ဧရာ၀တီတုိင္းေဒသႀကီး ပုသိမ္ၿမိဳ႕၊ ေရႊဘံုသာရပ္ကြက္တြင္ ေဖေဖာ္၀ါရီ ၃ ရက္ ေန႔လယ္ ၁၂း၀၀ နာရီ ခန္႔က လူမရွိသည့္ ေနအိမ္မွတစ္ဆင့္ မီးေလာင္မႈေၾကာင့္ အိမ္သုံးလံုးပ်က္pီး ဆံုး႐ႈံးခဲ့ေၾကာင္း သိရွိရသည္။
ျဖစ္စဥ္ ေပသုံးဆယ္ခန္႔ အကြာတြင္ အမွတ္ ၁၅ အေျခခံ ပညာမူလတန္းေက်ာင္း ကပ္လ်က္တည္ရွိေနကာ စာသင္ၾကားေနေသာ ေက်ာင္းသားေလးမ်ားက မီးေတာက္ကို စတင္ျမင္ရၿပီး ေအာ္ဟစ္ထြက္ေျပးရာမွ မီးေလာင္မႈကို စတင္သိရွိခဲ့ျခင္း ျဖစ္ေၾကာင္း မူလတန္းျပဆရာမ ေဒၚေအးေအးျမင့္က ေျပာသည္။
“စာသင္ခန္းရဲ႕အုတ္နံရံေတြ ပူလာတာကို သတိျပဳမိခ်ိန္မွာ မီးေလာင္တဲ့ဘက္ကို မ်က္ႏွာမူေနတဲ့ ေက်ာင္းသားေလးေတြက ျပတင္းေပါက္က လွမ္းျမင္ရလို႔ မီးေလာင္ေနတယ္လို႔ ေအာ္ေတာ့မွ အိမ္ႏွစ္လံုးၾကား မီးေတာက္ အေတာ္ႀကီးႀကီး ေလာင္ေနတာကို ေတြ႔ရတာပါ” ဟု မူလတန္းျပဆရာမ ေဒၚေအးေအးျမင့္က ေျပာသည္။
ေက်ာင္းတြင္းပစၥည္းႏွင့္ ေက်ာင္းေဆာင္မ်ား မီးေလာင္မႈ မရွိေၾကာင္း၊ ေက်ာင္းတြင္လည္း ေရ၊ သဲအိတ္ႏွင့္ မိးခ်ိတ္မီးကတ္မ်ား အသင့္ထားရွိခဲ့ျခင္း၊ ရပ္ကြက္ေန ျပည္သူမ်ားႏွင့္ မီးသတ္တပ္ဖြဲ႔၀င္မ်ား ၀ိုင္း၀န္း၍ မီးၿငိွမ္းသတ္ႏိုင္ခဲ့ျခင္း ေၾကာင့္ သက္သာရာ ရခဲ့ေၾကာင္း အမွတ္ ၁၅ အေျခခံပညာ မူလတန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚႏွင္းႏွင္းဦးက ေျပာသည္။
ပုသိမ္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႔မွ မီးေလာင္ကြ်မ္းမႈသည္ လူမရွိသည့္ေနအိမ္ ႏွစ္အိမ္ၾကား စတင္ေလာင္ကြ်မ္းမႈ ျဖစ္ျခင္းေၾကာင့္ မည္သည့္ အတြက္ေၾကာင့္ ေလာင္ကြ်မ္းသည္ကို အေျဖရွာေနေၾကာင္း ေျပာဆိုထားၿပီး ပုသိမ္ၿမိဳ႕နယ္ လွ်ပ္စစ္ဌာနက ၀ါယာေရွာ့ခ္ေၾကာင့္ ေလာင္ျခင္း မဟုတ္ေၾကာင္း ျငင္းဆိုထားသည္။
“၂၀၁၆ ခုႏွစ္ရဲ႕ တစ္လေက်ာ္ပဲ ရွိေသးတယ္။ ပုသိမ္ၿမိဳ႕မွာ မီးေလာင္တာ ေလးႀကိမ္ ရွိေနၿပီ။ ဇန္န၀ါရီလ အတြင္းက ႏွစ္ႀကိမ္ ေလာင္ခဲ့တယ္။ အခု ေဖေဖာ္၀ါရီလ အတြင္းမွာ ႏွစ္ႀကိမ္ပါ။ မီးေဘး ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းေတြကို အမ်ိဳးသားေရး အျမင္နဲ႔ အားလံုးပါ၀င္ၿပီး စနစ္တက်လုပ္ဖို႔ လိုအပ္ေနတယ္” ပုသိမ္ၿမိဳ႕မွ မီးသတ္တပ္ဖြဲ႔ အရာရွိေဟာင္း ဦးျမေရႊက ေျပာသည္။
မီးေလာင္ကြ်မ္းမႈေၾကာင့္ ဆယ္ေပ ပတ္လည္ ဓနိမိုး၊ ထရံကာ၊ ပ်ဥ္ခင္းအိမ္ ႏွစ္လံုးႏွင့္ ၁၀ ေပ× ၁၅ ေပ သြပ္မိုး၊ ထရံကာ၊ ပ်ဥ္ခင္း အိမ္တစ္လံုး မီးေလာင္ကြ်မ္း ဆံုး႐ႈံးးခဲ့ၿပီး လူ၊ တိရစာၦန္ ေသေက်ပ်က္စီး ဆံုး႐ႈံးမႈ မရွိေၾကာင္း၊ မည္သည့္ အိမ္မွစ၍ မည္သည့္ အေၾကာင္းအရာေၾကာင့္ မီးေလာင္ကြ်မ္းမႈ စတင္ျဖစ္ပြားရသည္ကို ေဖာ္ထုတ္ အေရးယူႏိုင္ရန္အတြက္ သက္ဆိုင္သူမ်ားကို ပုသိမ္ၿမိဳ႕မ ရဲစခန္းသို႔ ေခၚယူစစ္ေဆးေနဆဲ ျဖစ္ေၾကာင္း ပုသိမ္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။
သတင္း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
.............................................................
ပုသိမ် ရွှေဘုံသာရပ်ကွက်တွင် မီးလောင်မှုကြောင့် လူနေအိမ်သုံးလုံး ပျက်စီး ဆုံးရှုံး
4 February 2016
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ရွှေဘုံသာရပ်ကွက်တွင် ဖေဖော်ဝါရီ ၃ ရက် နေ့လယ် ၁၂းဝဝ နာရီ ခန့်က လူမရှိသည့် နေအိမ်မှတစ်ဆင့် မီးလောင်မှုကြောင့် အိမ်သုံးလုံးပျက်pီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ် ပေသုံးဆယ်ခန့် အကွာတွင် အမှတ် ၁၅ အခြေခံ ပညာမူလတန်းကျောင်း ကပ်လျက်တည်ရှိနေကာ စာသင်ကြားနေသော ကျောင်းသားလေးများက မီးတောက်ကို စတင်မြင်ရပြီး အော်ဟစ်ထွက်ပြေးရာမှ မီးလောင်မှုကို စတင်သိရှိခဲ့ခြင်း ဖြစ်ကြောင်း မူလတန်းပြဆရာမ ဒေါ်အေးအေးမြင့်က ပြောသည်။
“စာသင်ခန်းရဲ့အုတ်နံရံတွေ ပူလာတာကို သတိပြုမိချိန်မှာ မီးလောင်တဲ့ဘက်ကို မျက်နှာမူနေတဲ့ ကျောင်းသားလေးတွေက ပြတင်းပေါက်က လှမ်းမြင်ရလို့ မီးလောင်နေတယ်လို့ အော်တော့မှ အိမ်နှစ်လုံးကြား မီးတောက် အတော်ကြီးကြီး လောင်နေတာကို တွေ့ရတာပါ” ဟု မူလတန်းပြဆရာမ ဒေါ်အေးအေးမြင့်က ပြောသည်။
ကျောင်းတွင်းပစ္စည်းနှင့် ကျောင်းဆောင်များ မီးလောင်မှု မရှိကြောင်း၊ ကျောင်းတွင်လည်း ရေ၊ သဲအိတ်နှင့် မိးချိတ်မီးကတ်များ အသင့်ထားရှိခဲ့ခြင်း၊ ရပ်ကွက်နေ ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၀ိုင်းဝန်း၍ မီးငြိှမ်းသတ်နိုင်ခဲ့ခြင်း ကြောင့် သက်သာရာ ရခဲ့ကြောင်း အမှတ် ၁၅ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းဦးက ပြောသည်။
ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးလောင်ကျွမ်းမှုသည် လူမရှိသည့်နေအိမ် နှစ်အိမ်ကြား စတင်လောင်ကျွမ်းမှု ဖြစ်ခြင်းကြောင့် မည်သည့် အတွက်ကြောင့် လောင်ကျွမ်းသည်ကို အဖြေရှာနေကြောင်း ပြောဆိုထားပြီး ပုသိမ်မြို့နယ် လျှပ်စစ်ဌာနက ၀ါယာရှော့ခ်ကြောင့် လောင်ခြင်း မဟုတ်ကြောင်း ငြင်းဆိုထားသည်။
“၂၀၁၆ ခုနှစ်ရဲ့ တစ်လကျော်ပဲ ရှိသေးတယ်။ ပုသိမ်မြို့မှာ မီးလောင်တာ လေးကြိမ် ရှိနေပြီ။ ဇန်နဝါရီလ အတွင်းက နှစ်ကြိမ် လောင်ခဲ့တယ်။ အခု ဖေဖော်ဝါရီလ အတွင်းမှာ နှစ်ကြိမ်ပါ။ မီးဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို အမျိုးသားရေး အမြင်နဲ့ အားလုံးပါ၀င်ပြီး စနစ်တကျလုပ်ဖို့ လိုအပ်နေတယ်” ပုသိမ်မြို့မှ မီးသတ်တပ်ဖွဲ့ အရာရှိဟောင်း ဦးမြရွှေက ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် ဆယ်ပေ ပတ်လည် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းအိမ် နှစ်လုံးနှင့် ၁၀ ပေ× ၁၅ ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း အိမ်တစ်လုံး မီးလောင်ကျွမ်း ဆုံးရှုံးးခဲ့ပြီး လူ၊ တိရစ္ဆာန် သေကျေပျက်စီး ဆုံးရှုံးမှု မရှိကြောင်း၊ မည်သည့် အိမ်မှစ၍ မည်သည့် အကြောင်းအရာကြောင့် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားရသည်ကို ဖော်ထုတ် အရေးယူနိုင်ရန်အတွက် သက်ဆိုင်သူများကို ပုသိမ်မြို့မ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးနေဆဲ ဖြစ်ကြောင်း ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies