Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေဒၚလာေစ်းက်လို႔ ဘဏ္ေတြမဝယ္

$
0
0

အခုရက္အတြင္း အေမရိကန္ ေဒၚလာေဈး ဆက္တိုက္ က်ဆင္းေနတဲ့အတြက္ ေငြလဲ ေကာင္တာေတြနဲ႔ ပုဂၢလိကဘဏ္ေတြမွာ ေဒၚလာဝယ္ယူမွုကို ပိတ္ထားတဲ့ အထိ ျဖစ္ေန ပါတယ္။

ဒီအတြက္ ဗဟိုဘဏ္က ေငြလဲေကာင္တာေတြ နဲ႔ ဘဏ္ေတြက တာဝန္ရွိသူေတြကို ေခၚယူၿပီး ေဒၚလာေတြ ဆက္ဝယ္ဖို႔ ညႊန္ၾကားခဲ့ ပါတယ္။

ေဒၚလာေဈးဟာ ဒီႏွစ္ အေစာပိုင္း ကတည္းက ေဈးက်လာခဲ့ၿပီး အခုရက္အတြင္း တစ္ေန႔ကို ေဈးႏွုန္း က်ပ္ေငြ ဆယ္ဂဏန္းနဲ႔ ခ်ီၿပီး အက်ႏွုန္း ျမန္ဆန္လာခဲ့တာ ျဖစ္ပါတယ္။

ဗဟိုဘဏ္ရဲ့ သတ္မွတ္ႏွုန္း မွာေတာ့ ေဒၚလာေဈးဟာ အရင္ တစ္ေဒၚလာကို က်ပ္ ၁၃၀၀ ေက်ာ္ ရွိခဲ့ၿပီး ေဖေဖၚဝါရီ ၁၁ ရက္ေန႔ ေပါက္ေဈးကေတာ့ ၁၂၃၀ က်ပ္ပဲ ရွိပါေတာ့တယ္။

ဒါေၾကာင့္ ျပင္ပေငြလဲ ေကာင္တာေတြ ပုဂၢလိက ဘဏ္ေတြမွာ ေဒၚလာဝယ္ယူမွု ရပ္ဆိုင္းတာမ်ိဳးေတြ ရွိေနပါတယ္။

ထြန္းေဖာင္ေဒးရွင္းဘဏ္ ဥကၠဌ ဦးသိန္းထြန္းကေတာ့ ေန႔စဥ္ေငြလဲႏွုန္း အတက္အက် မ်ားေနတဲ့ အတြက္ ေငြအေျမာက္အမ်ား ဝယ္ယူရတဲ့ ဘဏ္ေတြ အရွုံးေပၚနိုင္ေၿခ ရွိလို႔ စိုးရိမ္ၿပီး မဝယ္ဘဲ ေနၾကတာမ်ိဳး ရွိနိုင္တယ္လို႔ဆိုပါတယ္။
ဆက္ဝယ္ဖို႔ ဗဟိုဘဏ္ ညႊန္ၾကား

ဒီအတြက္ ဗဟိုဘဏ္က ပုဂၢလိကဘဏ္ေတြနဲ႔ ျပင္ပ ေငြလဲေကာင္တာေတြက တာဝန္ရွိသူ ေတြကို ေခၚယူၿပီး ေဒၚလာ ဝယ္ယူဖို႔ ဝယ္ယူမွု ရပ္ဆိုင္းတဲ့ ဘဏ္ေတြကို အေရးယူ ေဆာင္ရြက္မယ္ ဆိုၿပီး ေျပာခဲ့တယ္လို႔ ဗဟိုဘဏ္ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ဒီလို ေဒၚလာေဈးဆက္တိုက္ က်ဆင္းေနတာက ကမၻာ့ေစ်းကြက္ အတက္အက် အတိုင္း လိုက္ျဖစ္တာလို႔ ယူဆနိုင္ၿပီး၊ မူးယစ္ေဆး ေရာင္းဝယ္မွုက ရတဲ့ ေဒၚလာေငြေတြ ေစ်းကြက္ထဲ အမ်ားႀကီး ဝင္လာေနတဲ့အတြက္ ေစ်းက်တာ ျဖစ္နိုင္ေၾကာင္း၊ ဗဟိုဘဏ္ အေနနဲ႔ ထိန္းခ်ဳပ္ဖို႔ အမ်ားႀကီး မတတ္နိုင္တဲ့ အေၾကာင္း စီးပြားေရးပညာရွင္ ဦးလွေမာင္က ေထာက္ျပပါတယ္။

ျပင္ပေဈးကြက္မွာေတာ့ ေဒၚလာ ေပါက္ေဈးက ဗဟိုဘဏ္သတ္မွတ္ႏွုန္းထက္ (၁၅) က်ပ္ေလာက္ ပိုမ်ားေနၿပီး အေရာင္းအဝယ္ ဆက္ရွိေနပါတယ္။

ေဒၚလာေဈး က်ဆင္းတဲ့ အတြက္ သြင္းကုန္ေဈးႏွုန္း က်ဆင္းၿပီး ကုန္ေဈးႏွုန္း က်ဆင္းတာမ်ိဳး ျဖစ္နိုင္တယ္ ဆိုေပမယ့္ ေဒၚလာေဈး အတက္အက် ၾကမ္းေနတာက စီးပြားေရး မတည္မၿငိမ္ ျဖစ္ေစတယ္လို႔ သုံးသပ္မွုေတြလဲ ရွိေနပါတယ္။

BBC Burmese
http://www.bbc.com/burmese

...............................................


အခုရက်အတွင်း အမေရိကန် ဒေါ်လာဈေး ဆက်တိုက် ကျဆင်းနေတဲ့အတွက် ငွေလဲ ကောင်တာတွေနဲ့ ပုဂ္ဂလိကဘဏ်တွေမှာ ဒေါ်လာဝယ်ယူမှုကို ပိတ်ထားတဲ့ အထိ ဖြစ်နေ ပါတယ်။

ဒီအတွက် ဗဟိုဘဏ်က ငွေလဲကောင်တာတွေ နဲ့ ဘဏ်တွေက တာဝန်ရှိသူတွေကို ခေါ်ယူပြီး ဒေါ်လာတွေ ဆက်ဝယ်ဖို့ ညွှန်ကြားခဲ့ ပါတယ်။

ဒေါ်လာဈေးဟာ ဒီနှစ် အစောပိုင်း ကတည်းက ဈေးကျလာခဲ့ပြီး အခုရက်အတွင်း တစ်နေ့ကို ဈေးနှုန်း ကျပ်ငွေ ဆယ်ဂဏန်းနဲ့ ချီပြီး အကျနှုန်း မြန်ဆန်လာခဲ့တာ ဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ သတ်မှတ်နှုန်း မှာတော့ ဒေါ်လာဈေးဟာ အရင် တစ်ဒေါ်လာကို ကျပ် ၁၃၀၀ ကျော် ရှိခဲ့ပြီး ဖေဖေါ်ဝါရီ ၁၁ ရက်နေ့ ပေါက်ဈေးကတော့ ၁၂၃၀ ကျပ်ပဲ ရှိပါတော့တယ်။

ဒါကြောင့် ပြင်ပငွေလဲ ကောင်တာတွေ ပုဂ္ဂလိက ဘဏ်တွေမှာ ဒေါ်လာဝယ်ယူမှု ရပ်ဆိုင်းတာမျိုးတွေ ရှိနေပါတယ်။

ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဌ ဦးသိန်းထွန်းကတော့ နေ့စဉ်ငွေလဲနှုန်း အတက်အကျ များနေတဲ့ အတွက် ငွေအမြောက်အများ ဝယ်ယူရတဲ့ ဘဏ်တွေ အရှုံးပေါ်နိုင်ခြေ ရှိလို့ စိုးရိမ်ပြီး မဝယ်ဘဲ နေကြတာမျိုး ရှိနိုင်တယ်လို့ဆိုပါတယ်။
ဆက်ဝယ်ဖို့ ဗဟိုဘဏ် ညွှန်ကြား

ဒီအတွက် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေနဲ့ ပြင်ပ ငွေလဲကောင်တာတွေက တာဝန်ရှိသူ တွေကို ခေါ်ယူပြီး ဒေါ်လာ ဝယ်ယူဖို့ ဝယ်ယူမှု ရပ်ဆိုင်းတဲ့ ဘဏ်တွေကို အရေးယူ ဆောင်ရွက်မယ် ဆိုပြီး ပြောခဲ့တယ်လို့ ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီလို ဒေါ်လာဈေးဆက်တိုက် ကျဆင်းနေတာက ကမ္ဘာ့စျေးကွက် အတက်အကျ အတိုင်း လိုက်ဖြစ်တာလို့ ယူဆနိုင်ပြီး၊ မူးယစ်ဆေး ရောင်းဝယ်မှုက ရတဲ့ ဒေါ်လာငွေတွေ စျေးကွက်ထဲ အများကြီး ဝင်လာနေတဲ့အတွက် စျေးကျတာ ဖြစ်နိုင်ကြောင်း၊ ဗဟိုဘဏ် အနေနဲ့ ထိန်းချုပ်ဖို့ အများကြီး မတတ်နိုင်တဲ့ အကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ထောက်ပြပါတယ်။

ပြင်ပဈေးကွက်မှာတော့ ဒေါ်လာ ပေါက်ဈေးက ဗဟိုဘဏ်သတ်မှတ်နှုန်းထက် (၁၅) ကျပ်လောက် ပိုများနေပြီး အရောင်းအဝယ် ဆက်ရှိနေပါတယ်။

ဒေါ်လာဈေး ကျဆင်းတဲ့ အတွက် သွင်းကုန်ဈေးနှုန်း ကျဆင်းပြီး ကုန်ဈေးနှုန်း ကျဆင်းတာမျိုး ဖြစ်နိုင်တယ် ဆိုပေမယ့် ဒေါ်လာဈေး အတက်အကျ ကြမ်းနေတာက စီးပွားရေး မတည်မငြိမ် ဖြစ်စေတယ်လို့ သုံးသပ်မှုတွေလဲ ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...