Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တိုင္းႏွင့္ ျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ ႏွင့္ ဒုတိယ ဥကၠ႒ စာရင္း လ်ာထားခ်က္မ်ား ထြက္ေပၚ

$
0
0
တိုင္းႏွင့္ ျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ ႏွင့္ ဒုတိယ ဥကၠ႒ လ်ာထားခ်က္ စာရင္း 
    ရန္ကုန္၊ ေဖေဖာ္ဝါရီ ၆ ရက္ (ဆင္ဟြာ)

    အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ၏ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠ႒ႏွင့္ ဒုတိယ ဥကၠ႒ ေနရာမ်ား အတြက္ အမည္စာရင္း လ်ာထားခ်က္မ်ား ယေန႔ ထြက္ေပၚလာေသာ္လည္း အဖြဲ႕ခ်ဳပ္၏ ေျပာေရးဆိုခြင့္ရွိသူ ဦးဝင္းထိန္က တရားဝင္ အတည္ျပဳေပးႏိုင္ျခင္း မရွိေၾကာင္း သိရသည္။

ယင္း စာရင္းမ်ားကို အဖြဲ႕ခ်ဳပ္အေနျဖင့္ ေၾကညာျခင္း မရွိဘဲ ယင္းစာရင္းမ်ား ထြက္ေပၚလာျခင္း ျဖစ္ေၾကာင္း ဦးဝင္းထိန္က ဆိုသည္။

တိုင္းေဒသႀကီး ၇ ခုျဖစ္ေသာ မေကြးတိုင္း၊ မႏၱေလး၊ ရန္ကုန္၊ ဧရာဝတီ၊ စစ္ကိုင္း၊ တနသၤာရီ၊ ပဲခူးတိုင္း ႏွင့္  ျပည္နယ္ ငါးခု ျဖစ္ေသာ မြန္၊ ကခ်င္၊ ကယား၊ ကရင္ႏွင့္ ခ်င္းတို႔၏ လႊတ္ေတာ္ ဥကၠ႒ ႏွင့္ ဒုတိယ ဥကၠ႒မ်ား လ်ာထား စာရင္းမ်ား ယေန႔ ထြက္ရွိလာသည္။

ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္သည္ မဲခြဲ ဆံုးျဖတ္ၿပီး ေရြးခ်ယ္ရမည္ ျဖစ္သျဖင့္ တိုင္းႏွင့္ ျပည္နယ္ လႊတ္ေတာ္မ်ား၏ ဥကၱ႒ႏွင့္ ဒုတိယ ဥကၠ႒ စာရင္းမ်ားတြင္ ပါဝင္ျခင္း မရွိပါ။

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ တိုင္းႏွင့္ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အတြက္ ပို႔ခ်သည့္ စီမံခန္႔ခြဲေရး သင္တန္းဆင္းစဥ္က ခ်ိပ္ပိတ္စာအိတ္မ်ား ေပးခဲ့ျခင္းျဖစ္ၿပီး ထိုစာအိတ္မ်ားကို ျပည္နယ္၊ တိုင္းလႊတ္ေတာ္မ်ား မစမီ ႏွစ္ရက္ အလိုတြင္ အသီးသီး ဖြင့္ေဖာက္ခဲ့ရာမွ အဆိုပါ စာရင္းမ်ား ထြက္ေပၚလာ ျခင္းျဖစ္သည္။

(Xinhua)
http://www.xinhuamyanmar.com
.......
 တိုင်းနှင့် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌ လျာထားချက် စာရင်း
    ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ နေရာများ အတွက် အမည်စာရင်း လျာထားချက်များ ယနေ့ ထွက်ပေါ်လာသော်လည်း အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က တရားဝင် အတည်ပြုပေးနိုင်ခြင်း မရှိကြောင်း သိရသည်။

ယင်း စာရင်းများကို အဖွဲ့ချုပ်အနေဖြင့် ကြေညာခြင်း မရှိဘဲ ယင်းစာရင်းများ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဦးဝင်းထိန်က ဆိုသည်။

တိုင်းဒေသကြီး ရ ခုဖြစ်သော မကွေးတိုင်း၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးတိုင်း နှင့်  ပြည်နယ် ငါးခု ဖြစ်သော မွန်၊ ကချင်၊ ကယား၊ ကရင်နှင့် ချင်းတို့၏ လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌများ လျာထား စာရင်းများ ယနေ့ ထွက်ရှိလာသည်။

ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်သည် မဲခွဲ ဆုံးဖြတ်ပြီး ရွေးချယ်ရမည် ဖြစ်သဖြင့် တိုင်းနှင့် ပြည်နယ် လွှတ်တော်များ၏ ဥက္တဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ စာရင်းများတွင် ပါဝင်ခြင်း မရှိပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ အတွက် ပို့ချသည့် စီမံခန့်ခွဲရေး သင်တန်းဆင်းစဉ်က ချိပ်ပိတ်စာအိတ်များ ပေးခဲ့ခြင်းဖြစ်ပြီး ထိုစာအိတ်များကို ပြည်နယ်၊ တိုင်းလွှတ်တော်များ မစမီ နှစ်ရက် အလိုတွင် အသီးသီး ဖွင့်ဖောက်ခဲ့ရာမှ အဆိုပါ စာရင်းများ ထွက်ပေါ်လာ ခြင်းဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္တဲ့ ျမန္မာႏုိ္င္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီး သမၼတ...


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ဘုရင့္ေနာင္မွ ေတာင္ငူကို သိမ္းျခင္း


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ကရေ၀း စုိက္ပ်ိဳးနည္း


စပါး ⁠ေဖာင္စီးဂဏန္း က်⁠ေရာက္ပံု ⁠ႏွင့္ ကာကြယ္⁠ႏွိမ္နင္းနည္းမ်ား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>