Quantcast
Channel: MP4 YoU
Viewing all articles

လပွတ္တာမြို့ ကမ်းနားလမ်း မီးလောင်ကျွမ်း အိမ်ခြေ (၁၇၉)လုံးနှင့် ဆိုင်ခန်း(၂၀)ကျော်ဆုံးရှုံး

$
0
0



ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တွင် ဖေဖော်ဝါရီ် (၄)ရက် ည(၇)နာရီခန့်က ကမ်းနား လမ်း (၅)ရပ်ကွက်၊ ဧရာသီရိသဲလမ်းနေ ကိုနေ၀င်းထွန်း (ဈေးရောင်း)၏နေအိမ်မှ စတင်၍ မီးလောင်ကျွမ်းခဲ့ရာ ကမ်းနားလမ်း (၅)ရပ်ကွက်၊ (၄)ရပ်ကွက်နှင့်(၁)ရပ်ကွက်တို့ မီးလောင် ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါကမ်းနားလမ်းတွင် မြို့၏စီးပွားရေးအချက်အချာနေရာများဖြစ်သော ပုစွန်ဒိုင်၊ ငါးဒိုင်၊ ကဏန်းဒိုင်နှင့် လူနေရပ်ကွက်များရှိပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၁၇၉)လုံးနှင့် ဆိုင်ခန်း(၂၀)ကျော် ပျက်စီးဆုံးရှုံးကာ အိမ်ထောင်စု(၁၉၅)စုမှ လူဦးရေ အမျိုးသား(၃၅၆)ဦး၊ အမျိုးသမီး(၄၀၅)ဦး စုစုပေါင်း (၇၆၁)ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ လပွတ္တာမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၅)စီး၊ မြောင်းမြ ခရိုင် မီးသတ်ဦးစီးမှူးဦးစီး၍ မြောင်းမြမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ ဧရာဝတီ တိုင်းဒေ သကြီး မီးသတ်ဦးစီးမှူးဦးစီး၍ မီးသတ်ယာဉ်(၁၄)စီးနှင့် မြို့ခံ ပြည်သူလူထုမှ ၀ိုင်းဝန်း ကူညီမီးငြှိမ်းသတ်ခဲ့ရာ ဖေဖော်ဝါရီ(၅)ရက် နံနက်(၂) နာရီကျော်ခန့်တွင် မီးငြိမ်း သတ်နိုင် ခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ မရှိခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော မိသားစုများအား လပွတ္တာမြို့ လေး ထပ်ကျောင်း အတွင်း၌ ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာ က ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar
...............


နေပြည်တော်-ဖေဖော်ဝါရီ(၅)

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တွင် ဖေဖော်ဝါရီ် (၄)ရက် ည(၇)နာရီခန့်က ကမ်းနား လမ်း (၅)ရပ်ကွက်၊ ဧရာသီရိသဲလမ်းနေ ကိုနေဝင်းထွန်း (စျေးရောင်း)၏နေအိမ်မှ စတင်၍ မီးလောင်ကျွမ်းခဲ့ရာ ကမ်းနားလမ်း (၅)ရပ်ကွက်၊ (၄)ရပ်ကွက်နှင့်(၁)ရပ်ကွက်တို့ မီးလောင် ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါကမ်းနားလမ်းတွင် မြိ်ု့၏စီးပွားရေးအချက်အချာနေရာများဖြစ်သော ပုစွန်ဒိုင်၊ ငါးဒိုင်၊ ကဏန်းဒိုင်နှင့် လူနေရပ်ကွက်များရှိပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၁၇၉)လုံးနှင့် ဆိုင်ခန်း(၂၀)ကျော် ပျက်စီးဆုံးရှုံးကာ အိမ်ထောင်စု(၁၉၅)စုမှ လူဦးရေ အမျိုးသား(၃၅၆)ဦး၊ အမျိုးသမီး(၄၀၅)ဦး စုစုပေါင်း (၇၆၁)ဦး အိိုးမဲ့အိမ်မဲ့ဖြစ်သွားကြောင်း သိိရသည်။

မီးလောင်ကျွမ်းရာသို့ လပွတ္တာမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၅)စီး၊ မြောင်းမြ ခရိုင် မီးသတ်ဦးစီးမှူးဦးစီး၍ မြောင်းမြမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၆)စီး၊ ဧရာဝတီ တိုင်းဒေ သကြီး မီးသတ်ဦးစီးမှူးဦးစီး၍ မီးသတ်ယာဉ်(၁၄)စီးနှင့် မြို့ခံ ပြည်သူလူထုမှ ၀ုိင်းဝန်း ကူညီမီးငြိှမ်းသတ်ခဲ့ရာ ဖေဖော်ဝါရီ(၅)ရက် နံနက်(၂) နာရီကျော်ခန့်တွင် မီးငြိမ်း သတ်နိုင် ခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် ထိ်ခိုက်ဒဏ်ရာရရှိသူများ မရှ်ိခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် အိုးမဲ့အိိမ်မဲ့ဖြစ်သွားသော မိသားစုများအား လပွတ္တာမြို့ လေး ထပ်ကျောင်း အတွင်း၌ ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာ က ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက် (လပွတ္တာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>