Image may be NSFW. Clik here to view. ![]() |
ၾကက္ဖႀကီး အေကာင့္ပိုင္ရွင္ဆုိသူ ကိုလွဖုန္းကို မရမ္းကုန္းၿမိဳ႕နယ္တရားရုံးမွာ ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔က ပထမဆုံးအႀကိမ္ ရုံးထုတ္လာစဥ္။ Photo: Aung Thain Kha/ RFA |
ေလာေလာဆယ္ ဖမ္းဆီးခံထားရတဲ့ ကိုလွဖုန္း ဆုိသူဟာ ၾကက္ဖႀကီးအေကာင့္ပိုင္ရွင္ အစစ္အမွန္ မဟုတ္ဘူးလုိ႔ ကိုလွဖုန္းရဲ့ ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ က ေျပာပါတယ္။
"တရားစြဲဆို ခြင့္ျပဳမိန္႔ကို ဆက္သြယ္ေရးဦးစီးဌာနကို သူတို႔တင္ရဦးမယ္၊ လတ္တေလာအေျခအေန မွာေတာ့ တရားစြဲတင္မွာလား၊ မတင္ဘူးလား ဆိုတာေတာ့ ေျပာလို႔မရဘူး၊ ဘယလို႔မရလဲဆိုေတာ့ ရမန္ယူ တဲ့အဆင့္ပဲ၊ တရားစြဲတင္ဖို႔တြက္ အခ်က္အလက္မျပည့္စံုရင္လဲ ျပစ္မႈဆိုင္ရာက်င့္ထံုး ဥပေဒပုဒ္မ ၁၆၉နဲ႔ လႊတ္ႏိုင္တယ္၊ က်ေနာ္တို႔သိရသေလာက္ကေတာ့ အဂၤလိပ္ၾကက္ဖက အခုလက္ရွိဖမ္းခံထားရတဲ့သူမဟုတ္ ဘူးဆိုတာေတာ့ က်ေနာ္တို႔သိရတယ္၊ သူရဲ႕အေကာင့္က ျမန္မာလိုေရးတဲ့ၾကက္ဖႀကီးလဲမဟုတ္ဘူး၊ အဂၤလိပ္လိုေရးတဲ့ၾကက္ဖႀကီးလဲမဟုတ္ဘူး၊ ကိုဖုန္းဆိုတဲ့အေကာင့္ပဲ၊ အဂၤလိပ္ၾကက္ဖက က်ေနာ္တို႔ရွာတာ ၇ ေကာင္ေလာက္ေတြ႔တယ္၊ ျမန္မာစကားလံုးနဲ႔ ၾကက္ဖက ၅ ေကာင္ေလာက္ေတြ႔တယ္၊ တကယ္လို႔ သူသာဟုတ္ေနရင္ ဒီဟာက တက္စရာ အေၾကာင္းမရွိေတာ့ဘူး၊ ဒါေပမယ့္ တက္ေနတယ္ဆိုေတာ့၊ ဒီေပၚမွာလဲ တရားစြဲတဲ့အဖြဲ႔အစည္းက အမ်ားႀကီးစဥ္းစားမွာေပါ့"
ကိုလွဖုန္းက သူ႔ကို ၾကက္ဖႀကီး ဆိုၿပီး စြပ္စဲြဖမ္းဆီးထားတာလို႔ တရား႐ုံးထုတ္ရာမွာ သတင္းမီဒီယာသမားေတြ ကို ေျပာပါတယ္။
ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ ဒုတိယဗုိလ္မွဴးႀကီး စုိးဝင္းေမာ္က တရားလုိလုပ္ၿပီး မရမ္းကုန္းၿမိဳ႕နယ္ ရဲစခန္းမွာ သူ႔ကို ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆ (ဃ)နဲ႔ အမႈဖြင့္ခဲ့တာ ျဖစ္ပါတယ္။
ကိုလွဖုန္းဟာ သေဘၤာသားတစ္ဦး ျဖစ္ၿပီး ျမန္မာျပည္ျပန္ေရာက္တာဟာ တစ္လခန္႔သာ ရွိေသးတယ္လို႔ သိရပါတယ္။ သူ႔ကို ၾကက္ဖႀကီးအေကာင့္ပိုင္ရွင္ဆိုၿပီး ဖမ္းဆီးထားေပမယ့္ လက္ရွိအခ်ိန္ထိ ၾကက္ဖႀကီး အေကာင့္နဲ႔ ေဖ့စ္ဘြတ္ေပၚမွာ စာသားေတြတက္ေနဆဲ ျဖစ္ပါတယ္။
RFA Burmese
http://www.rfa.org/burmese
.......
ကြက်ဖကြီး အကောင့်ပိုင်ရှင်ဆိုသူ ကိုလှဖုန်းကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ်။ Photo: Aung Thain Kha/ RFA
နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဓာတ်ပုံတွေကို ပြုပြင်ပြီး ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့ ကြက်ဖကြီး အကောင့်ပိုင်ရှင်ဆိုသူ ကိုလှဖုန်းကို ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် တရားရုံးမှာ မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
လောလောဆယ် ဖမ်းဆီးခံထားရတဲ့ ကိုလှဖုန်း ဆိုသူဟာ ကြက်ဖကြီးအကောင့်ပိုင်ရှင် အစစ်အမှန် မဟုတ်ဘူးလို့ ကိုလှဖုန်းရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။
"တရားစွဲဆို ခွင့်ပြုမိန့်ကို ဆက်သွယ်ရေးဦးစီးဌာနကို သူတို့တင်ရဦးမယ်၊ လတ်တလောအခြေအနေ မှာတော့ တရားစွဲတင်မှာလား၊ မတင်ဘူးလား ဆိုတာတော့ ပြောလို့မရဘူး၊ ဘယလို့မရလဲဆိုတော့ ရမန်ယူ တဲ့အဆင့်ပဲ၊ တရားစွဲတင်ဖို့တွက် အချက်အလက်မပြည့်စုံရင်လဲ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၆၉နဲ့ လွှတ်နိုင်တယ်၊ ကျနော်တို့သိရသလောက်ကတော့ အင်္ဂလိပ်ကြက်ဖက အခုလက်ရှိဖမ်းခံထားရတဲ့သူမဟုတ် ဘူးဆိုတာတော့ ကျနော်တို့သိရတယ်၊ သူရဲ့အကောင့်က မြန်မာလိုရေးတဲ့ကြက်ဖကြီးလဲမဟုတ်ဘူး၊ အင်္ဂလိပ်လိုရေးတဲ့ကြက်ဖကြီးလဲမဟုတ်ဘူး၊ ကိုဖုန်းဆိုတဲ့အကောင့်ပဲ၊ အင်္ဂလိပ်ကြက်ဖက ကျနော်တို့ရှာတာ ရ ကောင်လောက်တွေ့တယ်၊ မြန်မာစကားလုံးနဲ့ ကြက်ဖက ၅ ကောင်လောက်တွေ့တယ်၊ တကယ်လို့ သူသာဟုတ်နေရင် ဒီဟာက တက်စရာ အကြောင်းမရှိတော့ဘူး၊ ဒါပေမယ့် တက်နေတယ်ဆိုတော့၊ ဒီပေါ်မှာလဲ တရားစွဲတဲ့အဖွဲ့အစည်းက အများကြီးစဉ်းစားမှာပေါ့"
ကိုလှဖုန်းက သူ့ကို ကြက်ဖကြီး ဆိုပြီး စွပ်စွဲဖမ်းဆီးထားတာလို့ တရားရုံးထုတ်ရာမှာ သတင်းမီဒီယာသမားတွေ ကို ပြောပါတယ်။
ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး စိုးဝင်းမော်က တရားလိုလုပ်ပြီး မရမ်းကုန်းမြို့နယ် ရဲစခန်းမှာ သူ့ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ကိုလှဖုန်းဟာ သင်္ဘောသားတစ်ဦး ဖြစ်ပြီး မြန်မာပြည်ပြန်ရောက်တာဟာ တစ်လခန့်သာ ရှိသေးတယ်လို့ သိရပါတယ်။ သူ့ကို ကြက်ဖကြီးအကောင့်ပိုင်ရှင်ဆိုပြီး ဖမ်းဆီးထားပေမယ့် လက်ရှိအချိန်ထိ ကြက်ဖကြီး အကောင့်နဲ့ ဖေ့စ်ဘွတ်ပေါ်မှာ စာသားတွေတက်နေဆဲ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese