ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၅
ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ဆန္ၿမိဳ႕ႏွင့္ ဧရာ၀တီတိုင္းေဒသႀကီး လပြတၱာၿမိဳ႕ မ်ား တြင္ ျဖစ္ပြားခဲ့သည့္ မီးေလာင္မႈျဖစ္စဥ္မ်ားႏွင့္စပ္လ်ဥ္း၍ ကယ္ဆယ္ေရးႏွင့္ ျပန္ လည္ထူေထာင္ ေရးလုပ္ငန္းမ်ားေဆာင္ရြက္ေရး အေရးေပၚအစည္းအေ၀းကို ယေန႔ နံနက္ ၉ နာရီခြဲတြင္ ႏိုင္ငံေတာ္သမၼတ အိမ္ေတာ္ရိွ ျပည္ေထာင္စုအစိုးရအဖြဲ႕အစည္းအေ၀း ခန္းမ၌က်င္းပရာ ျပည္ ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္ တက္ေရာက္ အမွာစကား ေျပာၾကားသည္။
အစည္းအေ၀းသို႔ ဒုတိယသမၼတ ေဒါက္တာစိုင္းေမာက္ခမ္းႏွင့္ ဦးဉာဏ္ထြန္း၊ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ ဒုတိယ၀န္ႀကီးမ်ားႏွင့္ တာ၀န္ရိွသူမ်ား တက္ေရာက္ၾကသည္။
အစည္းအေ၀းတြင္ ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္ က မီးေဘးသင့္ျပည္သူမ်ား အတြက္ စားနပ္ရိကၡာမ်ားပံ့ပိုးေရး၊ ယာယီတဲမ်ား၊ အ၀တ္အထည္မ်ား၊ Family Kit မ်ားျဖည့္ ဆည္းေပးေရး၊ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ လိုအပ္ေသာ ေက်ာင္းသံုး စာအုပ္မ်ား ျပန္လည္ျဖည့္ဆည္းေပးေရးႏွင့္ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ႏိုင္ေရး၊ စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသားေက်ာင္းသူမ်ား အခက္အခဲမရိွေအာင္ ကူညီပံ့ပိုးေပးေရး၊ က်န္းမာေရးေစာင့္ ေရွာက္မႈ လုပ္ငန္းမ်ား အျမန္ေဆာင္ရြက္ႏိုင္ေရး၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထား ေရးအတြက္ လိုအပ္ေသာပစၥည္းမ်ားကို တပ္မေတာ္ႏွင့္ ပို႔ေဆာင္ေရး၀န္ႀကီးဌာနတို႔မွ အေရးေပၚစီစဥ္ပို႔ေဆာင္ေရးလုပ္ငန္း မ်ားႏွင့္စပ္လ်ဥ္း၍ အေသးစိတ္ေဆြးေႏြးမွာၾကားသည္။
ယင္းေနာက္ အစည္းအေ၀းသို႔ တက္ေရာက္လာၾကသည့္ ျပည္ေထာင္စု ၀န္ႀကီးမ်ား၊ ဒုတိယ၀န္ႀကီးမ်ားက မိမိတို႔သက္ဆိုင္ရာက႑မ်ား အလိုက္ ေဆြးေႏြးၾကသည္။
ႏိုင္ငံေတာ္သမၼတသည္ နမ့္ဆန္ေဒသ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ထူေထာင္ေရး လုပ္ငန္းမ်ားကိုလည္းေကာင္း၊ ဒုတိယသမၼတဦးဉာဏ္ထြန္းသည္ လပြတၱာေဒသ ကယ္ဆယ္ ေရးႏွင့္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ား ကိုလည္းေကာင္း ႀကီးၾကပ္ေဆာင္ရြက္ရန္ အတြက္ ယေန႔ သြားေရာက္မည္ျဖစ္ေၾကာင္း သတင္းရရိွသည္။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
.......................
နေပြည်တော် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ များ တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ရေး အရေးပေါ်အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က မီးဘေးသင့်ပြည်သူများ အတွက် စားနပ်ရိက္ခာများပံ့ပိုးရေး၊ ယာယီတဲများ၊ အဝတ်အထည်များ၊ Family Kit များဖြည့် ဆည်းပေးရေး၊ ကျောင်းသားကျောင်းသူများအတွက် လိုအပ်သော ကျောင်းသုံး စာအုပ်များ ပြန်လည်ဖြည့်ဆည်းပေးရေးနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ အခက်အခဲမရှိအောင် ကူညီပံ့ပိုးပေးရေး၊ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ အမြန်ဆောင်ရွက်နိုင်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးအတွက် လိုအပ်သောပစ္စည်းများကို တပ်မတော်နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ အရေးပေါ်စီစဉ်ပို့ဆောင်ရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးမှာကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယဝန်ကြီးများက မိမိတို့သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးကြသည်။
နိုင်ငံတော်သမ္မတသည် နမ့်ဆန်ဒေသ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကိုလည်းကောင်း၊ ဒုတိယသမ္မတဦးဉာဏ်ထွန်းသည် လပွတ္တာဒေသ ကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကိုလည်းကောင်း ကြီးကြပ်ဆောင်ရွက်ရန် အတွက် ယနေ့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar