ဧရာဝတီတိုင္းေဒသႀကီး၊ ဘိုကေလးၿမိဳ႕နယ္တြင္ ေဖေဖာ္ဝါရီ ၄ ရက္ေန႔ နံနက္ ၁း၀၀ နာရီခန္႔က NLD ပါတီ႐ုံးတြင္ ရွိေသာ မီးအားျမွင့္စက္ အပူလြန္ကဲရာမွ တစ္ဆင့္ မီးစတင္ ေလာင္ကၽြမ္းခဲ့သည့္ အတြက္ ေနအိမ္ေလးလံုး ပ်က္စီးဆံုးရႈံးခဲ့ေၾကာင္း သိရွိရသည္။
မီးေလာင္ပ်က္စီးခဲ့ေသာ အေဆာက္အအုံမ်ားမွာ ဘိုကေလးၿမိဳ႕နယ္ NLD ပါတီ ႐ုံး၊ NLD ပါတီမွ ဖြင့္လွစ္ထားေသာ ပညာဒါနေက်ာင္းႏွင့္ အနီးရွိ ေနအိမ္ႏွစ္လံုးတို႔ ျဖစ္ၾကၿပီး မီးေလာင္မႈကို နံနက္ ၂ နာရီ ၃၀ မိနစ္ခန္႔တြင္ ၿငိွမ္းသတ္ႏုိင္ခဲ့ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး မီးသတ္ဦးစီးဌာနမွ သိရသည္။
“ပါတီ႐ုံးထဲမွာရွိတဲ့ မီးအားျမွင့္စက္ အပူလြန္တာက တစ္ဆင့္ ေလာင္တာပါ။ အခု႐ုံးတာဝန္ခံကို အမႈဖြင့္ ထားပါတယ္” ဟု ဧရာဝတီတိုင္းေဒသႀကီး မီးသတ္ဦးစီးဌာနမွ ဦးရဲမင္းသူက ေျပာသည္။
ဘိုကေလးၿမိဳ႕နယ္ NLD ပါတီ႐ုံးသည္ ဘိုကေလးၿမိဳ႕ အမွတ္ ၅ ရပ္ကြက္တြင္ တည္ရွိၿပီး ပါတီ႐ုံးႏွင့္ ကပ္လ်က္ ပညာဒါန ေက်ာင္းဖြင့္လွစ္ကာ အလယ္တန္းႏွင့္ အထက္တန္း ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပညာသင္ၾကား ေနရာမွ အတန္းတင္ စာေမးပြဲနီးကပ္ခ်ိန္ တြင္ ယခုကဲ့သို႔ မီးေလာင္မႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
“ဘယ္လိုေလာင္တာလဲ စံုစမ္းေနပါတယ္။ ႐ုံးနဲ႔ ပညာဒါနေက်ာင္း အျပင္ ႐ုံးနဲ႔ကပ္ရက္ရွိတဲ့ အိမ္ ႏွစ္လံုးလည္း ပါသြားပါတယ္” ဟု ဘိုကေလးၿမိဳ႕နယ္ ဧရာဝတီတိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ခင္ဗိုလ္က ေျပာသည္။
အဆိုပါ မီးေလာင္မႈအတြက္ ဘိုကေလးၿမိဳ႕နယ္ NLD ပါတီ႐ုံးတြင္ ညအိပ္ခဲ့သည့္ ႐ုံးတာဝန္ခံ ဦးေအာင္ျမင့္ကို ဘိုကေလးၿမိဳ႕မ ရဲစခန္းက (ပ) ၂၆/၂၀၁၅ ျပစ္မႈပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
........................................................
ဘိုကလေးမြို့တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ကာ နေအိမ်လေးလုံးဆုံးရှုံး
4 February 2016
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်တွင် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁းဝဝ နာရီခန့်က NLD ပါတီရုံးတွင် ရှိသော မီးအားမြှင့်စက် အပူလွန်ကဲရာမှ တစ်ဆင့် မီးစတင် လောင်ကျွမ်းခဲ့သည့် အတွက် နေအိမ်လေးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
မီးလောင်ပျက်စီးခဲ့သော အဆောက်အအုံများမှာ ဘိုကလေးမြို့နယ် NLD ပါတီ ရုံး၊ NLD ပါတီမှ ဖွင့်လှစ်ထားသော ပညာဒါနကျောင်းနှင့် အနီးရှိ နေအိမ်နှစ်လုံးတို့ ဖြစ်ကြပြီး မီးလောင်မှုကို နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် ငြိှမ်းသတ်နိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
“ပါတီရုံးထဲမှာရှိတဲ့ မီးအားမြှင့်စက် အပူလွန်တာက တစ်ဆင့် လောင်တာပါ။ အခုရုံးတာဝန်ခံကို အမှုဖွင့် ထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဦးရဲမင်းသူက ပြောသည်။
ဘိုကလေးမြို့နယ် NLD ပါတီရုံးသည် ဘိုကလေးမြို့ အမှတ် ၅ ရပ်ကွက်တွင် တည်ရှိပြီး ပါတီရုံးနှင့် ကပ်လျက် ပညာဒါန ကျောင်းဖွင့်လှစ်ကာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား နေရာမှ အတန်းတင် စာမေးပွဲနီးကပ်ချိန် တွင် ယခုကဲ့သို့ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဘယ်လိုလောင်တာလဲ စုံစမ်းနေပါတယ်။ ရုံးနဲ့ ပညာဒါနကျောင်း အပြင် ရုံးနဲ့ကပ်ရက်ရှိတဲ့ အိမ် နှစ်လုံးလည်း ပါသွားပါတယ်” ဟု ဘိုကလေးမြို့နယ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဗိုလ်က ပြောသည်။
အဆိုပါ မီးလောင်မှုအတွက် ဘိုကလေးမြို့နယ် NLD ပါတီရုံးတွင် ညအိပ်ခဲ့သည့် ရုံးတာဝန်ခံ ဦးအောင်မြင့်ကို ဘိုကလေးမြို့မ ရဲစခန်းက (ပ) ၂၆/၂၀၁၅ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies