မင်းတပ် ဇူလိုင် ၃၁
၂၀၁၅ခုနှစ်ဇူလိုင်လ ၃၁ ရက်နေ့ (၅)နာရီအချိန်အထိ ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မင်းတပ်-ကန်ပက်လက်လမ်း ၃၁မိုင် ၆ဖာလုံခန့်ရှိ ၂၀၀၃-၂၀၀၄ခုနှစ် တွင် လမ်းဦးစီးဌာနမှ ပြည်ထောင်စုဘတ်ဂျက်(သိန်း၁၀၀၀)ဖြင့် ဆောက်လုပ်သည့် ချီချောင်းတံတား (သံဘောင်ဘေလီတံတား) အလျား (၉၀)ပေ အကျယ် (၁၂)ပေ၊ ၂၀၁၃-၂၀၁၄ခုနှစ်တွင် BME ကုမ္ပဏီမှ ပြည်ထောင်စုဘတ်ဂျက် (သိန်း၃၅၀၀)ဖြင့် ဆောက်လုပ်သည့် ရှစ်ရွာ-တွီလီရွာကြားရှိ မုန်းချောင်းတံတား (သံဘေလီတံတား) အလျား (၁၇၀)ပေ အကျယ် (၁၂)ပေ၊ ၂၀၁၃-၂၀၁၄ခုနှစ်တွင် ချိုးဝိတိုရိယ ကုမ္ပဏီမှ ပြည်နယ်ဘတ်ဂျက် (သိန်း၄၀)ဖြင့် ဆောက်လုပ် သည့် ပန်းအော့ရွာ-လှိယောရွာကြားရှိ အမ်လောင်းချောင်းကြိုးတံတား (၁၈)ပေ အကျယ်(၄)ပေ၊ ၂၀၀၄-၂၀၀၅ခုနှစ်တွင် UNDPမှ (သိန်း၃၅)ဖြင့် ဆောက်လုပ်သည့် ကြာလေလှိုင်းရွာ-ဒုမ်ဒိုရွာကြားရှိ မရှိန်လောင်း ချောင်းကြိုးတံတား အလျား(၈၀)ပေ အကျယ်(၄)ပေ၊ ၂၀၁၄-၂၀၁၅ခုနှစ်တွင် ဆွေးချင်းကုမ္ပဏီမှ ပြည်နယ်အစိုးရ ဘတ်ဂျက်(သိန်း၄၀) ဖြင့် ဆောက်လုပ်သည့် ချွတ်ရွာ-ဟီးလောင်းရွာကြားရှိ မလှေးလောင်းကြိုးတံတား အလျား (၁၂)ပေ အကျယ် (၄)ပေ၊၂၀၀၄-၂၀၀၅ခုနှစ်တွင် UNDPမှ (သိန်း၃၅) ဖြင့် ဆောက်လုပ်သည့် ကြက်ဥတင်ရွာ-စံလယ်ကြီးရွာကြားရှိ ယောချေင်းကြိုးတံတား အလျား၃၅ပေ အကျယ် (၄)ပေနှင့်၂၀၁၃-၂၀၁၄ခုနှစ် တွင် ဇလပ်နီ ကုမ္ပဏီမှ ပြည်နယ် ဘတ်ဂျက် (သိန်း၄၀)ဖြင့် ဆောက်လုပ်သည့် ကန်ပက်လက်မြို့-ပူကွန်းရွာကြားရှိ ချီချောင်း ကြိုးတံတား အလျား (၁၂၀)ပေ အကျယ် (၄)ပေ စုစုပေါင်းတံတား(၇)စင်း ရေထဲမျှောပါသွားကြောင်း သတင်းရရှိ သည်။
ခရိုင်ပြန်/ဆက်
ချင်းပြည်နယ် မင်းတပ်သတင်း မှကူးထာပါသည်။
via Lso Maung Maung