါရီ ၁၃ရက်နေ့က ကော့ကရိတ်မြို့နယ် ဦးစီးဌာနများ စုပေါင်းရုံးခန်းမ၌ လိုင်စင်မဲ့ကားများ အရေးယူမှု လုပ်ငန်းစဉ်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်သော အသိပညာပေး လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးနေမိုးက ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ ကရင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ်များကို စတင်ဖမ်းဆီး အရေးယူမည်ဟု ပြောဆိုခဲ့သည်။
နန်းဝေဖြိုးဇာ
KIC - ကေအိုင်စီ
http://kicnews.org