Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အေမရိကန္ အာဆီယံ ထိပ္သီး ေဆြးေႏြးပြဲ စတင္မယ္

$
0
0
 တ႐ုတ္သမၼတ ရွီက်င္းပင္ကိုလည္း Sunnylands မွာပဲ သမၼတ အိုဘားမား ေတြ႕ဆုံ ခဲ့ပါတယ္။
ေဖေဖၚဝါရီလ ၁၅ ရက္ တနလၤာေန႔ မွာ အေမရိကန္ နဲ႔ အာဆီယံ ၁၀ နိုင္ငံ ရဲ့ ထိပ္သီး အစည္း အေဝးကို ကယ္လီဖိုးနီးယား ျပည္နယ္ သဲကႏၲရ ထဲက ဧက ၂၀၀ က်ယ္တဲ့ Sunnylands ဆိုတဲ့ အပန္းေၿဖ စခန္းႀကီး မွာ သမၼတ အိုဘားမား က အိမ္ရွင္ အျဖစ္ လက္ခံ က်င္းပ မွာ ျဖစ္ပါတယ္။

ဒီထိပ္သီး အစည္းအေဝး ကို ၂ ရက္ၾကာ က်င္းပ မွာ ျဖစ္ၿပီး၊ မဟာဗ်ဳဟာ ေျမာက္ အေရးပါတဲ့ ေတာင္တ႐ုတ္ ပင္လယ္ ျပင္ ကို ပိုင္စိုးနိုင္ေရး အတြက္ ယွဥ္ၿပိဳင္မွု ျပင္းထန္ ေနတဲ့ အေရး ကိစၥ အေပၚ သေဘာတူ နားလည္မွု တစုံတရာ ရယူ နိုင္ဖို႔ ထည့္သြင္း ေဆြးေႏြး ၾကနိုင္တယ္ လို႔ သတင္း တခ်ိဳ႕ က ဆိုပါတယ္။

အေမရိကန္ သမၼတ ေတြ အေနနဲ႔ အေရးႀကီးတဲ့ ဧည့္သည္ေတာ္ ေတြကို ဧည့္ခံ ေလ့ရွိတဲ့ Sunnylands စခန္းႀကီး ထဲမွာ အာဆီယံ ေခါင္းေဆာင္ ေတြ ကို ေတြ႕ဆုံ ၿပီး ထိပ္သီး ေဆြးေႏြးပြဲ လက္ခံ က်င္းပတာဟာ အာဆီယံ ေဒသ အေပၚ သမၼတ အိုဘားမား အစိုးရ က အေလးထား ေၾကာင္း ျပသမွု တစ္ရပ္ အျဖစ္ အိမ္ျဖဴေတာ္ က ရွုျမင္ ထားပါတယ္။

အခု ထိပ္သီး ေဆြးေႏြးပြဲ ကို သမၼတ ဦးသိန္းစိန္ တက္ေရာက္ မွာ မဟုတ္ပဲ ဒုသမၼတ တစ္ဦးျဖစ္တဲ့ ဦးဉာဏ္ထြန္း သြားေရာက္ မွာ ျဖစ္တယ္ လို႔ ျမန္မာ အစိုးရ က ထုတ္ျပန္ ထားပါတယ္။

သမၼတ အိုဘားမား လက္ထက္ ျမန္မာ နိုင္ငံ အပါအဝင္ အာဆီယံ ေဒသ အေပၚ အေမရိကန္ အစိုးရ ပိုမို အာ႐ုံ စိုက္ လာၿပီး ေဒသတြင္း တ႐ုတ္ နိုင္ငံ နဲ႔ မဟာဗ်ဳဟာ ေျမာက္ ယွဥ္ၿပိဳင္ နိုင္ဖို႔ ႀကိဳးစား လာခဲ့တယ္ လို႔ ဝါရွင္တန္ အေျခစိုက္ နိုင္ငံတကာ ဆက္ဆံေရး သုေတသန အဖြဲ႕ တစ္ခု CSIS က အေရွ႕ေတာင္အာရွ ေရးရာ အႀကံေပး အားနက္စ္ ေဘာင္ဝါ က ေျပာေၾကာင္း သတင္းတစ္ပုဒ္မွာ ကိုးကား ထားပါတယ္။

BBC Burmese
http://www.bbc.com/burmese
......
  တရုတ်သမ္မတ ရှီကျင်းပင်ကိုလည်း Sunnylands မှာပဲ သမ္မတ အိုဘားမား တွေ့ဆုံ ခဲ့ပါတယ်။
ဖေဖေါ်ဝါရီလ ၁၅ ရက် တနင်္လာနေ့ မှာ အမေရိကန် နဲ့ အာဆီယံ ၁၀ နိုင်ငံ ရဲ့ ထိပ်သီး အစည်း အဝေးကို ကယ်လီဖိုးနီးယား ပြည်နယ် သဲကန္တရ ထဲက ဧက ၂၀၀ ကျယ်တဲ့ Sunnylands ဆိုတဲ့ အပန်းဖြေ စခန်းကြီး မှာ သမ္မတ အိုဘားမား က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မှာ ဖြစ်ပါတယ်။

ဒီထိပ်သီး အစည်းအဝေး ကို ၂ ရက်ကြာ ကျင်းပ မှာ ဖြစ်ပြီး၊ မဟာဗျုဟာ မြောက် အရေးပါတဲ့ တောင်တရုတ် ပင်လယ် ပြင် ကို ပိုင်စိုးနိုင်ရေး အတွက် ယှဉ်ပြိုင်မှု ပြင်းထန် နေတဲ့ အရေး ကိစ္စ အပေါ် သဘောတူ နားလည်မှု တစုံတရာ ရယူ နိုင်ဖို့ ထည့်သွင်း ဆွေးနွေး ကြနိုင်တယ် လို့ သတင်း တချို့ က ဆိုပါတယ်။

အမေရိကန် သမ္မတ တွေ အနေနဲ့ အရေးကြီးတဲ့ ဧည့်သည်တော် တွေကို ဧည့်ခံ လေ့ရှိတဲ့ Sunnylands စခန်းကြီး ထဲမှာ အာဆီယံ ခေါင်းဆောင် တွေ ကို တွေ့ဆုံ ပြီး ထိပ်သီး ဆွေးနွေးပွဲ လက်ခံ ကျင်းပတာဟာ အာဆီယံ ဒေသ အပေါ် သမ္မတ အိုဘားမား အစိုးရ က အလေးထား ကြောင်း ပြသမှု တစ်ရပ် အဖြစ် အိမ်ဖြူတော် က ရှုမြင် ထားပါတယ်။

အခု ထိပ်သီး ဆွေးနွေးပွဲ ကို သမ္မတ ဦးသိန်းစိန် တက်ရောက် မှာ မဟုတ်ပဲ ဒုသမ္မတ တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ထွန်း သွားရောက် မှာ ဖြစ်တယ် လို့ မြန်မာ အစိုးရ က ထုတ်ပြန် ထားပါတယ်။

သမ္မတ အိုဘားမား လက်ထက် မြန်မာ နိုင်ငံ အပါအဝင် အာဆီယံ ဒေသ အပေါ် အမေရိကန် အစိုးရ ပိုမို အာရုံ စိုက် လာပြီး ဒေသတွင်း တရုတ် နိုင်ငံ နဲ့ မဟာဗျုဟာ မြောက် ယှဉ်ပြိုင် နိုင်ဖို့ ကြိုးစား လာခဲ့တယ် လို့ ဝါရှင်တန် အခြေစိုက် နိုင်ငံတကာ ဆက်ဆံရေး သုတေသန အဖွဲ့ တစ်ခု CSIS က အရှေ့တောင်အာရှ ရေးရာ အကြံပေး အားနက်စ် ဘောင်ဝါ က ပြောကြောင်း သတင်းတစ်ပုဒ်မှာ ကိုးကား ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>