ထွက်ပေါ်နေသည့်သတင်းများအရ တာမွေမြို့နယ်အတွင်း ညအချိန်စက်ဖွင့်ရပ်နားထားသည့် ယာဉ်ပေါ်မှ ပစ္စတိုသေနတ်တစ်လက်၊ ကျည် ၇၂တောင့်နှင့်အတူ တွေ့ရှိသူကို ဆက်လက်စစ်ဆေးခဲ့ရာ လေယာဉ် ပစ်ကျည်ဆန်များကို ယခုလ ၁ဝ ရက်က လှိုင်သာယာမြို့နယ်အတွင်းမှ ဆက်လက်သိမ်းဆည်း ရမိခဲ့ကြောင်း၊ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် တာမွေမြို့မရဲစခန်းက (ပ)၁၁၇/၁၆ လက်နက်ဥပဒေပုဒ်မ ၁၉(စ)အရ အမှုဖွင့်အရေးယူထား သည့် အလုံမြို့နယ်နေ အောင်မြတ် ကျော်(ခ)ညီညီစိုး (ခ) မင်းခန့်(ခ) ညီညီ (၂၆နှစ်)ကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဆက်လက်စစ်ဆေးခဲ့ရာ ဒဂုံမြောက်ပိုင်း မြို့နယ်အတွင်းမှ စစ်သုံးလက်နက် ပစ္စည်းများနှင့်ဆက်သွယ်ရေးစက်၊ ဗုံး၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်နေဝေသာ ထွန်း(ခ)မျိုးဇော် (၃၄နှစ်)ကို ကွင်း ဆက်အဖြစ် ဆက်လက် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်၌ရပ်ထားသော ယာဉ်ပေါ်မှ ပစ္စတိုတစ်လက်နှင့် ကျည်ဆန် ၇၂ တောင့် ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးကို ယခုလ ၆ရက်က ဖမ်းဆီးရမိခဲ့ပြီး ၄င်းအားစစ်ဆေးရာမှ မြောက်ဥက္ကလာပမြို့နယ်တွင် ယခုလ၁ဝရက် ကစိတ်ကြွရူးသွပ်ဆေးပြားသုံးသိန်းကျော် ထပ်မံဖမ်းဆီးရမိခဲ့သည်။
The Union Daily
http://uniondaily.net
.......
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း လေယာဉ် ပစ်ကျည်ဆန်များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်နေသော်လည်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ဆက်လက်စစ် ဆေးနေသောကြောင့် သတင်းထုတ် ပြန်ပေးနိုင်မှုမရှိသေးကြောင်းရန်ကုန် တိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဘိုက ပြာသည်။
ထွက်ပေါ်နေသည့်သတင်းများအရ တာမွေမြို့နယ်အတွင်း ညအချိန်စက်ဖွင့်ရပ်နားထားသည့် ယာဉ်ပေါ်မှ ပစ္စတိုသေနတ်တစ်လက်၊ ကျည် ရ၂တောင့်နှင့်အတူ တွေ့ရှိသူကို ဆက်လက်စစ်ဆေးခဲ့ရာ လေယာဉ် ပစ်ကျည်ဆန်များကို ယခုလ ၁ဝ ရက်က လှိုင်သာယာမြို့နယ်အတွင်းမှ ဆက်လက်သိမ်းဆည်း ရမိခဲ့ကြောင်း၊ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် တာမွေမြို့မရဲစခန်းက (ပ)၁၁၇/၁၆ လက်နက်ဥပဒေပုဒ်မ ၁၉(စ)အရ အမှုဖွင့်အရေးယူထား သည့် အလုံမြို့နယ်နေ အောင်မြတ် ကျော်(ခ)ညီညီစိုး (ခ) မင်းခန့်(ခ) ညီညီ (၂၆နှစ်)ကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဆက်လက်စစ်ဆေးခဲ့ရာ ဒဂုံမြောက်ပိုင်း မြို့နယ်အတွင်းမှ စစ်သုံးလက်နက် ပစ္စည်းများနှင့်ဆက်သွယ်ရေးစက်၊ ဗုံး၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်နေဝေသာ ထွန်း(ခ)မျိုးဇော် (၃၄နှစ်)ကို ကွင်း ဆက်အဖြစ် ဆက်လက် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ၄င်းတို့နှစ်ဦးကိုစစ်ဆေးချက်အရ လှိုင်သာယာမြို့နယ်အတွင်း ပဒံကျေးရွာ ရွှေကမ်းသာ အိမ်ရာဝင်း အတွင်းရှိ တိုက်အမှတ် ၁၂ တွင် လက်နက်ပစ္စည်းများထား ရှိကြောင်း ဆက်လက်ပေါ်ပေါက်ခဲ့သည်။ စုံစမ်းပေါ်ပေါက်ချက်အရ အဆိုပါအိမ်ရာ တိုက်အမှတ် ၁၂သို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှုဖြင့် ဝင်ရောက်စစ်ဆေးခဲ့သည်။
အမှုတွင် ပါဝင်သူ ကျော်စိန် (စုံစမ်းဆဲ)နှင့်အေးချမ်း(စုံစမ်းဆဲ)တို့ နှစ်ဦးမှာ တိမ်းရှောင်သွားခဲ့ကြောင်း၊ အဆိုပါ နေအိမ်တိုက်ခန်းအတွင်း အသုံးအဆောင်၊ စာရွက်စာတမ်းများကိုလည်းကောင်း၊နေအိမ်အပေါ်ထပ် စတိုခန်းအတွင်းမှမြွေရေခွံ အိတ်ဖြင့်ထည့်ထားသည့် သေနတ်သုံးကျည်အတောင့် ရဝ၄ဝနှင့် ကျည် ဘောက်စ် ၁၉ ခု၊ ၁၂ ဒသမ ရ အမျိုးအစားလေယာဉ်ပစ်သေနတ်ကျည် အတောင့်၄၄ဝ၊ ၄၇ အမျိုးအစား ကျည်ခါးပတ် ၁၃ ခုထည့်လျက် ကျည်အတောင့်၁ဝဝဝ၊ အမဲဆီများ ပေနေသည့် စက်လတ်ကျည် ၅ဝဝ ဆံ့ကျည်မပါခါးပတ်နှစ်ခု၊ လေ့ကျင့် ရေးကျည် ၁၉၅တောင့်၊ အဝိုင်းပုံ စက်လတ်ကျည်အိမ်နှစ်ခု၊ မီးခိုး ဗုံးလေးလုံး၊ လက်နက်ကြီးပို့ကျည် ၁၂လုံး၊ ယမ်းတောင့် ၅၆ ထုပ်၊ အရှည် ၉၄ ပေ ခြောက်လက်မခန့်ရှိ မီးရှို့စနက်တံကြိုးရိုးရိုးတစ်ချောင်း၊ စက္ကူဘူးဖြင့် ထည့်ထားသည့် စနက်တံ ၁၉၅ ချောင်းတို့ကို တွေ့ ရှိသိမ်းဆည်းခဲ့သည်။ လက်နက်များ တရားမဝင်ထားရှိသူ အောင်မြတ်ကျော်(ခ)ညီညီစိုး(ခ)မင်းခန့်(ခ) ညီညီ၊ ဝေသာထွန်း (ခ)မျိုးဇော်နှင့် တိမ်းရှောင်နေသူကျော်စိန်(စုံစမ်းဆဲ) နှင့်အေးချမ်း (စုံစမ်းဆဲ)တို့နှစ်ဦးကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ သောင်ကြီးနယ်မြေရဲစခန်းက (ပ) ၈ဝ/၁၆ လက်နက်ဥပဒေပုဒ်မ ၁၉(စ)အရ အမှုဖွင့်အရေးယူထား ကြောင်း သတင်းများထွက်ပေါ် ခဲ့သည်။
''စိစစ်ဆောင်ရွက်ဆဲဖြစ်ပါတယ်။ ဘာမှပြောလို့ မရသေးပါ ဘူး။ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ ပြောသည်ဆိုပြီး အွန်လိုင်းပေါ်မှာတက်တက်လာတယ်။ ဘယ်သူမှမပေးသေးပါဘူး။တခြား ကိစ္စမေးရင်မေးပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးစုံစမ်းစစ်ဆေးနေပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ဒုတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဘိုက ပြောသည်။
တာမွေမြို့နယ်၌ရပ်ထားသော ယာဉ်ပေါ်မှ ပစ္စတိုတစ်လက်နှင့် ကျည်ဆန် ရ၂ တောင့် ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးကို ယခုလ ၆ရက်က ဖမ်းဆီးရမိခဲ့ပြီး ၄င်းအားစစ်ဆေးရာမှ မြောက်ဥက္ကလာပမြို့နယ်တွင် ယခုလ၁ဝရက် ကစိတ်ကြွရူးသွပ်ဆေးပြားသုံးသိန်းကျော် ထပ်မံဖမ်းဆီးရမိခဲ့သည်။
''အဲ့ဒါကတိုင်းကိုမေးရင်မေး၊ တိုင်းနဲ့ အခြားအဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်တာ။ အားလုံးချပြသင့် တဲ့အချိန်ရောက်ရင် ချပြမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့် လွင်က ပြောသည်။
တာမွေမြို့နယ်အတွင်း ကနဦး ဖမ်းဆီးရမိခဲ့သည့် ပစ္စတိုသေနတ်နှင့်အတူ တွေ့ရှိခဲ့သူမှာ ရခိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းနှင့် ဆက်စပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးတင်အောင်ထွန်းကပြောသည်။
The Union Daily
http://uniondaily.net