Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

နမ့္ဆန္ၿမိဳ႕တြင္းတြင္ မြန္းလြဲ ၁ နာရီမွ စ၍ မီးေလာင္ကၽြမ္းမႈျဖစ္ပြား ည ၈ နာရီဝန္းက်င္ထိ ဆက္လက္ေလာင္ေနဆဲဟု သိရ

$
0
0

မားနဂါး၊ လား႐ႈိး ၊ ၂ဝ၁၆ ခုႏွစ္ ေဖေဖာ္ဝါရီ ၄ ရက္။

ရွမ္းျပည္နယ္ေျမာက္ပုိင္း ပေလာင္ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္ၿမိဳ႕တြင္ ၂ဝ၁၆ ခု ေဖေဖာ္ဝါရီလ ၄ ရက္ မြန္းလြဲ ၁ နာရီမွ စ၍ မီးေလာင္ကၽြမ္းမႈတစ္ခု ျဖစ္ပြားခဲ့ၿပီး ယခုအခ်ိန္ထိ (ည ၇ နာရီ ၄ဝ မိနစ္) နာရီအထိ မီးၿငိမ္းသတ္ႏိုင္ျခင္း မရွိေသးဘဲ အိမ္ေျခ ၁ဝဝ ေက်ာ္ မီးေလာင္ကၽြမ္းသြားၿပီ ျဖစ္ေၾကာင္း မီးဆက္မ်ားသည္ ဆက္လက္ေလာင္ေနဆဲ ျဖစ္သည္ဟု သိရသည္။

ၿမိဳ႕တြင္းရွိ မဂၤလာရပ္ကြက္တြင္ ေနထုိင္ေသာ လက္ဖက္ပြဲ႐ံု ဦးပန္းစိန္၏ ေနအိမ္မွ စတင္ေလာင္ကၽြမ္းခဲ့ၿပီး ယခုအခ်ိန္(ည ၇နာရီ ၄ဝမိနစ္) အခ်ိန္တြင္ ေရႊဖီေတာင္တန္းတည္းခုိခန္းႏွင့္ မီးမ်ားနီးကပ္လာၿပီး မီးေလာင္ကၽြမ္းခဲ့ သည့္ အေၾကာင္းအရင္းကုိ မသိရွိရေသးပဲ မီးသတ္ကားမ်ားက လာေရာက္ ၿငိမ္းသတ္ေနေသာ္လည္း ဆက္လက္ေလာင္ေနဆဲ ျဖစ္ေၾကာင္း သိရသည္။

နမ့္ဆန္ၿမိဳ႕ေဒသခံျဖစ္သူ ဦးဘေသာင္းက “မီးကေတာ့ ေလာင္လုိ႔ေကာင္းေနတုန္းပဲ ဝဲယာဘက္ကုိ ေလာင္ေနတာ ပြဲစား ဦးပန္းစိန္အိမ္ကေန စေလာင္တယ္လုိ႔ ေျပာတာပဲ။ ရပ္ကြက္ ၄၊ ၅ ရပ္ကြက္ေလာက္ ကုန္သြားၿပီ ခုၿမိဳ႕ လယ္ထဲကုိ ေလာင္ေနၿပီ ဆက္ေလာင္ေနရင္ေတာ့ ရဲစခန္းထိ ကူးမွာပဲ မနက္မုိးလင္းရင္ေတာ့ ေရမရွိေတာ့ ရပ္ၾကည့္ ေန႐ံုက လြဲၿပီး ဘာမွမလုပ္ႏုိင္ဘူး” ဟု ေျပာပါသည္။

အဆုိပါ ေလာင္ကၽြမ္းေနသည့္ မီးမ်ားကုိ ၿငိမ္းသတ္ရန္အတြက္ ေက်ာက္မဲ၊ သီေပါ၊ လား႐ႈိးၿမိဳ႕နယ္မွ မီးသတ္ ကားမ်ား ေရာက္ရိွေနေသာ္လည္း ေလာင္ကၽြမ္းခဲ့သည့္ ေနအိမ္၏ တုိင္မ်ား၊ မီးတုိင္မ်ားသည္ ၿမိဳ႕ဝင္လမ္းတြင္ ပိတ္ဆုိ႔ေန သည့္အတြက္ ၿမိဳ႕တြင္းသုိ႔ဝင္ေရာက္ႏုိင္ျခင္းမရွိဘဲ မီးသတ္ကားမ်ားကုိ ၿမိဳ႕ဝင္ ျပည္သူ႔ေဆး႐ံုတြင္သာ ထားရွိရသည္ဟု ၎က ဆုိသည္။

၂ဝ၁၂ ခုႏွစ္ ႏိုဝင္ဘာ ၂ ရက္ေန႔တြင္လည္း နမ့္ဆန္ၿမိဳ႕မွာ မီးေလာင္မႈ တစ္ခုျဖစ္ပြားခဲ့ရာ အိမ္ေျခ (၅ဝ) ေက်ာ္သာ မီးေလာင္ပါသြားခဲ့ၿပီး ကာလတန္ဖုိး သိန္း ၈ဝဝဝ ေက်ာ္ ပ်က္ဆီးဆံုး႐ႈံးခဲ့သျဖင့္ ယခုႏွစ္ ၂ဝ၁၆ ခု ေဖေဖာ္ဝါရီ ၄ ရက္ေန႔တြင္ ျဖစ္သြားခဲ့သည္ မီးေလာင္ကၽြမ္းမႈသည္ ယခင္တစ္ေခါက္ ဆံုး႐ံႈးမႈထက္ မ်ားျပားသည္ဟု သိရသည္။

Marnagar Journal
https://www.facebook.com/marlagar.palaung

.................................................

 နမ့်ဆန်မြို့တွင်းတွင် မွန်းလွဲ ၁ နာရီမှ စ၍ မီးလောင်ကျွမ်းမှုဖြစ်ပွား ည ၈ နာရီဝန်းကျင်ထိ ဆက်လက်လောင်နေဆဲဟု သိရ
4 February 2016 
မားနဂါး၊ လားရှိုး ၊ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ၂ဝ၁၆ ခု ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲ ၁ နာရီမှ စ၍ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ (ည ရ နာရီ ၄ဝ မိနစ်) နာရီအထိ မီးငြိမ်းသတ်နိုင်ခြင်း မရှိသေးဘဲ အိမ်ခြေ ၁ဝဝ ကျော် မီးလောင်ကျွမ်းသွားပြီ ဖြစ်ကြောင်း မီးဆက်များသည် ဆက်လက်လောင်နေဆဲ ဖြစ်သည်ဟု သိရသည်။

မြို့တွင်းရှိ မင်္ဂလာရပ်ကွက်တွင် နေထိုင်သော လက်ဖက်ပွဲရုံ ဦးပန်းစိန်၏ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့ပြီး ယခုအချိန်(ည ရနာရီ ၄ဝမိနစ်) အချိန်တွင် ရွှေဖီတောင်တန်းတည်းခိုခန်းနှင့် မီးများနီးကပ်လာပြီး မီးလောင်ကျွမ်းခဲ့ သည့် အကြောင်းအရင်းကို မသိရှိရသေးပဲ မီးသတ်ကားများက လာရောက် ငြိမ်းသတ်နေသော်လည်း ဆက်လက်လောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်မြို့ဒေသခံဖြစ်သူ ဦးဘသောင်းက “မီးကတော့ လောင်လို့ကောင်းနေတုန်းပဲ ဝဲယာဘက်ကို လောင်နေတာ ပွဲစား ဦးပန်းစိန်အိမ်ကနေ စလောင်တယ်လို့ ပြောတာပဲ။ ရပ်ကွက် ၄၊ ၅ ရပ်ကွက်လောက် ကုန်သွားပြီ ခုမြို့ လယ်ထဲကို လောင်နေပြီ ဆက်လောင်နေရင်တော့ ရဲစခန်းထိ ကူးမှာပဲ မနက်မိုးလင်းရင်တော့ ရေမရှိတော့ ရပ်ကြည့် နေရုံက လွဲပြီး ဘာမှမလုပ်နိုင်ဘူး” ဟု ပြောပါသည်။

အဆိုပါ လောင်ကျွမ်းနေသည့် မီးများကို ငြိမ်းသတ်ရန်အတွက် ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့နယ်မှ မီးသတ် ကားများ ရောက်ရှိနေသော်လည်း လောင်ကျွမ်းခဲ့သည့် နေအိမ်၏ တိုင်များ၊ မီးတိုင်များသည် မြို့ဝင်လမ်းတွင် ပိတ်ဆို့နေ သည့်အတွက် မြို့တွင်းသို့ဝင်ရောက်နိုင်ခြင်းမရှိဘဲ မီးသတ်ကားများကို မြို့ဝင် ပြည်သူ့ဆေးရုံတွင်သာ ထားရှိရသည်ဟု ၎င်းက ဆိုသည်။

၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့တွင်လည်း နမ့်ဆန်မြို့မှာ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၅ဝ) ကျော်သာ မီးလောင်ပါသွားခဲ့ပြီး ကာလတန်ဖိုး သိန်း ၈ဝဝဝ ကျော် ပျက်ဆီးဆုံးရှုံးခဲ့သဖြင့် ယခုနှစ် ၂ဝ၁၆ ခု ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဖြစ်သွားခဲ့သည် မီးလောင်ကျွမ်းမှုသည် ယခင်တစ်ခေါက် ဆုံးရှုံးမှုထက် များပြားသည်ဟု သိရသည်။

Marnagar Journal
https://www.facebook.com/marlagar.palaung

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>