Quantcast
Channel: MP4 YoU
Viewing all articles
$
0
0
ဖြူး ဖေဖေါ်ဝါရီ
 ကိုလွင်(ဆွာ)
Myanmaalinn
........................
ဖြူး ဖေဖေါ်ဝါရီ
ဖေဖေါ်ဝါရီလ(၁)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်ခန့်က တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ အရှေ့ဘက်(၃)မိုင်ခန့်အကွာ၊ ဂျေပူကျေးရွာအုပ်စု၊ ဆင်မော့တောအနောက်ရွာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းအုပ်ဆရာမတစ်ဦးနှင့် အလယ်တန်းပြ ဆရာမတစ်ဦးတို့သည် ကျောင်းရုံးခန်းအတွင်းရှိ သောက်ရေသန့်ဗူးမှ ရေကိုသောက်ခဲ့ပြီးနောက် အဆိပ် သင့်မှုဖြစ်ပွားခဲ့၍ ဖြူးမြို့ဆေးရုံသို့တင်ပို့လိုက်ရကြောင်းသိရသည်။
ကျောင်းအုပ်ဆရာမ ဒေါ်ဆွေဆွေသက်(၃ဝ)နှစ်၊ ဆေးရုံ ရပ်ကွက်၊ဖြူးမြို့နေသူနှင့် အလယ်တန်းပြဆရာမ ဒေါ်ပန်ပန်သက်ဝေ(၂၆)နှစ်၊ စက်တွင်းရပ်၊ မြို့မ(၄)ရပ် ကွက်နေသူတို့နှစ်ဦးသည် ကျောင်းရုံးခန်းအတွင်းရှိ ၂၄လီတာဆန့် Asia King တံဆိပ် ရေသန့်ဗူးအတွင်း မှရေအားသောက်ခဲ့ပြီးနောက် ရင်ထဲ၌ပူလောင်လာပြီး မူးဝေအော့အန့်ခဲ့ကြကြောင်း ယင်းနောက် ရေသန့် ဗူးအား အဖုံးဖွင့်၍နမ်းကြည့်ရာတွင် ပိုးသတ်ဆေးအနံ့ရကြောင်းသိရှိရ၍ ဖြူးမြို့ဆေးရုံသို့ပိုဆောင်ပေး ကာ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်ကုသမှုခံယူလျက်ရှိပြီး ဖြစ်စဉ်အား ဇေယျဝတီနယ်မြေရဲစခန်းမှ စခန်း မှူး ရဲအုပ် ဇော်ဝေ နှင့်တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Viewing all articles
Browse latest Browse all 13796
Trending Articles
တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )
ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...
စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link
၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ
ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း
ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ
ဆားပုလင်းနှင်းမောင်၏ နိဂုံး
ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ
ကရဝေး စိုက်ပျိုးနည်း
စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>