Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

မူလတန္းဆရာ တစ္သိန္းေက်ာ္တိုးခ်ဲ႕ခန႔္အပ္မယ္

$
0
0
 ပညာေရး စနစ္ ကို ျပဳျပင္ေျပာင္းလဲေတာ့မယ္ ဆိုရင္ ဆရာေတြရဲ့ အရည္အခ်င္း အျပင္ နိုင္ငံေတာ္ အစိုးရ အေနနဲ႔ ဘယ္ေလာက္ အထိ ပံ့ပိုး ေပး နိုင္သလဲ ဆိုတာ ကိုပါ ထည့္သြင္း စဥ္းစားရမွာ ျဖစ္
အေျခခံပညာ မူလတန္း ေက်ာင္းမ်ားမွာ ဖြဲ႕စည္းပုံ ျပင္ဆင္ ေျပာင္းလဲၿပီး ဆရာ ေတြ တစ္သိန္းေက်ာ္ တိုးခ်ဲ႕ ခန႔္ထားမယ္လို႔ ပညာေရး ဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၉ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္ ျပည္ေထာင္စု အစိုးရ အဖြဲ႕ အစည္းအေဝး သေဘာတူညီခ်က္ အရ မူလတန္း ေက်ာင္း တစ္ေက်ာင္းမွာ ေက်ာင္းအုပ္တစ္ဦး၊ မူလတန္းၿပ ဆရာ ၆ ဦး၊ ၿပီးေတာ့ အေထြေထြ လုပ္သား တစ္ဦး တို႔နဲ႔ ျပင္ဆင္ ေျပာင္းလဲ ဖြဲ႕စည္းမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ နယ္ၿမိဳ႕ေတြက ေက်ာင္းေတြမွာ ဆရာ ၂ ဦး ၃ ဦးသာ ရွိေနၿပီး ဆရာ အခ်ိဳးအစား မညီမၽွတာေတြ၊ တကယ္ လိုအပ္ေနတဲ့ ေနရာေတြမွာ ဆရာ မရွိပဲ၊ မလိုအပ္တဲ့ ေနရာေတြမွာ ဆရာေတြ ပိုေနတယ္လို႔ အေျခခံပညာ ဦးစီးဌာန ဦးစီး အရာရွိ ဦးေငြတိုးက ေျပာပါတယ္။

သိန္းနဲ႔ခ်ီၿပီး အရည္အခ်င္း ျပည့္ဝတဲ့ ဆရာေတြ ရေအာင္ ရွာဖို႔ အတြက္ ပညာေရး ေကာလိပ္ေတြကေန ရွာေဖြမွာ ျဖစ္ေၾကာင္း သိရွိရပါတယ္။

ေလ့က်င့္သား ျပည့္ဝတဲ့ ဆရာ ေကာင္းေတြ ျဖစ္လာဖို႔ အတြက္ ႏွစ္ခ်ီ ေလ့က်င့္ ခဲ့ရၿပီး လတ္တေလာ သိန္းနဲ႔ခ်ီတဲ့ ဆရာေတြ ျဖည့္တင္း ရမယ္ဆိုတဲ့ အတြက္ အခက္အခဲေတြ ရွိနိုင္တယ္လို႔ ေျပာပါတယ္။

ပညာေရး ဝန္ႀကီး ဌာနက ထုတ္ျပန္တဲ့ အမိန႔္စာ ထြက္လာခဲ့ၿပီး ျဖစ္ေပမယ့္ အခု ပညာသင္ ႏွစ္မွာ ဆရာ အင္အား ျဖည့္တင္းမွာလား၊ ဒါမွမဟုတ္ ဘယ္အခ်ိန္မွာ ျဖည့္တင္းမွာလဲ ဆိုတာကိုေတာ့ မသိရေသးဘူးလို႔ ဆိုပါတယ္။

ပညာေရး စနစ္ ကို ျပဳျပင္ေျပာင္းလဲေတာ့မယ္ ဆိုရင္ ဆရာေတြရဲ့ အရည္အခ်င္း အျပင္ နိုင္ငံေတာ္ အစိုးရ အေနနဲ႔ ဘယ္ေလာက္ အထိ ပံ့ပိုး ေပး နိုင္သလဲ ဆိုတာ ကိုပါ ထည့္သြင္း စဥ္းစားရမွာ ျဖစ္တယ္လို႔ ေျပာၾကား ခဲ့ပါတယ္။

BBC Burmese
http://www.bbc.com/burmese

.............
  ပညာရေး စနစ် ကို ပြုပြင်ပြောင်းလဲတော့မယ် ဆိုရင် ဆရာတွေရဲ့ အရည်အချင်း အပြင် နိုင်ငံတော် အစိုးရ အနေနဲ့ ဘယ်လောက် အထိ ပံ့ပိုး ပေး နိုင်သလဲ ဆိုတာ ကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်
အခြေခံပညာ မူလတန်း ကျောင်းများမှာ ဖွဲ့စည်းပုံ ပြင်ဆင် ပြောင်းလဲပြီး ဆရာ တွေ တစ်သိန်းကျော် တိုးချဲ့ ခန့်ထားမယ်လို့ ပညာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ပြည်ထောင်စု အစိုးရ အဖွဲ့ အစည်းအဝေး သဘောတူညီချက် အရ မူလတန်း ကျောင်း တစ်ကျောင်းမှာ ကျောင်းအုပ်တစ်ဦး၊ မူလတန်းပြ ဆရာ ၆ ဦး၊ ပြီးတော့ အထွေထွေ လုပ်သား တစ်ဦး တို့နဲ့ ပြင်ဆင် ပြောင်းလဲ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ဒါပေမယ့် နယ်မြို့တွေက ကျောင်းတွေမှာ ဆရာ ၂ ဦး ၃ ဦးသာ ရှိနေပြီး ဆရာ အချိုးအစား မညီမျှတာတွေ၊ တကယ် လိုအပ်နေတဲ့ နေရာတွေမှာ ဆရာ မရှိပဲ၊ မလိုအပ်တဲ့ နေရာတွေမှာ ဆရာတွေ ပိုနေတယ်လို့ အခြေခံပညာ ဦးစီးဌာန ဦးစီး အရာရှိ ဦးငွေတိုးက ပြောပါတယ်။

သိန်းနဲ့ချီပြီး အရည်အချင်း ပြည့်ဝတဲ့ ဆရာတွေ ရအောင် ရှာဖို့ အတွက် ပညာရေး ကောလိပ်တွေကနေ ရှာဖွေမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

လေ့ကျင့်သား ပြည့်ဝတဲ့ ဆရာ ကောင်းတွေ ဖြစ်လာဖို့ အတွက် နှစ်ချီ လေ့ကျင့် ခဲ့ရပြီး လတ်တလော သိန်းနဲ့ချီတဲ့ ဆရာတွေ ဖြည့်တင်း ရမယ်ဆိုတဲ့ အတွက် အခက်အခဲတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။

ပညာရေး ဝန်ကြီး ဌာနက ထုတ်ပြန်တဲ့ အမိန့်စာ ထွက်လာခဲ့ပြီး ဖြစ်ပေမယ့် အခု ပညာသင် နှစ်မှာ ဆရာ အင်အား ဖြည့်တင်းမှာလား၊ ဒါမှမဟုတ် ဘယ်အချိန်မှာ ဖြည့်တင်းမှာလဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပညာရေး စနစ် ကို ပြုပြင်ပြောင်းလဲတော့မယ် ဆိုရင် ဆရာတွေရဲ့ အရည်အချင်း အပြင် နိုင်ငံတော် အစိုးရ အနေနဲ့ ဘယ်လောက် အထိ ပံ့ပိုး ပေး နိုင်သလဲ ဆိုတာ ကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>