Quantcast
Channel: MP4 YoU
Viewing all articles
ဗြိတိန် အမတ် မြန်မာပြည်မှာ သင်တန်းပေး
$
0
0
RFA Burmese
..............
 ဗြိတိန်နိုင်ငံက အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် Chloe Smith ကိုတွေ့ရစဉ်။ Photo: Wikipedia
ဗြိတိန်နိုင်ငံက အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် Chloe Smith က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လွှတ်တော်ကိုယ်စားလှယ်အသစ်တွေကို ပံ့ပိုးကူညီတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ တစ်ပတ်ကြာ သင်တန်းပေးမယ်လို့ သိရပါတယ်။
အဲဒီလိုကူညီဖို့ ကုလသမဂ္ဂနဲ့ Inter-Parliamentary Union တို့က သူ့ကို ကမ်းလှမ်းခဲ့တာဖြစ်တဲ့အတွက် ဒီမိုကရေစီလမ်းကွေ့ကိုရောက်နေတဲ့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်အသစ်တွေကိုကူညီခွင့်ရမှာဖြစ်လို့ သူ့အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း Chloe Smith က ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်မဲဆန္ဒနယ်မြေအတွက် ဘာတွေကို ဘယ်လို လုပ်ကိုင်ဆောင်ရွက်သင့်တယ်၊ နိုင်ငံနဲ့ပတ်သက်ရင် ဘာတွေေ ဆာင်ရွက်သင့်တယ်၊ တာဝန်ယူမှုနဲ့ ကိုယ်စားပြုမှုဆိုတာ ဘယ်လိုဖြစ်တယ်ဆိုတာတွေ ကို မြန်မာ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ပြောဆိုမှာဖြစ်တယ်လို့ သူကပြောပါတယ်။
Chloe Smith ဟာ အသက် ၃၃ နှစ်အရွယ်ဖြစ်ပြီး၊ ဗြိတိန်လွှတ်တော်မှာ ကွန်ဆားဗတစ် ပါတီရဲ့ ကိုယ်စားလှယ်ဖြစ်ပါတယ်။ သူဟာ ၂၀၀၉ ခုနှစ် ဇူလိုင်လ က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
Viewing all articles
Browse latest Browse all 13796
Trending Articles
တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )
ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...
စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link
၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ
ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း
ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ
ဆားပုလင်းနှင်းမောင်၏ နိဂုံး
ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ
ကရဝေး စိုက်ပျိုးနည်း
စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>