Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေက်ာက္မဲ စစ္ေဘးေရွာင္အခ်ဳိ႕ ေနရပ္စတင္ျပန္ ၊ TNLA သတ္လိုက္ၿပီဟု သတင္းထြက္သည့္ ဘုန္းေတာ္ႀကီး ျပန္လည္လြတ္ေျမာက္လာ

$
0
0

တအာင္းပေလာင္ TNLA/PSLF တပ္ဖြဲ႔၀င္မ်ား မရိွေတာ့ၿပီ ျဖစ္ေသာေၾကာင့္ ေက်ာက္မဲၿမိဳ႕တြင္ စစ္ေဘးေရွာင္ေနသည့္ ေဒသခံ ၁,၅၀၀ အနက္မွ အခ်ဳိ႕မွာ မိမိတို႔ ေနရပ္ကို ေဖေဖာ္၀ါရီလ ၁၉ ရက္ ေန႔မွစ၍ အိမ္ေစာင့္အျဖစ္ ေနရပ္သို႔ ျပန္ေနၾကၿပီ ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕ စစ္ေဘးေရွာင္မ်ား ကူညီေရးအသင္းမွ တာ၀န္ရိွသူ တစ္ဦးက The Ladies News သို႔ ေျပာသည္။

"ဒီကေန႔ စျပန္ၾကတယ္။ တအာင္းပေလာင္ေတြ သူတို႔ရြာနားေတြမွာ မရိွၾက ေတာ့ဘူးေလ။ တပ္မေတာ္နဲ႔ RCSS ပဲ ရိွေတာ့တယ္။ အေရအတြက္က မမ်ားဘူး ။ အိမ္ေစာင့္အျဖစ္ ျပန္ၾကတာ ။ သံုးေလးဆယ္ပဲ ရိွတယ္ "ဟု အဆိုပါ တာ၀န္ရိွသူက ေျပာသည္။

လြန္ခဲ့သည့္ ရက္ပိုင္းအတြင္း ေက်ာက္မဲဲဲၿမိဳ႕နယ္ ေတာ့ဆန္ ၊ ပန္မက္မီးစသည့္ ေဒသမ်ားတြင္ စခန္းခ်ေနေသာ တအာင္းပေလာင္ TNLA/PSLFတပ္ဖြဲ႔မ်ားအား RCSS/SSA ရွမ္းတပ္မေတာ္ ေတာင္ပိုင္းက တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ၿပီး ေနာက္ပိုင္း ေက်ာက္မဲေဒသအတြင္းရိွ တအာင္းပေလာင္ တပ္ဖြဲ႔၏ စခန္းမ်ားမွာ RCSS/SSA အဖြဲ႔လက္သို႔ က်ေရာက္ခဲ့ျခင္းျဖစ္သည္။

ေဖေဖာ္၀ါရီလ ၁၉ ရက္ေန႔မွ စတင္၍ စစ္ေဘးေရွာင္ အခ်ဳိ႕မွာ ပန္မက္မီး ၊ ေတာ့ဆန္ စသည့္ ေက်းရြာမ်ားသို႔ ျပန္သြားရျခင္းမွာ ၄င္းတို႔၏ ေနအိမ္မ်ားရိွ ပစၥည္းမ်ားကို အနီးနားေက်းရြာမ်ားမွ လာေရာက္ယူငင္မႈမ်ား
ရိွေနေသာေၾကာင့္ ယခုကဲ႔သို႔ တိုက္ပြဲမ်ား မရိွေတာ့သည့္ အခ်ိန္တြင္ စစ္ေဘးေရွာင္အခ်ဳိ႕ စတင္ျပန္ၾကျခင္း ျဖစ္ၿပီး မိမိတို႔ေနအိမ္မ်ားကို ျပန္ေစာင့္ရန္ တစ္အိမ္တစ္ေယာက္ႏႈန္းခန္႔ ျပန္ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

ေဖေဖာ္၀ါရီလ ၇ ရက္ေန႔က ဖမ္းဆီးသြားၿပီး သတ္ျဖတ္ ခံရသည္ဟု သတင္းထြက္ေပၚခဲ့ေသာ ေညာင္ေမာင္းေက်းရြာမွ ဘုန္းေတာ္ႀကီးကိုလည္း တအာင္းပေလာင္ တပ္ဖြဲ႔က ျပန္လႊတ္ေပးခဲ့ၿပီး အခ်ဳိ႕မွာမူ ေသဆံုး သြားခဲ့သည္ဟု ေက်ာက္မဲ ေဒသခံအခ်ဳိ႕က ဆိုသည္။

"ဘုန္းေတာ္ႀကီးက ဖမ္းထားတာၾကာေတာ့ ေၾကာက္ၿပီး နည္းနည္းေၾကာင္သလို၊ မူမမွန္သလို ျဖစ္ေနတယ္ ။ ပေလာင္ဖမ္းသြားတဲ႔ တျခားလူေတြေတာ့ ေသကုန္ၿပီ ၾကားတယ္။ ခုနစ္ေယာက္ကေတာ့ "ဟု ေက်ာက္မဲဲေဒသခံတဦးက ေျပာသည္။

အစိုးရနွင့္ အပစ္အခတ္ရပ္စဲ ထားေသာ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS/SSA ႏွင့္ တအာင္းပေလာင္ TNLA/PSLF တို႔အၾကား တိုက္ပြဲမ်ားေၾကာင့္ ေက်ာက္မဲႏွင့္ နမ့္ခမ္းေဒသခံ ၃,၀၀၀ ေက်ာ္ ေနရပ္စြန္႔ခြာထြက္ေျပးေနရၿပီး ေဒသခံအခ်ဳိ႕မွာလည္း ႏွစ္ဖက္ တပ္ဖြဲ႔၀င္မ်ား၏ ဖမ္းဆီးျခင္းကို ခံခဲ့ရေၾကာင္း တအာင္းပေလာင္ႏွင့္ ရွမ္းအသိုင္အး၀ိုင္းမွ အျပန္အလွန္ ျပစ္တင္ေျပာဆို ေ၀ဖန္မႈမ်ား ရိွေနသည္။

The Ladies News
https://www.facebook.com/News.TheLadies
............


တအာင်းပလောင် TNLA/PSLF တပ်ဖွဲ့ဝင်များ မရှိတော့ပြီ ဖြစ်သောကြောင့် ကျောက်မဲမြို့တွင် စစ်ဘေးရှောင်နေသည့် ဒေသခံ ၁,၅၀၀ အနက်မှ အချို့မှာ မိမိတို့ နေရပ်ကို ဖေဖော်ဝါရီလ ၁၉ ရက် နေ့မှစ၍ အိမ်စောင့်အဖြစ် နေရပ်သို့ ပြန်နေကြပြီ ဖြစ်ကြောင်း ကျောက်မဲမြို့ စစ်ဘေးရှောင်များ ကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက The Ladies News သို့ ပြောသည်။

"ဒီကနေ့ စပြန်ကြတယ်။ တအာင်းပလောင်တွေ သူတို့ရွာနားတွေမှာ မရှိကြ တော့ဘူးလေ။ တပ်မတော်နဲ့ RCSS ပဲ ရှိတော့တယ်။ အရေအတွက်က မများဘူး ။ အိမ်စောင့်အဖြစ် ပြန်ကြတာ ။ သုံးလေးဆယ်ပဲ ရှိတယ် "ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ကျောက်မဲဲဲမြို့နယ် တော့ဆန် ၊ ပန်မက်မီးစသည့် ဒေသများတွင် စခန်းချနေသော တအာင်းပလောင် TNLA/PSLFတပ်ဖွဲ့များအား RCSS/SSA ရှမ်းတပ်မတော် တောင်ပိုင်းက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ကျောက်မဲဒေသအတွင်းရှိ တအာင်းပလောင် တပ်ဖွဲ့၏ စခန်းများမှာ RCSS/SSA အဖွဲ့လက်သို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်၍ စစ်ဘေးရှောင် အချို့မှာ ပန်မက်မီး ၊ တော့ဆန် စသည့် ကျေးရွာများသို့ ပြန်သွားရခြင်းမှာ ၄င်းတို့၏ နေအိမ်များရှိ ပစ္စည်းများကို အနီးနားကျေးရွာများမှ လာရောက်ယူငင်မှုများ
ရှိနေသောကြောင့် ယခုကဲ့သို့ တိုက်ပွဲများ မရှိတော့သည့် အချိန်တွင် စစ်ဘေးရှောင်အချို့ စတင်ပြန်ကြခြင်း ဖြစ်ပြီး မိမိတို့နေအိမ်များကို ပြန်စောင့်ရန် တစ်အိမ်တစ်ယောက်နှုန်းခန့် ပြန်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ရ ရက်နေ့က ဖမ်းဆီးသွားပြီး သတ်ဖြတ် ခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သော ညောင်မောင်းကျေးရွာမှ ဘုန်းတော်ကြီးကိုလည်း တအာင်းပလောင် တပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပြီး အချို့မှာမူ သေဆုံး သွားခဲ့သည်ဟု ကျောက်မဲ ဒေသခံအချို့က ဆိုသည်။

"ဘုန်းတော်ကြီးက ဖမ်းထားတာကြာတော့ ကြောက်ပြီး နည်းနည်းကြောင်သလို၊ မူမမှန်သလို ဖြစ်နေတယ် ။ ပလောင်ဖမ်းသွားတဲ့ တခြားလူတွေတော့ သေကုန်ပြီ ကြားတယ်။ ခုနစ်ယောက်ကတော့ "ဟု ကျောက်မဲဲဒေသခံတဦးက ပြောသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲ ထားသော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအာင်းပလောင် TNLA/PSLF တို့အကြား တိုက်ပွဲများကြောင့် ကျောက်မဲနှင့် နမ့်ခမ်းဒေသခံ ၃,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ဒေသခံအချို့မှာလည်း နှစ်ဖက် တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း တအာင်းပလောင်နှင့် ရှမ်းအသိုင်အးဝိုင်းမှ အပြန်အလှန် ပြစ်တင်ပြောဆို ဝေဖန်မှုများ ရှိနေသည်။

The Ladies News
https://www.facebook.com/News.TheLadies

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>