Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်မည့်သတင်းများ ထွက်ပေါ်နေသော်လည်း မောင်တောနယ်စပ်တွင် တည်ငြိမ်နေ

$
0
0

 မောင်တော ဇူလိုင် ၁၅

 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒေသ မောင်တောခရိုင်အတွင်း ယခုလနှောင်းပိုင်းတွင် အစွန်း ရောက်အကြမ်းဖက်သမားများက တိုက်ခိုက်မှုများ ပြုလုပ်ရန် တိုက် တွန်းထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း နယ်စပ် ဒေသတွင် အခြေအနေတည်ငြိမ်နေ ကြောင်း သိရသည်။

တိုက်ခိုက်မှုများ ပြုလုပ်မည့် သတင်းများကြောင့် စိုးရိမ်မှုအချို့ ရှိသော်လည်း လက်ရှိအချိန်တွင် ဒေသအခြေအနေမှာ တည်ငြိမ်နေ ကြောင်း မောင်တောမြို့မှ အစိုးရ ဝန်ထမ်းတစ်ဦးကပြောသည်။

''စိုးရိမ်တာတော့ ရှိပေမယ့် ဒီလိုမဖြစ်နိုင်ဘူး ထင်တာပဲ။ သတင်းတွေက အမှန်တကယ်ဆို ရင် ဌာနဆိုင်ရာတွေကိုလဲ တရား ဝင်အကြောင်းကြားရမယ်။ အစည်း အဝေးတွေလုပ်ပြီး သတိပေးရ မယ်။ ဒီသတင်းတွေက လုပ်ကြံ ဖန်တီးထားတာလို့ ထင်တယ်။ လောလောဆယ်တော့ ဒီမှာက အေးအေးဆေးဆေးပါပဲ''ဟု ၄င်း က ပြောသည်။

အင်တာနက် စာမျက်နှာအချို့ တွင်လည်း လဝကကြေးနန်းတစ် စောင် ပျံ့နှံ့လျက်ရှိပြီး အဆိုပါ ကြေးနန်းတွင် တစ်ဖက်နိုင်ငံရှိ အမာခံသတင်းပေးက ရခိုင်ပြည် နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ နှင့် ရခိုင်လူမျိုးများ စုဝေးသည့် နေရာများကို ဖောက်ခွဲမှုများပြု လုပ်ရန် အစွန်းရောက်အကြမ်းဖက် အဖွဲ့အစည်းများကစီစဉ်နေကြောင်း ကို သတင်းပေးထားခြင်းဖြစ်ကာ အဆိုပါကြေးနန်းသည် အမှန်တ ကယ် ဟုတ် မဟုတ်နှင့် ကြေးနန်း ပါအကြောင်းအရာသည် မှန်ကန် ခြင်း ရှိ မရှိကိုအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မောင်တော နယ်စပ်ဒေသတွင် ယခင်ကလည်း အကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက် ခိုက်ရန်ခြိမ်းခြောက်သော သတင်း များ မကြာခဏထွက်ပေါ်ဖူးပြီး လုံခြုံရေးကို အမြဲအလေးထား ဆောင်ရွက်နေကြောင်း မောင်တော ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ရွှေသန်းကပြောသည်။

''သတင်းတွေကတော့ဒီဘက် မှာ ဖြစ်နေကျပါပဲ။ ကျွန်တော်တို့ ဘက်ကတော့ လုံခြုံရေးကို မပေါ့ ပါဘူး။ ဒီမှာကတော့ အမြဲတမ်း လုံခြုံရေးကိုဆောင်ရွက်နေရတာပါပဲ။ အဲ့လိုသတင်းတွေကတော့ ထွက် ပေါင်းလဲများပါပြီ။ သတင်းထွက် သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ လုံခြုံရေးကို အမြဲအလေးထား ဆောင်ရွက်နေပါတယ်''ဟု ၄င်း က ပြောသည်။

ယခုရက်ပိုင်းအတွင်း မောင် တောမြို့တွင် တုတ်၊ ဓားနှင့်အခြား လူကို အန္တရာယ်ဖြစ်စေနိုင်သော လက်နက်များကို တစ်ပတ်အတွင်း သက်ဆိုင်ရာသို့ လာရောက်အပ် နှံရန် ကြေညာထားခြင်းသည် လည်း ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြေညာစာအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း ၄င်းကဆက် လက်ပြောကြားသည်။

သုတ(RNA)
The Union Daily
http://uniondaily.net

Viewing all articles
Browse latest Browse all 13796

Trending Articles


TTA Oreo Gapp Installer


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ကျေးဇူးပြု၍ နောင်လာနောင်သားတွေအတွက် ထားခဲ့ပေးပါ(Please keep reserve for next...


ပ​ထွေးဖြစ်သူမှ မယားပါသမီးကို အဓမ္မကျင့်​မှု ရပ်ကွက်လူကြီးများနဲ့ ပက်ပင်းမိ !!!


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>