Quantcast
Viewing all articles
Browse latest Browse all 13796

အိပ္ေနသူကို ဓားျဖင့္ထိုး၍ နားကပ္ယူသူကုိဖမ္းဆီး



ရန္ကုန္ ေဖေဖာ္ဝါရီ ၆

ရန္ကုန္(ေျမာက္ပိုင္း)ခ႐ိုင္ လိႈင္သာယာၿမိဳ႕နယ္ အမွတ္(၇)ရပ္ကြက္ တြင္ ေနအိမ္ေပၚအိပ္ေနသူအား ဓားျဖင့္ ထုိးၿပီး နားကပ္ျဖဳတ္ယူခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ လိႈင္သာယာၿမိဳ႕နယ္ အမွတ္(၇)ရပ္ကြက္ ၿမိဳ႕မၿငိမ္းလမ္း အိမ္အမွတ္(၇၉၉/က)ေန ေဒၚစန္းစန္းသည္ ေဖေဖာ္ဝါရီ ၅ ရက္ မြန္းလြဲ ၂ နာရီခန္႔တြင္ ေနအိမ္၌ အိပ္ေနစဥ္ ဓားျဖင့္အထုိးခံရေၾကာင္း ပတ္ဝန္း က်င္အား အကူအညီေတာင္းခံရာ ပတ္ဝန္းက်င္ရွိ ေနအိမ္မ်ားမွ လူမ်ား ေရာက္ရွိလာၾကၿပီး ေဒၚစန္းစန္းအား အင္းစိန္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ ၾကသည္။ ေဒၚစန္းစန္းက မြန္းလြဲခ်ိန္ အိမ္ေပၚတြင္ အိပ္ေနစဥ္ ေဌးေအာင္ (၂၃)ႏွစ္ အမွတ္(၃၆၈/ခ) ေအာင္မင္းေခါင္လမ္း (၇)ရပ္ကြက္ လိႈင္သာယာၿမိဳ႕ေနသူ ေရာက္ရွိလာၿပီး လည္ပင္းညႇစ္၊ ဝမ္းဗုိက္အား ဓားျဖင့္ထုိးၿပီး နားတြင္ ဝတ္ဆင္ ထားေသာ ေက်ာက္ျဖဴပါ နားကပ္ တစ္ရန္ ျဖဳတ္ယူသြားသည္ကို သားျဖစ္သူအားေျပာျပ၍ ျပစ္မႈ က်ဴးလြန္သူအား အေရးယူေပးပါရန္ လိႈင္သာယာ ၿမိဳ႕မရဲစခန္းသို႔ တုိင္တန္းခဲ့သည္။ လိႈင္သာယာ ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားက ေဌးေအာင္အား လိုက္လံရွာေဖြ ဖမ္းဆီးႏုိင္ခဲ့ၿပီး အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

The Mirror Daily
https://www.facebook.com/TheMirrorDaily
...........


ရန်ကုန် ဖေဖော်ဝါရီ ၆

ရန်ကုန်(မြောက်ပိုင်း)ခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၇)ရပ်ကွက် တွင် နေအိမ်ပေါ်အိပ်နေသူအား ဓားဖြင့် ထိုးပြီး နားကပ်ဖြုတ်ယူခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် အမှတ်(၇)ရပ်ကွက် မြို့မငြိမ်းလမ်း အိမ်အမှတ်(၇၉၉/က)နေ ဒေါ်စန်းစန်းသည် ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် နေအိမ်၌ အိပ်နေစဉ် ဓားဖြင့်အထိုးခံရကြောင်း ပတ်ဝန်း ကျင်အား အကူအညီတောင်းခံရာ ပတ်ဝန်းကျင်ရှိ နေအိမ်များမှ လူများ ရောက်ရှိလာကြပြီး ဒေါ်စန်းစန်းအား အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြသည်။ ဒေါ်စန်းစန်းက မွန်းလွဲချိန် အိမ်ပေါ်တွင် အိပ်နေစဉ် ဌေးအောင် (၂၃)နှစ် အမှတ်(၃၆၈/ခ) အောင်မင်းခေါင်လမ်း (၇)ရပ်ကွက် လှိုင်သာယာမြို့နေသူ ရောက်ရှိလာပြီး လည်ပင်းညှစ်၊ ဝမ်းဗိုက်အား ဓားဖြင့်ထိုးပြီး နားတွင် ဝတ်ဆင် ထားသော ကျောက်ဖြူပါ နားကပ် တစ်ရန် ဖြုတ်ယူသွားသည်ကို သားဖြစ်သူအားပြောပြ၍ ပြစ်မှု ကျူးလွန်သူအား အရေးယူပေးပါရန် လှိုင်သာယာ မြို့မရဲစခန်းသို့ တိုင်တန်းခဲ့သည်။ လှိုင်သာယာ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဌေးအောင်အား လိုက်လံရှာဖွေ ဖမ်းဆီးနိုင်ခဲ့ပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>