Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ႀကံ႕ခိုင္ေရးပါတီ တည္ေဆာက္ေရး သမၼတဦးသိန္းစိန္ အေလးေပး သြားမည္(ကြံ့ခိုင်ရေးပါတီ တည်ဆောက်ရေး သမ္မတဦးသိန်းစိန် အလေးပေး သွားမည်)

$
0
0
ေမခ

02.02.2016 21:39

သမၼတအေနနဲ႔ ရာထူးကေနထြက္ၿပီး ႏိုင္ငံေရးထဲမွာ ဆက္လက္ရပ္တည္ဖို႔ရွိေနၿပီး အတိုက္အခံ အေနနဲ႔ ေရွ႕ဆက္ႏိုင္ငံေရးခရီးကို ဆက္သြားဖို႔စီစဥ္ထားတဲ့ သေဘာရွိေန ပါတယ္။ သမၼတသက္တမ္းတေလွ်ာက္ လုပ္ေဆာင္ႏိုင္ခဲ့ျခင္း မရွိေသးတဲ့ အလုပ္ေတြကို လာမယ့္ NLD ပါတီဖြဲ႔စည္းမယ့္ အစိုးရသစ္က လုပ္ေဆာင္လာရင္ လက္တြဲကူ ညီေပးသြားဖို႔ ရွိတယ္ဆိုေပမယ့္ လူနည္းစုျဖစ္တဲ့ ႀကံ႕ခိုင္ေရးပါတီကေန ေထာက္ျပေဝဖန္မႈေတြလုပ္သြားဖို႔ရွိေနတယ္လို႔ သမၼတျပန္ၾကားေရးဝန္ႀကီး ဦးရဲထြဋ္က ေျပာဆို လိုက္ပါတယ္။ ဒီသတင္း အျပည္႔အစံုကို ဗီြအိုေအျမန္မာပိုင္းက ေမခကေပးပို႔ထားပါတယ္။

ဒီကေန႔မွာ ဗီြအိုေအက ေတြ႔ဆံုေမးျမန္းမႈမွာ အခုလိုေျပာခဲ့တာပါ။ သမၼတ ရာထူးကေန အၿငိမ္းစားယူၿပီးရင္ ႀကံ႕ခိုင္ေရးပါတီကို ျပန္လည္ ဦးေဆာင္သြား ဖို႔ရွိ ေၾကာင္း သမၼတအေနနဲ႔ ႏိုင္ငံေရးပိုင္းကို ဆက္လက္သြားဖို႔ရွိေနေၾကာင္း သမၼတတာဝန္ ရပ္နားၿပီး လုပ္ေဆာင္မွာေတြနဲ႔႔ ပတ္သတ္ၿပီး ဦးရဲထြဋ္က ဗီြအိုေအေမးျမန္းမႈကို ခုလို ေျဖၾကားခဲ့ပါတယ္။

“သမၼတႀကီးရဲ႕ ႏိုင္ငံေရးလုပ္ငန္းစဥ္လို႔ေျပာရင္ ၂ ခုေပါ့ဗ်ာ။ တခုကေတာ့ အတိတ္နဲ႔ဆိုင္တာေပါ့။ က်ေနာ္တို႔ ၿပီးခဲ႔တဲ့ ၅ ႏွစ္တာ လုပ္ငန္းကိုလုပ္ခဲ့တဲ့ အေပၚမွာေတာ့ သမၼတႀကီးက သူလုပ္ႏိုင္တဲ့အေပၚမွာ သူဂုဏ္ယူတယ္။ သူမလုပ္ႏိုင္တဲ့ လုပ္ငန္းေတြကိုေတာ့ ေနာင္အစိုးရ ဆက္လုပ္ႏိုင္ဖို႔အတြက္ သူကူညီဖို႔အသင့္ရွိတယ္။ ဒါကေတာ့ တပိုင္းေပါ့ေနာ္။ ေနာက္တပိုင္းကေတာ့ ပါတီနဲ႔ ပတ္သက္တဲ့အပိုင္းေပါ့၊ ပါတီရဲ႕အနာဂတ္ေပါ့။ က်ေနာ္က ပါတီ၀င္မဟုတ္တဲ့ အတြက္ေၾကာင့္မို႔လို႔ ပါတီရဲ႕ လုပ္ငန္းစဥ္ အေသးစိတ္ေတာ့မသိဘူး။ သို႔ေသာ္ ေယဘူယ် အားျဖင့္ေျပာရရင္ေတာ့ သူသမၼတရာထူးကို လႊဲေျပာင္းၿပီတဲ့ အခါမွာ ဖြဲစည္းပံုအေျခခံဥပေဒက ကန္႔သတ္ခ်က္မရွိေတာ့တဲ့အတြက္ေၾကာင့္ သမၼတႀကီးသည္ ပါတီကို သူျပန္သြားလို႔ရၿပီ။ ပါတီကိုျပန္သြားၿပီးတဲ့ အခါမွာေတာ့ ပါတီကို ျပန္လည္ဖြဲ႔စည္းတည္ေဆာက္ဖို႔အတြက္ သူဘယ္အခန္းက႑ ကေနပါ၀င္မယ္ဆိုတာေတာ့ သူတို႔ပါတီထဲမွာပဲ ဆံုးျဖတ္ရမွာေပါ့”

မၾကာခင္မွာ NLD ပါတီကေနေရြးခ်ယ္မယ့္ အစိုးရက အုပ္ခ်ဳပ္ေတာ့မယ့္ ျမန္မာ့ႏိုင္ငံေရးထဲမွာ သမၼတ ဦးသိန္းစိန္အေနနဲ႔ အတိုက္အခံအေနနဲ႔ ရပ္တည္ဖို႔ရွိမရွိဆိုတာကိုေတာ့ ဦးရဲထြဋ္ကခုလိုေျပာပါ တယ္။

“အဲဒီဟာနဲ႔ ပတ္သက္လို႔ သမၼတႀကီးကလည္းတကယ္ေတာ့ သူက က်ေနာ္တို႔ မသံုးမျဖစ္လုိ႔သာက်ေနာ္တို႔က အတိုက္အခံဆိုတဲ့ စကားသံုးတယ္။ ဒါေပမယ့္ အတိုက္အခံဆိုတဲ့ စကားကိုေတာ့ တကယ္က်ေတာ့ သမၼတႀကီးလည္း တကယ္ေတာ့ မသံုးခ်င္ပါဘူး။ သူ႔အေနနဲ႔ကေတာ့ ျပည္ခိုင္ၿဖိဳးပါတီသည္ အနည္းစုျဖစ္သြားတယ္။ ဒါေပမယ့္လည္း လႊတ္ေတာ္အတြင္းမွာ အားလံုးအတြက္ အက်ိဳးရွိမယ့္ကိစၥမ်ိဳးဆိုရင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္နဲ႔ ပူးေပါင္းလုပ္မယ္။ တကယ္လို႔ ေ၀ဖန္ေထာက္ျပဖို႔ လိုအပ္တယ္ဆိုရင္လည္း က်ေနာ္တို႔ အျပဳသေဘာေဆာင္တဲ့ ေ၀ဖန္ေထာက္ျပမႈေတြလုပ္မယ္လို႔ သူဆံုးျဖတ္ထားပံုရပါတယ္။ အဲဒီအတိုင္းပဲ က်ေနာ္ထင္တယ္ ျပည္ခိုင္ၿဖိဳးပါတီက အဲဒီအတိုင္းရပ္တည္သြားမွာျဖစ္ပါတယ္။”

လက္ရွိမွာ NLD ပါတီက အစိုးရဖြဲ႔စည္းပါက ျပန္ၾကားေရး ဝန္ႀကီးဌာနကို ျဖဳတ္သိမ္းဖို႔ရွိေနတယ္လို႔သတင္းေတြထြက္ေပၚေနပါတယ္။ ဒီအေပၚမွာ ျပန္ၾကားေရးဝန္ႀကီး ဌာန ရွိသင့္မသင့္ကို သူက ခုလိုေျပာပါတယ္။

“ျပန္ၾကားေရးဝန္ႀကီး ဌာနဆိုတဲ့ လုပ္ငန္းစဥ္မွာ အစိုးရအတြက္ သတင္းထုတ္ျပန္ေပးတာအျပင္ကို စာေပ ဗိမၼာန္လို လုပ္ငန္းမ်ိဳးေတြ လည္းပါတယ္။ ေနာက္ၿပီးရင္ က်ေနာ္တို႔ အစိုးရရဲ႕ စာရြက္စာတန္းေတြကို ပံုႏွိပ္ေပးရတဲ့ လုပ္ငန္းေတြပါတယ္။ အဲေတာ့ ဒီကေန႔ အခုေျပာေနၾကတာ ကေတာ့ ျပန္ၾကားေရးဝန္ႀကီး ဌာနလို႔ေျပာတဲ့အခါမွာ ျမန္မာအသံနဲ႔ ရုပ္ျမင္သံၾကားနဲ႔ သတင္းစာ၂ ေစာင္ ကိုျမင္ၿပီးေတာ့ ေျပာေနတာေပါ့ ။ အဲေတာ့ က်န္တဲ့လုပ္ငန္းေတြ လည္း ရွိေသးတယ္။ ေနာင္တက္လာတဲ့ အစိုးရအနနဲ႔ အဲဒီအေျခအေနကို တခု ထည့္ၿပီးေတာ့ စည္းစားဖို႔ လိုတာေပါ့။ မိမိ မူ၀ါဒ အခ်က္အလက္ေတြကို ျပည္သူေတြဆီေရာက္ဖို႔ အတြက္ မီဒီယာကိုေတာ့ သံုးရမွာေပ့ါ။ ဆိုေတာ့ အဲဒီမီဒီယာကုိ သံုးတဲ့အခါမွာ အေမရိကန္ႏိုင္ငံလိုပဲ ပုဂၢလိက မီဒီယာေတြကိုပဲ အားျဖည့္ၿပီးသံုးမလား၊ ျမန္မာႏိုင္ငံလို မီဒီယာအေျခ အေနမ်ိဳးမွာ ႏိုင္ငံပိုင္မီဒီယာကို အမ်ားျပည္သူ ၀န္ေဆာင္မႈ မီဒီယာအျဖစ္ ေျပာင္းလဲၿပီး သံုးမလားဆိုတာေတာ့ ေနာက္အစိုးရဆံုးျဖတ္ရမွာေပါ့။ က်ေနာ႔အေနနဲ႔ကေတာ့ အမ်ားျပည္သူ၀န္ေဆာင္မႈ မီဒီယာအေနနဲ႔ ဆက္ၿပီးေတာ့ ရွိသင့္တယ္။ ေနာက္အစိုးရရဲ႕ စာေပ ဗိမၼာန္ လိုမ်ိဳးေတြကိုလည္း ၀န္ႀကီးဌာန အေနနဲ႔ မဟုတ္ရင္ေတာင္မွ သီးျခားအဖြဲ႔အစည္း အေနနဲ႔ ဆက္ထားသည့္တယ္လို႔ျမင္တယ္။ဒါကေတာ့ က်ေနာ့ ပုဂၢိဳလ္ေရး အယူအဆပါ။”

သတင္းမီဒီယာေတြရဲ႕ စာနာမႈကို ရထားၿပီးသားျဖစ္တဲ့ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ အေနနဲ႔ လက္႐ွိအစိုးရထက္ ေကာင္းမြန္တဲ့ ဆက္ဆံေရးတည္ေဆာက္ဖုိ႔ လက္႐ွိျပန္ၾကားေရးဝန္ႀကီး ဦးရဲထြဋ္က တုိက္တြန္းလိုက္ပါတယ္။

 “သူတို႔အေနနဲ႔က က်ေနာ္တို႔ထက္စာရင္ မီဒီယာ နဲ႔ ဆက္ဆံေရးမွာ အေျခအေနေကာင္းေတြ အမ်ားႀကီးရွိတယ္ေလ။ က်ေနာ္တို႔ အေပၚမွာ သံသယ ေတြရွိတယ္၊ မယံုၾကည္မႈေတြရွိတယ္။ က်ေနာ္တို႔ေျပာသမွ်အားလံုးကို သံသယ စိတ္နဲ႔ခ်ည္းကပ္တာရွိတယ္။ ဒါေပမယ့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွာက်ေတာ့ သူတို႔သည္ တာ၀န္မယူခင္ကတည္းက စာနာေထာက္ထားမႈဆိုတဲ့ အားသာခ်က္ကို ရၿပီးသား။ အဲဒီ အားသာခ်က္ကို ေကာင္းေကာင္းအသံုးခ်ၿပီးေတာ့မွ မီဒီယာေတြနဲ႔ မွန္ကန္တဲ့၊ ပြင့္လင္းတဲ့ ဆက္ဆံေရးကို တည္ေဆာက္ဖို႔လိုတယ္လို႔ က်ေနာ္ အႀကံျပဳခ်င္ပါတယ္။”

ဒီ႔အျပင္ ဝန္ႀကီး ဦးရဲထြဋ္က သတင္းမီဒီယာေတြအေနနဲ႔ NLD ပါတီကေန တင္ေျမွာက္မယ့္ အစိုးရသစ္လက္ထက္မွာ ဘက္မလိုက္ပဲ ေ၀ဖန္ေထာက္ျပေစခ်င္ေၾကာင္း ၊ ဒီလိုေ၀ဖန္မႈေတြ ထြက္ေပၚလာခဲ့ရင္လည္း ျပည္သူေတြဘက္က လက္ခံႏိုင္မလားဆိုတာကလည္း သတင္းမီဒီယာေတြေပၚမွာ စိန္ေခၚမႈတရပ္ ျဖစ္ေနတယ္လို႔ သူက ေျပာဆိုလိုက္ပါတယ္။
VOA Burmese
..............
    ကြံ့ခိုင်ရေးပါတီ တည်ဆောက်ရေး သမ္မတဦးသိန်းစိန် အလေးပေး သွားမည်
     

မေခ

02.02.2016 21:39

သမ္မတအနေနဲ့ ရာထူးကနေထွက်ပြီး နိုင်ငံရေးထဲမှာ ဆက်လက်ရပ်တည်ဖို့ရှိနေပြီး အတိုက်အခံ အနေနဲ့ ရှေ့ဆက်နိုင်ငံရေးခရီးကို ဆက်သွားဖို့စီစဉ်ထားတဲ့ သဘောရှိနေ ပါတယ်။ သမ္မတသက်တမ်းတလျှောက် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသေးတဲ့ အလုပ်တွေကို လာမယ့် NLD ပါတီဖွဲ့စည်းမယ့် အစိုးရသစ်က လုပ်ဆောင်လာရင် လက်တွဲကူ ညီပေးသွားဖို့ ရှိတယ်ဆိုပေမယ့် လူနည်းစုဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကနေ ထောက်ပြဝေဖန်မှုတွေလုပ်သွားဖို့ရှိနေတယ်လို့ သမ္မတပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောဆို လိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

ဒီကနေ့မှာ ဗွီအိုအေက တွေ့ဆုံမေးမြန်းမှုမှာ အခုလိုပြောခဲ့တာပါ။ သမ္မတ ရာထူးကနေ အငြိမ်းစားယူပြီးရင် ကြံ့ခိုင်ရေးပါတီကို ပြန်လည် ဦးဆောင်သွား ဖို့ရှိ ကြောင်း သမ္မတအနေနဲ့ နိုင်ငံရေးပိုင်းကို ဆက်လက်သွားဖို့ရှိနေကြောင်း သမ္မတတာဝန် ရပ်နားပြီး လုပ်ဆောင်မှာတွေနဲ့့ ပတ်သတ်ပြီး ဦးရဲထွဋ်က ဗွီအိုအေမေးမြန်းမှုကို ခုလို ဖြေကြားခဲ့ပါတယ်။

“သမ္မတကြီးရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်လို့ပြောရင် ၂ ခုပေါ့ဗျာ။ တခုကတော့ အတိတ်နဲ့ဆိုင်တာပေါ့။ ကျနော်တို့ ပြီးခဲ့တဲ့ ၅ နှစ်တာ လုပ်ငန်းကိုလုပ်ခဲ့တဲ့ အပေါ်မှာတော့ သမ္မတကြီးက သူလုပ်နိုင်တဲ့အပေါ်မှာ သူဂုဏ်ယူတယ်။ သူမလုပ်နိုင်တဲ့ လုပ်ငန်းတွေကိုတော့ နောင်အစိုးရ ဆက်လုပ်နိုင်ဖို့အတွက် သူကူညီဖို့အသင့်ရှိတယ်။ ဒါကတော့ တပိုင်းပေါ့နော်။ နောက်တပိုင်းကတော့ ပါတီနဲ့ ပတ်သက်တဲ့အပိုင်းပေါ့၊ ပါတီရဲ့အနာဂတ်ပေါ့။ ကျနော်က ပါတီဝင်မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ပါတီရဲ့ လုပ်ငန်းစဉ် အသေးစိတ်တော့မသိဘူး။ သို့သော် ယေဘူယျ အားဖြင့်ပြောရရင်တော့ သူသမ္မတရာထူးကို လွှဲပြောင်းပြီတဲ့ အခါမှာ ဖွဲစည်းပုံအခြေခံဥပဒေက ကန့်သတ်ချက်မရှိတော့တဲ့အတွက်ကြောင့် သမ္မတကြီးသည် ပါတီကို သူပြန်သွားလို့ရပြီ။ ပါတီကိုပြန်သွားပြီးတဲ့ အခါမှာတော့ ပါတီကို ပြန်လည်ဖွဲ့စည်းတည်ဆောက်ဖို့အတွက် သူဘယ်အခန်းကဏ္ဍ ကနေပါ၀င်မယ်ဆိုတာတော့ သူတို့ပါတီထဲမှာပဲ ဆုံးဖြတ်ရမှာပေါ့”

မကြာခင်မှာ NLD ပါတီကနေရွေးချယ်မယ့် အစိုးရက အုပ်ချုပ်တော့မယ့် မြန်မာ့နိုင်ငံရေးထဲမှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ အတိုက်အခံအနေနဲ့ ရပ်တည်ဖို့ရှိမရှိဆိုတာကိုတော့ ဦးရဲထွဋ်ကခုလိုပြောပါ တယ်။

“အဲဒီဟာနဲ့ ပတ်သက်လို့ သမ္မတကြီးကလည်းတကယ်တော့ သူက ကျနော်တို့ မသုံးမဖြစ်လို့သာကျနော်တို့က အတိုက်အခံဆိုတဲ့ စကားသုံးတယ်။ ဒါပေမယ့် အတိုက်အခံဆိုတဲ့ စကားကိုတော့ တကယ်ကျတော့ သမ္မတကြီးလည်း တကယ်တော့ မသုံးချင်ပါဘူး။ သူ့အနေနဲ့ကတော့ ပြည်ခိုင်ဖြိုးပါတီသည် အနည်းစုဖြစ်သွားတယ်။ ဒါပေမယ့်လည်း လွှတ်တော်အတွင်းမှာ အားလုံးအတွက် အကျိုးရှိမယ့်ကိစ္စမျိုးဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းလုပ်မယ်။ တကယ်လို့ ဝေဖန်ထောက်ပြဖို့ လိုအပ်တယ်ဆိုရင်လည်း ကျနော်တို့ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေလုပ်မယ်လို့ သူဆုံးဖြတ်ထားပုံရပါတယ်။ အဲဒီအတိုင်းပဲ ကျနော်ထင်တယ် ပြည်ခိုင်ဖြိုးပါတီက အဲဒီအတိုင်းရပ်တည်သွားမှာဖြစ်ပါတယ်။”

လက်ရှိမှာ NLD ပါတီက အစိုးရဖွဲ့စည်းပါက ပြန်ကြားရေး ဝန်ကြီးဌာနကို ဖြုတ်သိမ်းဖို့ရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီအပေါ်မှာ ပြန်ကြားရေးဝန်ကြီး ဌာန ရှိသင့်မသင့်ကို သူက ခုလိုပြောပါတယ်။

“ပြန်ကြားရေးဝန်ကြီး ဌာနဆိုတဲ့ လုပ်ငန်းစဉ်မှာ အစိုးရအတွက် သတင်းထုတ်ပြန်ပေးတာအပြင်ကို စာပေ ဗိမ္မာန်လို လုပ်ငန်းမျိုးတွေ လည်းပါတယ်။ နောက်ပြီးရင် ကျနော်တို့ အစိုးရရဲ့ စာရွက်စာတန်းတွေကို ပုံနှိပ်ပေးရတဲ့ လုပ်ငန်းတွေပါတယ်။ အဲတော့ ဒီကနေ့ အခုပြောနေကြတာ ကတော့ ပြန်ကြားရေးဝန်ကြီး ဌာနလို့ပြောတဲ့အခါမှာ မြန်မာအသံနဲ့ ရုပ်မြင်သံကြားနဲ့ သတင်းစာ၂ စောင် ကိုမြင်ပြီးတော့ ပြောနေတာပေါ့ ။ အဲတော့ ကျန်တဲ့လုပ်ငန်းတွေ လည်း ရှိသေးတယ်။ နောင်တက်လာတဲ့ အစိုးရအနနဲ့ အဲဒီအခြေအနေကို တခု ထည့်ပြီးတော့ စည်းစားဖို့ လိုတာပေါ့။ မိမိ မူဝါဒ အချက်အလက်တွေကို ပြည်သူတွေဆီရောက်ဖို့ အတွက် မီဒီယာကိုတော့ သုံးရမှာပေ့ါ။ ဆိုတော့ အဲဒီမီဒီယာကို သုံးတဲ့အခါမှာ အမေရိကန်နိုင်ငံလိုပဲ ပုဂ္ဂလိက မီဒီယာတွေကိုပဲ အားဖြည့်ပြီးသုံးမလား၊ မြန်မာနိုင်ငံလို မီဒီယာအခြေ အနေမျိုးမှာ နိုင်ငံပိုင်မီဒီယာကို အများပြည်သူ ၀န်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲပြီး သုံးမလားဆိုတာတော့ နောက်အစိုးရဆုံးဖြတ်ရမှာပေါ့။ ကျနော့အနေနဲ့ကတော့ အများပြည်သူဝန်ဆောင်မှု မီဒီယာအနေနဲ့ ဆက်ပြီးတော့ ရှိသင့်တယ်။ နောက်အစိုးရရဲ့ စာပေ ဗိမ္မာန် လိုမျိုးတွေကိုလည်း ၀န်ကြီးဌာန အနေနဲ့ မဟုတ်ရင်တောင်မှ သီးခြားအဖွဲ့အစည်း အနေနဲ့ ဆက်ထားသည့်တယ်လို့မြင်တယ်။ဒါကတော့ ကျနော့ ပုဂ္ဂိုလ်ရေး အယူအဆပါ။”

သတင်းမီဒီယာတွေရဲ့ စာနာမှုကို ရထားပြီးသားဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လက်ရှိအစိုးရထက် ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ လက်ရှိပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က တိုက်တွန်းလိုက်ပါတယ်။

 “သူတို့အနေနဲ့က ကျနော်တို့ထက်စာရင် မီဒီယာ နဲ့ ဆက်ဆံရေးမှာ အခြေအနေကောင်းတွေ အများကြီးရှိတယ်လေ။ ကျနော်တို့ အပေါ်မှာ သံသယ တွေရှိတယ်၊ မယုံကြည်မှုတွေရှိတယ်။ ကျနော်တို့ပြောသမျှအားလုံးကို သံသယ စိတ်နဲ့ချည်းကပ်တာရှိတယ်။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာကျတော့ သူတို့သည် တာဝန်မယူခင်ကတည်းက စာနာထောက်ထားမှုဆိုတဲ့ အားသာချက်ကို ရပြီးသား။ အဲဒီ အားသာချက်ကို ကောင်းကောင်းအသုံးချပြီးတော့မှ မီဒီယာတွေနဲ့ မှန်ကန်တဲ့၊ ပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့လိုတယ်လို့ ကျနော် အကြံပြုချင်ပါတယ်။”

ဒီ့အပြင် ဝန်ကြီး ဦးရဲထွဋ်က သတင်းမီဒီယာတွေအနေနဲ့ NLD ပါတီကနေ တင်မြှောက်မယ့် အစိုးရသစ်လက်ထက်မှာ ဘက်မလိုက်ပဲ ဝေဖန်ထောက်ပြစေချင်ကြောင်း ၊ ဒီလိုဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ရင်လည်း ပြည်သူတွေဘက်က လက်ခံနိုင်မလားဆိုတာကလည်း သတင်းမီဒီယာတွေပေါ်မှာ စိန်ခေါ်မှုတရပ် ဖြစ်နေတယ်လို့ သူက ပြောဆိုလိုက်ပါတယ်။
VOA Burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>