Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေရတာရွည္ၿမိဳ႔အဝင္တြင္ ကုန္တင္ယာဥ္ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္မိ

$
0
0

ေရတာရွည္ ေဖေဖာ္ဝါရီ ၁၃

ပဲခူးတုိင္းေဒသႀကီး ေရတာရွည္ၿမိဳ႕ ေျမာက္ဘက္အဝင္ ရန္ကုန္-မႏၲေလး ကားလမ္းေပၚတြင္ ေဖေဖာ္ဝါရီ ၁၃ ရက္ နံနက္ ၅ နာရီက ကုန္တင္ယာဥ္ ႏွစ္စီး မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေရတာရွည္ၿမိဳ႕ႏွင့္ ေညာင္ပင္သာေက်းရြာအၾကား ကား လမ္းမိုင္တုိင္အမွတ္ ၁၉၄/၄ တည့္ တည့္တြင္ ေတာင္မွေျမာက္သို႔ ေက်ာ္လင္းထြန္း(၂၃)ႏွစ္ ကြၽန္းႀကီး ေက်းရြာ ဇလြန္ၿမိဳ႕နယ္ေနသူေမာင္း ႏွင္လာေသာ 6H/-------နီဆန္း (၁၈)ဘီးယာဥ္သည္ အခင္းျဖစ္ ေနရာ၌ တစ္ဖက္ယာဥ္ေၾကာသို႔ ေရာက္ရွိကာ ေရွ႕မ်က္ႏွာခ်င္းဆိုင္ ဘက္မွ ေဇာ္ျမင့္ဦး(၂၁)ႏွစ္ နန႔္ဆန္ ၿမိဳ႕ေနသူ ေမာင္းႏွင္လာေသာ 3H/------ဖူဆိုကုန္တင္ယာဥ္အားဝင္ေရာက္တိုက္မိခ့ဲျခင္းျဖစ္သည္။

ယာဥ္တိုက္မႈေၾကာင့္ ယာဥ္ေမာင္းမ်ား ဒဏ္ရာရရွိျခင္းမရွိေၾကာင္း၊ ၄င္းတို႔အား ေရတာရွည္ၿမိဳ႕မရဲစခန္း က အမႈဖြင့္အေရးယူေဆာင္ရြက္ထား ေၾကာင္းသိရသည္။

ကိုလြင္(ဆြာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
.............


ရေတာရှည် ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ မြောက်ဘက်အဝင် ရန်ကုန်-မန္တလေး ကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၅ နာရီက ကုန်တင်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေတာရှည်မြို့နှင့် ညောင်ပင်သာကျေးရွာအကြား ကား လမ်းမိုင်တိုင်အမှတ် ၁၉၄/၄ တည့် တည့်တွင် တောင်မှမြောက်သို့ ကျော်လင်းထွန်း(၂၃)နှစ် ကျွန်းကြီး ကျေးရွာ ဇလွန်မြို့နယ်နေသူမောင်း နှင်လာသော 6H/-------နီဆန်း (၁၈)ဘီးယာဉ်သည် အခင်းဖြစ် နေရာ၌ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ ရှေ့မျက်နှာချင်းဆိုင် ဘက်မှ ဇော်မြင့်ဦး(၂၁)နှစ် နန့်ဆန် မြို့နေသူ မောင်းနှင်လာသော 3H/------ဖူဆိုကုန်တင်ယာဉ်အားဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းများ ဒဏ်ရာရရှိခြင်းမရှိကြောင်း၊ ၄င်းတို့အား ရေတာရှည်မြို့မရဲစခန်း က အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်းသိရသည်။

ကိုလွင်(ဆွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily


Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္တဲ့ ျမန္မာႏုိ္င္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီး သမၼတ...


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ဘုရင့္ေနာင္မွ ေတာင္ငူကို သိမ္းျခင္း


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ကရေ၀း စုိက္ပ်ိဳးနည္း


စပါး ⁠ေဖာင္စီးဂဏန္း က်⁠ေရာက္ပံု ⁠ႏွင့္ ကာကြယ္⁠ႏွိမ္နင္းနည္းမ်ား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>