Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ယာဥ္ေၾကာေျပာင္းျပန္ေမာင္း လိုင္းကားယာဥ္ေၾကာင့္ ယာဥ္တိုက္မႈျဖစ္၊ ေလးဦးဒဏ္ရာရ

$
0
0


ရန္ကုန္ ေဖေဖာ္ဝါရီ ၁၃

ေဖေဖာ္ဝါရီ ၁၂ ရက္ ညေန ၆ နာရီခန္႔က ကမ္းနားလမ္းေဟာင္းအတုိင္း အေရွ႕မွ အေနာက္သုိ႔ ေမာင္းႏွင္လာ ေသာ ဗုိလ္တေထာင္-လိႈင္သာယာခရီးစဥ္ေျပးဆဲြေနသည့္ စံေဝလလုိင္းကားယာဥ္အမွတ္ ၄ခ/---- သည္ လသာ ၿမိဳ႕နယ္အတြင္း ယင္းလမ္းမေပၚ၌ ယာဥ္ေၾကာေျပာင္းျပန္ေမာင္းႏွင္ခဲ့သျဖင့္ လသာလမ္းႏွင့္ ကမ္းနားလမ္းေဟာင္း မီးပိြဳင့္လမ္းဆုံတြင္ မီးနီအခ်က္ျပထားေသာ္လည္း အရွိန္ျဖင့္ ျဖတ္ေက်ာ္ေမာင္းႏွင္လာမႈေၾကာင့္ အယ္လ္ဖာ့ ကုိယ္ပုိင္ ယာဥ္ 4I/----၏ ဝဲဘက္ျခမ္းကုိ တုိက္မိခဲ့သည္။

ယင္းေနာက္ လုိက္ေအ့စ္ ယာဥ္ငယ္ 7A/---- ၏ ဝဲဘက္ျခမ္းကုိ ထပ္မံတုိက္မိခဲ့ၿပီး ၁၉ လမ္းထိပ္ အေနာက္မွ အေရွ႕သြားယာဥ္ေၾကာေပၚရွိ လုိင္းကားမွတ္တုိင္အနီး လမ္းေဘးယာဥ္ရပ္နားရာေနရာရွိ ယာဥ္ငယ္မ်ားေရွ႕၌ ရပ္ သြားသည္။

လုိင္းကားေပၚ၌ ခရီးသည္အနည္းငယ္သာ လုိက္ပါစီးနင္းလာၿပီး ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လုိက္တုိ႔မွာ ယာဥ္ေပၚမွ ဆင္းေျပးသြားသည္ဟု ယင္းေနရာအနီးရွိ ျမင္ေတြ႕သူမ်ားက ဆုိသည္။

ထို႔ေနာက္ အယ္လ္ဖာ့ယာဥ္ေပၚမွ သုံးဦး၊ လုိက္ေအ့စ္ ယာဥ္ငယ္ေပၚမွ တစ္ဦး စုစုေပါင္းေလးဦးကို ရန္ကုန္ ေဆး႐ုံႀကီးသုိ႔ ပုိ႔ေဆာင္ေပးခဲ့သည္။ ယင္းျဖစ္စဥ္ေၾကာင့္ ယာဥ္သံုးစီးစလံုး၏ ေခါင္းပိုင္းဝဲဘက္ျခမ္းတုိ႔ ပ်က္စီးခဲ့ ေၾကာင္း သိရသည္။ ခင္ဆုိင္

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
........


ရန်ကုန် ဖေဖော်ဝါရီ ၁၃

ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၆ နာရီခန့်က ကမ်းနားလမ်းဟောင်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာ သော ဗိုလ်တထောင်-လှိုင်သာယာခရီးစဉ်ပြေးဆွဲနေသည့် စံဝေလလိုင်းကားယာဉ်အမှတ် ၄ခ/---- သည် လသာ မြို့နယ်အတွင်း ယင်းလမ်းမပေါ်၌ ယာဉ်ကြောပြောင်းပြန်မောင်းနှင်ခဲ့သဖြင့် လသာလမ်းနှင့် ကမ်းနားလမ်းဟောင်း မီးပွိုင့်လမ်းဆုံတွင် မီးနီအချက်ပြထားသော်လည်း အရှိန်ဖြင့် ဖြတ်ကျော်မောင်းနှင်လာမှုကြောင့် အယ်လ်ဖာ့ ကိုယ်ပိုင် ယာဉ် 4I/----၏ ဝဲဘက်ခြမ်းကို တိုက်မိခဲ့သည်။

ယင်းနောက် လိုက်အေ့စ် ယာဉ်ငယ် 7A/---- ၏ ဝဲဘက်ခြမ်းကို ထပ်မံတိုက်မိခဲ့ပြီး ၁၉ လမ်းထိပ် အနောက်မှ အရှေ့သွားယာဉ်ကြောပေါ်ရှိ လိုင်းကားမှတ်တိုင်အနီး လမ်းဘေးယာဉ်ရပ်နားရာနေရာရှိ ယာဉ်ငယ်များရှေ့၌ ရပ် သွားသည်။

လိုင်းကားပေါ်၌ ခရီးသည်အနည်းငယ်သာ လိုက်ပါစီးနင်းလာပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ယာဉ်ပေါ်မှ ဆင်းပြေးသွားသည်ဟု ယင်းနေရာအနီးရှိ မြင်တွေ့သူများက ဆိုသည်။

ထို့နောက် အယ်လ်ဖာ့ယာဉ်ပေါ်မှ သုံးဦး၊ လိုက်အေ့စ် ယာဉ်ငယ်ပေါ်မှ တစ်ဦး စုစုပေါင်းလေးဦးကို ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ယာဉ်သုံးစီးစလုံး၏ ခေါင်းပိုင်းဝဲဘက်ခြမ်းတို့ ပျက်စီးခဲ့ ကြောင်း သိရသည်။ ခင်ဆိုင်

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>