ျမန္မာႏိုင္ငံနဲ႔ ကုန္သြယ္ေရး တိုးျမင့္ႏိုင္ဖို႔အတြက္ အိႏၵိယ အစိုးရက အိႏၵိယ ျမန္မာ နယ္စပ္မွာ ကုန္သြယ္ေရး ဂိတ္ ၉ ခု ဖြင့္လွစ္သြားမယ္လို႔ သိရပါတယ္။
ျမန္မာႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ Arunachal Pradesh ျပည္နယ္၊ Nagaland ျပည္နယ္၊ မဏိပူရ ျပည္နယ္နဲ႔ မီဇိုရမ္ ျပည္နယ္မွာ နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြ ဖြင့္လွစ္မွာ ျဖစ္ၿပီး ဒီကိစၥကို ၂၀၁၂ ခုႏွစ္တုန္းက ျမန္မာ အစိုးရနဲ႔ သေဘာတူခဲ့တာလို႔ The Statesman သတင္းမွာ ေဖာ္ျပထား ပါတယ္။
အိႏၵိယ အစိုးရအတြက္ အာဆီယံ အသင္းဝင္ ႏိုင္ငံေတြနဲ႔ ကုန္သြယ္ေရးတိုးျမင့္မႈဟာ အိႏၵိယအတြက္ ဦးစားေပး လုပ္ငန္း တခုျဖစ္ၿပီး အခုေလာေလာဆယ္ အာဆီယံအသင္းဟာ အိႏၵိယရဲ့ စတုတၳအႀကီးမားဆုံး ကုန္သြယ္ဘက္ ျဖစ္တယ္လို႔လည္း သိရပါတယ္။
အိႏၵိယ၊ ျမန္မာနဲ႔ ထိုင္းႏိုင္ငံကို ဆက္သြယ္ေပးမယ့္ ဟိုင္းေဝးလမ္းမ တည္ေဆာက္ေရး စီမံကိန္းလည္း တိုးတက္မႈေတြရွိေနၿပီး ၂၀၁၈ ခုႏွစ္မွာ အဲဒီလမ္းကို စတင္အသုံးျပဳႏိုင္ဖို႔ စီစဥ္ေနၾကပါတယ္။
အဲဒီလမ္းမက ကီလိုမီတာ ၃၂၀၀ ရွည္တဲ့ လမ္းမ ျဖစ္ၿပီး အိႏၵိယ ႏိုင္ငံ မိုရယ္ၿမိဳ႕ကို မႏၱေလးၿမိဳ႕နဲ႔ ဆက္သြယ္ေပးမွာ ျဖစ္သလို မႏၱေလး ကေနတဆင့္ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕ကို ဆက္သြယ္ေပးမွာ ျဖစ္ပါတယ္။
ABC Radio Australia
http://www.radioaustralia.net.au/burmese
...............
(Credit: Reuters)
မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး တိုးမြင့်နိုင်ဖို့အတွက် အိန္ဒိယ အစိုးရက အိန္ဒိယ မြန်မာ နယ်စပ်မှာ ကုန်သွယ်ရေး ဂိတ် ၉ ခု ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ Arunachal Pradesh ပြည်နယ်၊ Nagaland ပြည်နယ်၊ မဏိပူရ ပြည်နယ်နဲ့ မီဇိုရမ် ပြည်နယ်မှာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ဖွင့်လှစ်မှာ ဖြစ်ပြီး ဒီကိစ္စကို ၂၀၁၂ ခုနှစ်တုန်းက မြန်မာ အစိုးရနဲ့ သဘောတူခဲ့တာလို့ The Statesman သတင်းမှာ ဖော်ပြထား ပါတယ်။
အိန္ဒိယ အစိုးရအတွက် အာဆီယံ အသင်းဝင် နိုင်ငံတွေနဲ့ ကုန်သွယ်ရေးတိုးမြင့်မှုဟာ အိန္ဒိယအတွက် ဦးစားပေး လုပ်ငန်း တခုဖြစ်ပြီး အခုလောလောဆယ် အာဆီယံအသင်းဟာ အိန္ဒိယရဲ့ စတုတ္ထအကြီးမားဆုံး ကုန်သွယ်ဘက် ဖြစ်တယ်လို့လည်း သိရပါတယ်။
အိန္ဒိယ၊ မြန်မာနဲ့ ထိုင်းနိုင်ငံကို ဆက်သွယ်ပေးမယ့် ဟိုင်းဝေးလမ်းမ တည်ဆောက်ရေး စီမံကိန်းလည်း တိုးတက်မှုတွေရှိနေပြီး ၂၀၁၈ ခုနှစ်မှာ အဲဒီလမ်းကို စတင်အသုံးပြုနိုင်ဖို့ စီစဉ်နေကြပါတယ်။
အဲဒီလမ်းမက ကီလိုမီတာ ၃၂၀၀ ရှည်တဲ့ လမ်းမ ဖြစ်ပြီး အိန္ဒိယ နိုင်ငံ မိုရယ်မြို့ကို မန္တလေးမြို့နဲ့ ဆက်သွယ်ပေးမှာ ဖြစ်သလို မန္တလေး ကနေတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese