Quantcast
Viewing all articles
Browse latest Browse all 13796

ရွားေတာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္ ရဲ ့သား စိုင္းလႊတ္ေတာ္

Image may be NSFW.
Clik here to view.
 ႏိုဝင္ဘာေရြးေကာက္ပြဲရလဒ္အရ ကယားျပည္နယ္၊ ရွားေတာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္အမတ္အျဖစ္ ေရြးခ်ယ္ခံရတဲ့ ေဒၚဝင့္ဝါထြန္းဟာ ေဖေဖာ္ဝါရီ ၁ရက္ေန႔က စတင္က်င္းပခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးကို ကေလးမီးဖြားၿပီး ၃ရက္အၾကာမွာ တက္ေရာက္ၿပီး က်မ္းသစၥာဆိုခဲ့တဲ့ NLDအမတ္တစ္ဦးျဖစ္
ပါတယ္။


သူဟာ လႊတ္ေတာ္တက္ဖို႔ ေနျပည္ေတာ္ကို ဇန္နဝါရီ ၂၅ရက္မွာ ကိုယ္ဝန္အရင့္အမာနဲ႔ ေရာက္ရွိလာၿပီးေတာ့ ဇန္နဝါရီ ၂၈ရက္မွာေတာ့ ေနျပည္ေတာ္ခုတင္တစ္ေထာင္ဆံ့ေဆး႐ံုမွာ သားဦးေယာက္်ားေလးကို ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ ခင္ပြန္းျဖစ္သူက ရွမ္းတိုင္းရင္းသားတစ္ဦးျဖစ္တာေၾကာင့္ ကေလးနာမည္ကို "စိုင္းလႊတ္ေတာ္"ဆိုၿပီး NLDရဲ့ ထိပ္ပိုင္းေခါင္းေဆာင္တစ္ဦးျဖစ္တဲ့
 ဦးဝင္းထိန္က အမည္ေပးလိုက္ပါတယ္။ ဒီနာမည္ကိုလည္း ေဒၚဝင့္ဝါထြန္းတို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္လံုးက ႏွစ္သက္ၾကပါတယ္။

လႊတ္ေတာ္ထဲမွာ လုပ္စရာအလုပ္ေတြမ်ားစြာရွိေနတယ္လို႔ "စိုင္းလႊတ္ေတာ္"ရဲ့မိခင္ ေဒၚဝင့္ဝါထြန္းက ေျပာပါတယ္။ ေအာက္ပါဓာတ္ပံုေတြကေတာ့ ေဒၚဝင့္ဝါထြန္းနဲ႔ သူ႔ခင္ပြန္းတို႔ကို ခြင့္ျပဳခ်က္ေတာင္းၿပီး ေနျပည္ေတာ္စည္ပင္ဧည့္ရိပ္သာမွာ သြားေရာက္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ (ဓာတ္ပံု- မင္းမင္း/မဇၩိမ)
Mizzima - News in Burmese
.................
Image may be NSFW.
Clik here to view.




နိုဝင်ဘာရွေးကောက်ပွဲရလဒ်အရ ကယားပြည်နယ်၊ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်ဝင့်ဝါထွန်းဟာ ဖေဖော်ဝါရီ ၁ရက်နေ့က စတင်ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို ကလေးမီးဖွားပြီး ၃ရက်အကြာမှာ တက်ရောက်ပြီး ကျမ်းသစ္စာဆိုခဲ့တဲ့ NLDအမတ်တစ်ဦးဖြစ်ပါတယ်။

သူဟာ လွှတ်တော်တက်ဖို့ နေပြည်တော်ကို ဇန်နဝါရီ ၂၅ရက်မှာ ကိုယ်ဝန်အရင့်အမာနဲ့ ရောက်ရှိလာပြီးတော့ ဇန်နဝါရီ ၂၈ရက်မှာတော့ နေပြည်တော်ခုတင်တစ်ထောင်ဆံ့ဆေးရုံမှာ သားဦးယောက်ျားလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်တာကြောင့် ကလေးနာမည်ကို "စိုင်းလွှတ်တော်"ဆိုပြီး NLDရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က အမည်ပေးလိုက်ပါတယ်။ ဒီနာမည်ကိုလည်း ဒေါ်ဝင့်ဝါထွန်းတို့ ဇနီးမောင်နှံနှစ်ယောက်လုံးက နှစ်သက်ကြပါတယ်။

လွှတ်တော်ထဲမှာ လုပ်စရာအလုပ်တွေများစွာရှိနေတယ်လို့ "စိုင်းလွှတ်တော်"ရဲ့မိခင် ဒေါ်ဝင့်ဝါထွန်းက ပြောပါတယ်။ အောက်ပါဓာတ်ပုံတွေကတော့ ဒေါ်ဝင့်ဝါထွန်းနဲ့ သူ့ခင်ပွန်းတို့ကို ခွင့်ပြုချက်တောင်းပြီး နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ သွားရောက်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
Mizzima - News in Burmese

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>