Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဦးညီညီလြင္အမႈ အာမခံေလွ်ာက္ထား (ဦးညီညီလွင်အမှု အာမခံလျှောက်ထား )

$
0
0
၂၀၀၇ ေရႊဝါေရာင္ သံဃာ့ လႈပ္ရွားမႈကို ဦးေဆာင္ခဲ့တဲ့ အရွင္ဂမၻီရ (ခ) ကိုညီညီလြင္ ကို ၂ဝ၁၂ ခုႏွစ္ ေမလ ၂၂ ရက္ေန႔က ေတြ႔ရစဥ္ Photo: U Gambira Facebook
လြန္ခဲ့တဲ့ ၂၀၀၇ ခုႏွစ္ ေရႊဝါေရာင္သံဃာ့လႈပ္ရွားမႈမွာ အရွင္ဂမၻီရ အျဖစ္ထင္ရွားခဲ့တဲ့ ႏိုင္ငံေရးအက်ဥ္းသားေဟာင္း ဦးညီညီလြင္ကို မႏၱေလးတိုင္းေဒသႀကီး မဟာေအာင္ေျမၿမိဳ႕နယ္ တရားရံုးမွာ တရားမ၀င္နယ္ျခားျဖတ္ေက်ာ္မႈနဲ႔ ဒီကေန႔ ရံုးထုတ္ရာမွာ အာမခံေပးဖို႔ ေလွ်ာက္ထားခဲ့ပါတယ္။

ဦးညီညီလြင္အမႈကို တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ အပါအ၀င္ ေရွ႕ေန ၄ ဦးက လိုက္ပါေဆာင္ ရြက္ေပးမွာျဖစ္ၿပီး အာမခံရရွိဖို႔ တရားရံုးမွာေလွ်ာက္ထားခဲ့တာကို လာမယ့္ ေဖေဖာ္၀ါရီလ ၁၀ရက္ေန႔မွာ ဆံုးျဖတ္ေပး မွာျဖစ္တယ္လို႔ ဦးေရာဘတ္စန္းေအာင္က ေျပာပါတယ္။

"အာမခံကို ျငင္းပယ္ျခင္းဟာ ျခြင္းခ်က္သာျဖစ္ၿပီး ေပးျခင္းဟာ  ေကာင္းျမတ္တဲ့အစဥ္အလာျဖစ္တယ္၊ တရားရံုးေတြအေပၚ ျပည္သူေတြက ပိုၿပီးၾကည္ညိဳေလးစားလာမယ္၊ လြတ္လပ္တဲ့တရားစီရင္ေရးဆိုတဲ့ အနက္အဓိပၸာယ္နဲ႔ ျပည့္စံုသြားမယ္"

အရွင္ဂမၻီရဟာ ေရႊဝါေရာင္သံဃာ့လႈပ္ရွားမႈမွာ ပါ၀င္ခဲ့တဲ့အတြက္ လြန္ခဲ့တဲ့၂၀၁၂ ခုႏွစ္ကမွ ေထာင္ကျပန္လည္ လြတ္ေျမာက္လာခဲ့ၿပီး လူဝတ္လဲကာ ၾသစေၾတးလ်သူနဲ႔ အိမ္ေထာင္ျပဳၿပီး ျပည္ပမွာ  သြားေရာက္ေနထိုင္ခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလက ျပည္ပကေန မႏၱေလးၿမိဳ႕ကို ႏုိင္ငံကူးလက္မွတ္ေလွ်ာက္ထားဖို႔ ေရာက္ရွိစဥ္ တရားမ၀င္ နယ္ျခားျဖတ္ေက်ာ္မႈနဲ႔ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
..............
 ၂၀၀၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ အရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင် ကို ၂ဝ၁၂ ခုနှစ် မေလ ၂၂ ရက်နေ့က တွေ့ရစဉ် Photo: U Gambira Facebook
လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရ အဖြစ်ထင်ရှားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးညီညီလွင်ကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးမှာ တရားမဝင်နယ်ခြားဖြတ်ကျော်မှုနဲ့ ဒီကနေ့ ရုံးထုတ်ရာမှာ အာမခံပေးဖို့ လျှောက်ထားခဲ့ပါတယ်။

ဦးညီညီလွင်အမှုကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် အပါအဝင် ရှေ့နေ ၄ ဦးက လိုက်ပါဆောင် ရွက်ပေးမှာဖြစ်ပြီး အာမခံရရှိဖို့ တရားရုံးမှာလျှောက်ထားခဲ့တာကို လာမယ့် ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ ဆုံးဖြတ်ပေး မှာဖြစ်တယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"အာမခံကို ငြင်းပယ်ခြင်းဟာ ခြွင်းချက်သာဖြစ်ပြီး ပေးခြင်းဟာ  ကောင်းမြတ်တဲ့အစဉ်အလာဖြစ်တယ်၊ တရားရုံးတွေအပေါ် ပြည်သူတွေက ပိုပြီးကြည်ညိုလေးစားလာမယ်၊ လွတ်လပ်တဲ့တရားစီရင်ရေးဆိုတဲ့ အနက်အဓိပ္ပာယ်နဲ့ ပြည့်စုံသွားမယ်"

အရှင်ဂမ္ဘီရဟာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါ၀င်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့၂၀၁၂ ခုနှစ်ကမှ ထောင်ကပြန်လည် လွတ်မြောက်လာခဲ့ပြီး လူဝတ်လဲကာ သြစတြေးလျသူနဲ့ အိမ်ထောင်ပြုပြီး ပြည်ပမှာ  သွားရောက်နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြည်ပကနေ မန္တလေးမြို့ကို နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ ရောက်ရှိစဉ် တရားမဝင် နယ်ခြားဖြတ်ကျော်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္တဲ့ ျမန္မာႏုိ္င္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီး သမၼတ...


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ဘုရင့္ေနာင္မွ ေတာင္ငူကို သိမ္းျခင္း


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ကရေ၀း စုိက္ပ်ိဳးနည္း


စပါး ⁠ေဖာင္စီးဂဏန္း က်⁠ေရာက္ပံု ⁠ႏွင့္ ကာကြယ္⁠ႏွိမ္နင္းနည္းမ်ား