Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

၆ႏွစ္ အလုပ္မဆင္းတဲ့ စပိန္ဝန္ထမ္းကို ဒဏ္တပ္

$
0
0

စပိန္ နိုင္ငံမွာ အနည္းဆုံး ၆ ႏွစ္ၾကာ အလုပ္မဆင္းဘဲ ပ်က္ကြက္ ေနခဲ့တဲ့ သက္ႀကီး ဝန္ထမ္း တစ္ဦးကို သူ႔ရဲ့ တစ္ႏွစ္စာ လစာျဖစ္တဲ့ ယူရိုေငြ ၂၇,၀၀၀ ဒဏ္တပ္ လိုက္ပါတယ္။

၆၉ ႏွစ္အရြယ္ Joaquin Garcia ဆိုသူဟာ စြန္႔ပစ္ေရေတြ ကိုင္တြယ္တဲ့ အေဆာက္အုံကို ႀကီးၾကပ္ရသူ ျဖစ္ၿပီး၊ သူ႔ကို လုပ္သက္ ခံစားခြင့္ ေပးရမယ့္အခ်ိန္ ေရာက္ေတာ့မွ သူ အလုပ္ပ်က္ကြက္ ေနတာကို သတိထားမိၾကတာ ျဖစ္ပါတယ္။

သူကေတာ့ အလုပ္ပ်က္ကြက္တယ္ ဆိုတဲ့ စြဲခ်က္ကို ျငင္းဆို ခဲ့ေသးေပမယ့္ အာဏာပိုင္ေတြ ဘက္ကို တရား႐ုံးက အသာေပး လိုက္ၿပီး သူ႔ကို ဒဏ္တပ္ ခဲ့တာ ျဖစ္ပါတယ္။

မစၥတာ ဂါစီယာဟာ ေဒသ အာဏာပိုင္ေတြက လည္ပတ္တဲ့ ေရ ကုမၸဏီ တစ္ခုရဲ့ ဝန္ထမ္း ျဖစ္ၿပီး လစာ အျဖစ္ တစ္ႏွစ္ကို အခြန္မႏုတ္မီ ယူရို ၃၇,၀၀၀ ရပါတယ္။ သူ႔ကို ဒဏ္တပ္တဲ့ ပမာဏက သူ႔ရဲ့ တစ္ႏွစ္စာ အခြန္ႏုတ္ၿပီး လစာေငြ ျဖစ္ၿပီး အဲဒါဟာ ဥပေဒအရ အမ်ားဆုံး ဒဏ္တပ္နိုင္တဲ့ ပမာဏ ျဖစ္ပါတယ္။

႐ုံးခန္းခ်င္း မ်က္ႏွာခ်င္းဆိုင္က ေရကုမၸဏီရဲ့ အႀကီးအကဲက သူ႔ကို မေတြ႕ရတာ ႏွစ္နဲ႔ခ်ီၿပီ ဆိုတာကို တရား႐ုံးမွာ ထြက္ဆို ခဲ့ပါတယ္။

မစၥတာ ဂါစီယာကို ေဒသ အာဏာပိုင္ေတြက ႀကီးၾကပ္တယ္လို႔ ေရကုမၸဏီက ထင္ခဲ့သလို၊ ေဒသ အာဏာပိုင္ေတြ ကလည္း သူ႔ကို ေရကုမၸဏီက ႀကီးၾကပ္တယ္လို႔ ထင္ခဲ့ၾကတာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,


စပိန် နိုင်ငံမှာ အနည်းဆုံး ၆ နှစ်ကြာ အလုပ်မဆင်းဘဲ ပျက်ကွက် နေခဲ့တဲ့ သက်ကြီး ဝန်ထမ်း တစ်ဦးကို သူ့ရဲ့ တစ်နှစ်စာ လစာဖြစ်တဲ့ ယူရိုငွေ ၂၇,၀၀၀ ဒဏ်တပ် လိုက်ပါတယ်။

၆၉ နှစ်အရွယ် Joaquin Garcia ဆိုသူဟာ စွန့်ပစ်ရေတွေ ကိုင်တွယ်တဲ့ အဆောက်အုံကို ကြီးကြပ်ရသူ ဖြစ်ပြီး၊ သူ့ကို လုပ်သက် ခံစားခွင့် ပေးရမယ့်အချိန် ရောက်တော့မှ သူ အလုပ်ပျက်ကွက် နေတာကို သတိထားမိကြတာ ဖြစ်ပါတယ်။

သူကတော့ အလုပ်ပျက်ကွက်တယ် ဆိုတဲ့ စွဲချက်ကို ငြင်းဆို ခဲ့သေးပေမယ့် အာဏာပိုင်တွေ ဘက်ကို တရားရုံးက အသာပေး လိုက်ပြီး သူ့ကို ဒဏ်တပ် ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဂါစီယာဟာ ဒေသ အာဏာပိုင်တွေက လည်ပတ်တဲ့ ရေ ကုမ္ပဏီ တစ်ခုရဲ့ ဝန်ထမ်း ဖြစ်ပြီး လစာ အဖြစ် တစ်နှစ်ကို အခွန်မနုတ်မီ ယူရို ၃၇,၀၀၀ ရပါတယ်။ သူ့ကို ဒဏ်တပ်တဲ့ ပမာဏက သူ့ရဲ့ တစ်နှစ်စာ အခွန်နုတ်ပြီး လစာငွေ ဖြစ်ပြီး အဲဒါဟာ ဥပဒေအရ အများဆုံး ဒဏ်တပ်နိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။

ရုံးခန်းချင်း မျက်နှာချင်းဆိုင်က ရေကုမ္ပဏီရဲ့ အကြီးအကဲက သူ့ကို မတွေ့ရတာ နှစ်နဲ့ချီပြီ ဆိုတာကို တရားရုံးမှာ ထွက်ဆို ခဲ့ပါတယ်။

မစ္စတာ ဂါစီယာကို ဒေသ အာဏာပိုင်တွေက ကြီးကြပ်တယ်လို့ ရေကုမ္ပဏီက ထင်ခဲ့သလို၊ ဒေသ အာဏာပိုင်တွေ ကလည်း သူ့ကို ရေကုမ္ပဏီက ကြီးကြပ်တယ်လို့ ထင်ခဲ့ကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>