Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

သာယာဝတီေထာင္တြင္ အမႈရင္ဆိုင္ေနသည့္ ဝန္းရံျပည္သူ ၂ ဦး၏ အာမခံေလွ်ာက္ထားမႈ ေဖေဖာ္ဝါရီ ၂၃ တြင္ အမိန္႔ခ်မည္

$
0
0


အမ်ိဳးသားပညာေရး ဥပေဒကို ျပင္ဆင္ႏိုင္ေရး ဆႏၵထုတ္ေဖာ္သူမ်ားအနက္ သာယာဝတီေထာင္ အတြင္း ဖမ္းဆီးခံထားရသူမ်ားမွ ဝန္းရံျပည္သူႏွစ္ဦး အာမခံ ေလွ်ာက္ထားမႈကို ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔တြင္ သာယာဝတီၿမိဳ႕နယ္ တရား႐ံုးမွ အမိန္႔ခ်မွတ္မည္ ျဖစ္ေၾကာင္း ေက်ာင္းသားမ်ား၏ ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔ ႐ံုးခ်ိန္းမွ သိရွိရသည္။

က်န္းမာေရးခ်ိဳ႕တဲ့မႈေၾကာင့္ ဝန္းရံျပည္သူႏွစ္ဦးျဖစ္သည့္ ကိုခင္ေမာင္ဝင္းႏွင့္ ကိုစန္းလြင္ဦးတို႔ ႏွစ္ဦးကို ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔တြင္ သက္ဆိုင္ရာ ေဆးခန္းမ်ားမွ ေဆးစာမ်ားႏွင့္အတူ သာယာဝတီၿမိဳ႕နယ္ တရား႐ံုးတြင္ ေလွ်ာက္ထားခဲ့ျခင္းျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔ ႐ံုးခ်ိန္းတြင္ အာမခံေပးျခင္းရွိ၊ မရွိကို အမိန္႔ခ်မွတ္မည္ျဖစ္ေၾကာင္း သိရသည္။

“သူတို႔ႏွစ္ဦးက က်န္းမာေရးမေကာင္းလို႔ ေထာင္အတြင္းမွ တစ္ရက္ျခား ေဆးခန္းျပေနရသူေတြပါ။ အျပင္ ေဆးခန္းေတြကလည္း ျပန္လည္ စစ္ေဆးဖို႔ ရက္ခ်ိန္းေတြ ေပးထားတာေတြလည္း ရွိတယ္။ ဒါေတြကို စုၿပီးေတာ့ ၿမိဳ႕နယ္တရား႐ံုးမွာ တင္ခဲ့တာပါ” ဟု ေက်ာင္းသားမ်ား၏ ေရွ႕ေနအျဖစ္ ေဆာင္ရြက္ေပးေနသူ ေဒၚခင္ခင္ေက်ာ္ က ေျပာသည္။

ကိုခင္ေမာင္ဝင္းသည္ ေသြးတိုးေရာဂါႏွင့္ ႏွလံုးေရာဂါကို ခံစားေနရသူျဖစ္ၿပီး ၎အတြက္ အာမခံ ေလွ်ာက္ထား မႈ ၃ ႀကိမ္မွာ ပယ္ခ်ခံခဲ့ရသည့္ အတြက္ ၄ ႀကိမ္ေျမာက္ ထပ္မံေလွ်ာက္ထားျခင္း ျဖစ္ကာ၊ ကိုစန္းလြင္ဦးမွာ ခါးနာသည့္ ေဝဒနာအျပင္ အျခားေဝဒနာမ်ား ခံစားေနရသည့္အတြက္ ျပင္ပေဆးခန္းမ်ားတြင္ ေဆးကုသမႈ ရရွိႏိုင္ရန္ ေလွ်ာက္ထားျခင္း ျဖစ္ေၾကာင္း ေဒၚခင္ခင္ေက်ာ္က ဆိုသည္။

ကိုခင္ေမာင္ဝင္းႏွင့္ ကိုစန္းလြင္ဦး တို႔ႏွစ္ဦးမွာ ၂၀၁၅ ခုႏွစ္ မတ္လ ၁၀ ရက္ေန႔က လက္ပံတန္းၿမိဳ႕နယ္ တြင္ အမ်ိဳးသားပညာေရး ဥပေဒ ျပင္ဆင္ႏိုင္ေရး ဆႏၵေဖာ္ထုတ္ရာတြင္ ဝန္းရံသူမ်ားအျဖစ္ ပါဝင္ခဲ့ၾကၿပီး ပုဒ္မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ) တို႔ျဖင့္ သာယာဝတီၿမိဳ႕နယ္ တရား႐ံုးတြင္ တရားရင္ဆိုင္ေနရသူမ်ား ျဖစ္သည္။

အမ်ိဳးသားပညာေရး ဥပေဒကို ျပင္ဆင္ႏိုင္ေရး ဆႏၵေဖာ္ထုတ္သည့္အတြက္ သာယာဝတီေထာင္ အတြင္း ေက်ာင္းသားႏွင့္ ဝန္းရံျပည္သူ ၆၈ ဦး ရွိခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ က်န္းမာေရး မေကာင္းေသာေၾကာင့္ အာမခံရရွိထားသူ ၂၃ ဦးရွိၿပီးျဖစ္ၿပီး သာယာဝတီေထာင္ အတြင္း ၄၅ ဦးသာ က်န္ရွိေတာ့ေၾကာင္း သိရသည္။

သတင္း - MMK
Photo - Sumlut Gun
The Ladies News
https://www.facebook.com/News.TheLadies
..............


အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်နိုင်ရေး ဆန္ဒထုတ်ဖော်သူများအနက် သာယာဝတီထောင် အတွင်း ဖမ်းဆီးခံထားရသူများမှ ဝန်းရံပြည်သူနှစ်ဦး အာမခံ လျှောက်ထားမှုကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် သာယာဝတီမြို့နယ် တရားရုံးမှ အမိန့်ချမှတ်မည် ဖြစ်ကြောင်း ကျောင်းသားများ၏ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ရုံးချိန်းမှ သိရှိရသည်။

ကျန်းမာရေးချို့တဲ့မှုကြောင့် ဝန်းရံပြည်သူနှစ်ဦးဖြစ်သည့် ကိုခင်မောင်ဝင်းနှင့် ကိုစန်းလွင်ဦးတို့ နှစ်ဦးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် သက်ဆိုင်ရာ ဆေးခန်းများမှ ဆေးစာများနှင့်အတူ သာယာဝတီမြို့နယ် တရားရုံးတွင် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ရုံးချိန်းတွင် အာမခံပေးခြင်းရှိ၊ မရှိကို အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

“သူတို့နှစ်ဦးက ကျန်းမာရေးမကောင်းလို့ ထောင်အတွင်းမှ တစ်ရက်ခြား ဆေးခန်းပြနေရသူတွေပါ။ အပြင် ဆေးခန်းတွေကလည်း ပြန်လည် စစ်ဆေးဖို့ ရက်ချိန်းတွေ ပေးထားတာတွေလည်း ရှိတယ်။ ဒါတွေကို စုပြီးတော့ မြို့နယ်တရားရုံးမှာ တင်ခဲ့တာပါ” ဟု ကျောင်းသားများ၏ ရှေ့နေအဖြစ် ဆောင်ရွက်ပေးနေသူ ဒေါ်ခင်ခင်ကျော် က ပြောသည်။

ကိုခင်မောင်ဝင်းသည် သွေးတိုးရောဂါနှင့် နှလုံးရောဂါကို ခံစားနေရသူဖြစ်ပြီး ၎င်းအတွက် အာမခံ လျှောက်ထား မှု ၃ ကြိမ်မှာ ပယ်ချခံခဲ့ရသည့် အတွက် ၄ ကြိမ်မြောက် ထပ်မံလျှောက်ထားခြင်း ဖြစ်ကာ၊ ကိုစန်းလွင်ဦးမှာ ခါးနာသည့် ဝေဒနာအပြင် အခြားဝေဒနာများ ခံစားနေရသည့်အတွက် ပြင်ပဆေးခန်းများတွင် ဆေးကုသမှု ရရှိနိုင်ရန် လျှောက်ထားခြင်း ဖြစ်ကြောင်း ဒေါ်ခင်ခင်ကျော်က ဆိုသည်။

ကိုခင်မောင်ဝင်းနှင့် ကိုစန်းလွင်ဦး တို့နှစ်ဦးမှာ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့နယ် တွင် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်နိုင်ရေး ဆန္ဒဖော်ထုတ်ရာတွင် ဝန်းရံသူများအဖြစ် ပါဝင်ခဲ့ကြပြီး ပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ) တို့ဖြင့် သာယာဝတီမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရသူများ ဖြစ်သည်။

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်နိုင်ရေး ဆန္ဒဖော်ထုတ်သည့်အတွက် သာယာဝတီထောင် အတွင်း ကျောင်းသားနှင့် ဝန်းရံပြည်သူ ၆၈ ဦး ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ကျန်းမာရေး မကောင်းသောကြောင့် အာမခံရရှိထားသူ ၂၃ ဦးရှိပြီးဖြစ်ပြီး သာယာဝတီထောင် အတွင်း ၄၅ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

သတင်း - MMK
Photo - Sumlut Gun
The Ladies News
https://www.facebook.com/News.TheLadies

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>