Quantcast
Viewing all articles

လမ်းမလျှောက် ဦးနှောက်ကျုံ့

Image may be NSFW.
Clik here to view.





။..............
 TV ကွန်ပျူတာရှေ့ အချိန်ကြာမြင့်စွာ ကြည့်သူများ။
လူတွေဟာ အသက်ကြီး လာရင် ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်မယ့် အစား ဆိုဖာပေါ် မှာပဲ ထိုင်ပြီး ရုပ်မြင်သံကြား ကြည့်နေမယ်ဆိုရင် ဦးနှောက်တွေဟာ ကျုံ့ဝင်သေးငယ် သွားနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုမှာ တွေ့ရပါတယ်။

ကျန်းမာရေး သိပ်မကောင်းတဲ့ လူကြီးပိုင်းတွေဟာ နှစ်ပေါင်း ၂၀ ကြာတဲ့အခါမှာ ဦးနှောက်ကျုံ့ လာတာကို Boston ဆေးတက္ကသိုလ် သုတေသီတွေ က တွေ့ခဲ့ ရကြောင်း ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ဂျာနယ် တစ်စောင်မှာ ဖော်ပြထားတာပါ။

 နှလုံး၊ အဆုတ်နဲ့ သွေး ဆိုင်ရာ လေ့လာနေတဲ့ နိုင်ငံလုံးဆိုင်ရာ စီမံချက်ချက် တရပ်ကို သုတေသနလုပ်နေတဲ့ Framingham နှလုံးလေ့လာရေးအဖွဲ့ FHS က လူပေါင်း ၁၅၀၀ ကျော် ကို သုတေသနပြုနေခဲ့တာကနေ အခုလို တွေ့ခဲ့ တာဖြစ်ပါတယ်။

သုတေသနပြုတာကို ခံယူနေသူတွေဟာ ပျှမ်းမျှ အသက် ၄၀တန်း ဖြစ်ကြပြီး သူတို့ဟာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ပျက်စီးချွတ်ယွင်းမှုနဲ့ နှလုံးရောဂါ မရှိကြသူတွေ ဖြစ်ပါတယ်။ သူတို့ကို လမ်းလျှောက်စက်တွေပေါ် လေ့ကျင့်ခိုင်း ခဲ့ပြီးစစ်ဆေးခဲ့တာပါ။

အနှစ်နှစ်ဆယ်ကြာပြီးတဲ့နောက် အဲဒီအုပ်စုကို လေ့လာကြည့်တဲ့ အခါမှာ နှလုံး၊ သွေးတိုးရောဂါတွေ ကင်းရှင်းသူ ၁၀၀၀ ကျော် လောက်ပဲကျန်တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)