Quantcast
Channel: MP4 YoU
Viewing all articles
အော်ဒါ အရနည်းပါးလို့ စက်ရုံ လုပ်သား ၇၀ အလုပ်ထုတ်ခံရမည်
$
0
0
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စက်မှုဇုန်မှာရှိတဲ့ Myanmar Handsome အထည်ချုပ်စက်ရုံမှာ လုပ်သားအင်အားနဲ့ အထည်မှာယူမှု မညီမျှတာ ကြောင့် အလုပ်သမား ၇၀ ကို အလုပ်ကနေထုတ်ပယ်မှာဖြစ်ကြောင်း ကြေညာထား တယ်လို့ သိရပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အလုပ်သမား ၇၀ ကို အလုပ်က ထုတ်ပယ်မှာဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိကြောင်း Myanmar Handsome အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး ကိုကြည်လင်းခိုင်က ပြောပါတယ်။
"သူတို့အကြောင်းပြတာကတော့ လုပ်သားအင်အားနဲ့ အော်ဒါနဲ့ မမျှလို့ဆိုပြီးတော့ အလုပ်ထုတ်တာပဲ၊ ကြော်ငြာစာ ကပ်လိုက်တာကတော့ ၇ဝ ပါ၊ ဇန်နဝါရီလ ၂၂ ရက်မှာ ကြော်ငြာစာ ကပ်ပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အလုပ်ကထုတ်ပယ်တယ်လို့ စာကပ်တာ၊ တစ်ကယ်ကတော့ အပြင်မှာ သူက နောက်ထပ် စက်ရုံတစ်ရုံထပ် ဆောက်ထားတာ၊ အဲ့ဖက်စက်ရုံကိုအော်ဒါပေးပြီး၊ ဒီဖက်ကိုကျတော့ နည်းနည်းပဲ ပေးတာ"
RFA Burmese
..........
 ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တစ်ခုက အလုပ်သမားတချို့ကို တွေ့ရစဉ်။ Photo: RFA
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် စက်မှုဇုန်မှာရှိတဲ့ Myanmar Handsome အထည်ချုပ်စက်ရုံမှာ လုပ်သားအင်အားနဲ့ အထည်မှာယူမှု မညီမျှတာ ကြောင့် အလုပ်သမား ရ၀ ကို အလုပ်ကနေထုတ်ပယ်မှာဖြစ်ကြောင်း ကြေညာထား တယ်လို့ သိရပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အလုပ်သမား ရ၀ ကို အလုပ်က ထုတ်ပယ်မှာဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိကြောင်း Myanmar Handsome အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး ကိုကြည်လင်းခိုင်က ပြောပါတယ်။
"သူတို့အကြောင်းပြတာကတော့ လုပ်သားအင်အားနဲ့ အော်ဒါနဲ့ မမျှလို့ဆိုပြီးတော့ အလုပ်ထုတ်တာပဲ၊ ကြော်ငြာစာ ကပ်လိုက်တာကတော့ ရဝ ပါ၊ ဇန်နဝါရီလ ၂၂ ရက်မှာ ကြော်ငြာစာ ကပ်ပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အလုပ်ကထုတ်ပယ်တယ်လို့ စာကပ်တာ၊ တစ်ကယ်ကတော့ အပြင်မှာ သူက နောက်ထပ် စက်ရုံတစ်ရုံထပ် ဆောက်ထားတာ၊ အဲ့ဖက်စက်ရုံကိုအော်ဒါပေးပြီး၊ ဒီဖက်ကိုကျတော့ နည်းနည်းပဲ ပေးတာ"
အဲဒီစက်ရုံမှာ အလုပ်သမား ၄၀၀ ကျော်ရှိပြီး အလုပ်ထုတ်ပယ်ခံရမယ့်အထဲက ၄၆ ယောက်ဟာ လျော်ကြေးငွေယူပြီး အလုပ်ကနေထွက်သွားဖို့ သဘောတူ ထားတယ်လို့ သိရပါတယ်။ ကျန်တဲ့ ၂၄ ယောက်က အလုပ်ဆက်လက် လုပ်ကိုင်လိုကြသူ တွေဖြစ်ပါတယ်။ အလုပ်ထုတ်ခံရမယ့် အလုပ်သမားတွေဟာ လုပ်သက် တစ်နှစ်ကနေ ၃နှစ်အထိ ရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အလုပ်ရှင်/ အလုပ်သမား စာချုပ်မှာ လက်မှတ်မထိုးတာကြောင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၉ ဦးကိုလည်း အလုပ်ကနေ ထုတ်ပယ်ထားတယ်လို့ သိရပါတယ်။
အလုပ်သမားတွေက မြို့နယ်အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးရုံးထံ တိုင်ကြားထားတယ်လို့လည်း သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
Viewing all articles
Browse latest Browse all 13796
Trending Articles
မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး
တားမြစ်ထားတဲ့ သီချင်းလေးတွေ...
ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ
မောင်ကိန်းရွှေဆိုင်ဓားပြတိုက်သူမှာလောက်ကိုင် အမျိုး သား လွှတ် တော် ကိုယ် စား...
သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်
၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...
ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ
၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...
သမားဇာနည်တို့ မွေးဖွားရာမြေ (THE NATIVE OF THAMAR ZARNI)
ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>