Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အယ္နီညိုေၾကာင္႕ယခုရက္ပိုင္းတြင္ အပူခ်ိန္ျမင္႔တက္နုိင္သျဖင္႔ က်န္းမာေရး ႏွင္႔လွ်ပ္စစ္အႏၱရာယ္မ်ား ကာကြယ္ရန္လိုအပ္

$
0
0
အယ္နီညိဳရာသီႏႈိင္းယွဥ္ျပသည္႔ပံုအား ျမင္ေတြ႕ရစဥ္ (ဓာတ္ပံု-- ေဒါက္တာထြန္းလြင္ Facebook)
    ရန္ကုန္၊ေဖေဖာ္၀ါရီ ၁၉ ရက္ (ဆင္ဟြာ)

    အယ္လ္နီညိုေၾကာင္႔ ယခုရက္ပိုင္းအတြင္း မေကြးတိုင္းအေနာက္ေတာင္ပိုင္းမွာ 40°C(104°F) ကိုေရာက္ႏိုင္ၿပီး၊ တစ္ပတ္အတြင္းမွာ မေကြးတိုင္း၊ ပဲခူးတိုင္း၊ ကရင္ျပည္နယ္ ႏွင္႔  တနသၤာရီတိုင္းေတြမွာ40°C(104°F) ကိုေရာက္ႏိုင္ေၾကာင္း ၊ ထို႔ေၾကာင္႔ အယ္နီညိဳေၾကာင္႔ ျဖစ္နုိင္သည္႔ က်န္းမာေရးျပသနာမ်ားအား ကာကြယ္ရန္လိုအပ္ေၾကာင္း မိုးေလ၀သ ပညာရွင္ေဒါက္တာဦးထြန္းလြင္ထံမွ သိရသည္။

ေႏြအခါမွာ ျဖစ္ၿမဲ အပူခ်ိန္မ်ားထက္ ေက်ာ္လြန္သည္႔ အတြက္ အလြန္ ပူျပင္းသည္႔ ေႏြရာသီ ျဖစ္ေစတတ္သလို ေဆာင္းရာသီကာလမွာလည္း ျဖစ္ၿမဲ အပူခ်ိန္ အထက္ကို ေက်ာ္လြန္တဲ့အတြက္ အေအးေပါ့တဲ့ ေဆာင္းရာသီ မ်ိဳးပဲ ျဖစ္ေပၚေနေလ့ ရွိေၾကာင္း၊  မိုးရြာသြန္းမႈ အေနနွင္႔ ့ ရြာသြန္းမႈေအာက္ ေလ်ာ့နည္းသည္႔ အတြက္ ေျခာက္ေသြ႕သည္႔ ရာသီဥတုကို ျဖစ္ေစတတ္တာ ျဖစ္ေၾကာင္း ၊အယ္လ္နီညိဳကို အေၾကာင္းျပဳၿပီး ယခု ၂၀၁၆ သည္ အထူးသတိထားရမည္႔ ႏွစ္ျဖစ္ေၾကာင္း ဦးထြန္းလြင္က ဆုိသည္။

ၿပီးခဲ့သည္႔ ၂၀၁၅ ခုႏွစ္တြင္  ျပင္းထန္သည္႔ အယ္လ္နီညိဳ ရာသီဥတုေၾကာင့္ တရုတ္၊ အေမရိကန္ ၊ အိႏၵိိယ၊ ဖိလစ္ပိုင္၊ အင္ဒိုနီးရွားႏိုင္ငံေတြမွာ အပူခ်ိန္ေတြစံခ်ိန္တင္ေအာင္
ျမင့္တက္ခဲ့ရာမွာ ရာသီဥတုျပင္းထန္မႈေႀကာင့္ လူေပါင္း( ၂၂ ,၇၃၁)ဦးအသက္ဆံုးရံႈးခဲ့ရၿပီး ေငြေႀကးဆံုးရံႈးရမႈမွာ အေမရိကန္ေဒၚလာ (၆၆.၅)ဘီလီယံအထိရွိခဲ့ေၾကာင္း သိရသည္။

ယခင္ႏွစ္မ်ားက ပုံမွန္ထက္အပူ ခ်ိန္မ်ားခဲ႔ေသာ္လည္း  ေဖေဖာ္ ၀ါရီလေႏွာင္းပုိင္းမွသာ ျမန္မာႏိုင္ငံ အလယ္ပုိင္းေဒသတခ်ဳိ႕၌ ေျမဆီ လႊာေအာင္းေရ ေျခာက္ေသြ႕အဆင့္ သုိ႔ေရာက္ရိွခဲ့ေၾကာင္း၊  ယခုအခါ အပူခ်ိန္ျမင္႔တက္မႈကို တစ္ႏုိင္ငံလုံး အတုိင္းအတာအထိ ရင္ဆုိင္ေနရျခင္းျဖစ္ၿပီး ေဖေဖာ္၀ါရီ ဒုတိယပတ္မွစ၍ ေျခာက္ေသြ႕အဆင့္ သုိ႔ စတင္ ေရာက္ရွိေန ျခင္းျဖစ္ေၾကာင္း မိုးေလသ၀ ႏွင္႔ ဇလေဗဒ ညႊန္ၾကားမႈဦးစီးဌာန မွ သတင္းထုတ္ျပန္သည္။

မိုးေလ၀သ ႏွင္႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာမွ တာ၀န္ရွိသူက “ ပံုမွန္ အပူခ်ိန္ ထက္ ေနရာတိုင္းမွာ ပိုမယ္။ တိုင္းနဲ႔ ျပည္နယ္တခ်ဳိ႕မွာဆိုရင္ အပူခ်ိန္ ၇၀ ရာခိုင္ႏႈန္းကေန ၁၀၀ ရာခုိင္ႏႈန္း အထိ ပူနိုင္တယ္လို႔ အၾကမ္းအားျဖင္႔ ခန္႔မွန္းထားပါတယ္။ အပူဆံုးကာလေတြကေတာ႔ ေဖေဖာ္၀ါရီ၊မတ္၊ဧၿပီလ ေတြပါ’’ ဟုေျပာသည္။

အပူနဲ႔ က်န္းမာေရး

အပူဒဏ္ေၾကာင္႔ က်န္းမာေရးျပသနာ ၆မ်ဳိးျဖစ္နုိင္ေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနမွ အၿငိမ္းစားဒုတိယ ညႊန္ၾကားေရးမွဴးေဒါက္တာသန္းထြဋ္က ဆင္ဟြာကိုေျပာသည္။

အပူဒဏ္ေၾကာင္႔ ေခၽြးထြက္နုိင္ေၾကာင္း၊ ေရဓါတ္၊ဆားဓါတ္ ဆံုး႐ႈံးနိုင္ေၾကာင္း၊ နဳန္းျခင္း၊ ႏြမ္းျခင္းမ်ား ခံစားရနိုင္ေၾကာင္း၊ ေရဓါတ္၊ဆားဓါတ္ဆံုး႐ႈံးမႈေၾကာင္႔ သတိလစ္ၿပီး မူးလဲက်နိုင္ၿပီး ေလျဖတ္သည္႔ အထိ ျဖစ္နုိင္ေၾကာင္း၊ အပူဒဏ္ေၾကာင္႔ ေဖာေရာင္ျခင္း၊ ၾကြက္တက္ျခင္း၊ မိတ္ေပါက္ျခင္းမ်ား  ျဖစ္ပြါးနိုင္ေၾကာင္း ဆိုသည္။

ကာကြယ္ရန္

မနက္ေစာေစာေရခ်ဳိးရန္၊ ညေန ၅ နာရီေနာက္ပိုင္းတြင္ ေရခ်ဳိးရန္၊ အျပင္သြားပါက UV ပါသည္႔ထီးအားယူသြား ရန္၊ ဦးထုပ္(ေကာက္ရိုးျမက္ဦးထုပ္) မ်ဳိးေဆာင္းရန္၊ ခ်ည္ထည္အ၀တ္အစားမ်ား ၀တ္ဆင္ရန္၊ အေရာင္ေဖ်ာ႔ေဖ်ာ႔မ်ား ၀တ္ဆင္ရန္၊ ခရမ္းလြန္ေရာင္ျခည္ပါနိုင္သည္႔အတြက္ ေနေရာင္ကာလိမ္းေဆးမ်ားလိမ္းရန္၊ ေရမ်ားမ်ားေသာက္ေပးရန္၊ ေရဓာတ္၊ဆားဓာတ္ ျဖည္႔ေပးနိုင္မည္႔ အခ်ဳိရည္မ်ားေသာက္ရန္ ေဆာင္ရြက္သင္႔ေၾကာင္း ေဒါက္တာ သန္းထြဋ္ကဆိုသည္။

လွ်ပ္စစ္အႏၱရာယ္သတိထားသင္႔

အယလ္္နီညိဳ ရာသီဥတုျဖစ္စဥ္တြင္  လွ်ပ္စစ္ပစၥည္းမ်ား၏ အပူခ်ိန္ျမင့္တက္လာနိုင္သည္႔အတြက္ လွ်ပ္စစ္ဓာတ္အား ျဖန္ျဖဴးေပးေနသည္႔  ထရန္စေဖာ္မာမ်ား၏ စြမ္းေဆာင္ရည္ကို ေလွ်ာ့ခ်သံုးစြဲသြားမွာျဖစ္ျပီး လွ်ပ္စစ္ပစၥည္းေတြ သတိထားသံုးစြဲရန္လိုအပ္ေၾကာင္း လွ်ပ္စစ္၀န္ၾကီးဌာနမွ သတင္းရရွိသည္။

(Xinhua)
http://www.xinhuamyanmar.com
................
 အယ်နီညိုရာသီနှိုင်းယှဉ်ပြသည့်ပုံအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-- ဒေါက်တာထွန်းလွင် Facebook)
    ရန်ကုန်၊ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

    အယ်လ်နီညိုကြောင့် ယခုရက်ပိုင်းအတွင်း မကွေးတိုင်းအနောက်တောင်ပိုင်းမှာ 40°C(104°F) ကိုရောက်နိုင်ပြီး၊ တစ်ပတ်အတွင်းမှာ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ် နှင့်  တနင်္သာရီတိုင်းတွေမှာ40°C(104°F) ကိုရောက်နိုင်ကြောင်း ၊ ထို့ကြောင့် အယ်နီညိုကြောင့် ဖြစ်နိုင်သည့် ကျန်းမာရေးပြသနာများအား ကာကွယ်ရန်လိုအပ်ကြောင်း မိုးလေဝသ ပညာရှင်ဒေါက်တာဦးထွန်းလွင်ထံမှ သိရသည်။

နွေအခါမှာ ဖြစ်မြဲ အပူချိန်များထက် ကျော်လွန်သည့် အတွက် အလွန် ပူပြင်းသည့် နွေရာသီ ဖြစ်စေတတ်သလို ဆောင်းရာသီကာလမှာလည်း ဖြစ်မြဲ အပူချိန် အထက်ကို ကျော်လွန်တဲ့အတွက် အအေးပေါ့တဲ့ ဆောင်းရာသီ မျိုးပဲ ဖြစ်ပေါ်နေလေ့ ရှိကြောင်း၊  မိုးရွာသွန်းမှု အနေနှင့် ့ ရွာသွန်းမှုအောက် လျော့နည်းသည့် အတွက် ခြောက်သွေ့သည့် ရာသီဥတုကို ဖြစ်စေတတ်တာ ဖြစ်ကြောင်း ၊အယ်လ်နီညိုကို အကြောင်းပြုပြီး ယခု ၂၀၁၆ သည် အထူးသတိထားရမည့် နှစ်ဖြစ်ကြောင်း ဦးထွန်းလွင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင်  ပြင်းထန်သည့် အယ်လ်နီညို ရာသီဥတုကြောင့် တရုတ်၊ အမေရိကန် ၊ အိန္ဒိိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ အပူချိန်တွေစံချိန်တင်အောင်
မြင့်တက်ခဲ့ရာမှာ ရာသီဥတုပြင်းထန်မှုကြောင့် လူပေါင်း( ၂၂ ,၇၃၁)ဦးအသက်ဆုံးရှုံးခဲ့ရပြီး ငွေကြေးဆုံးရှုံးရမှုမှာ အမေရိကန်ဒေါ်လာ (၆၆.၅)ဘီလီယံအထိရှိခဲ့ကြောင်း သိရသည်။

ယခင်နှစ်များက ပုံမှန်ထက်အပူ ချိန်များခဲ့သော်လည်း  ဖေဖော် ၀ါရီလနှောင်းပိုင်းမှသာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတချို့၌ မြေဆီ လွှာအောင်းရေ ခြောက်သွေ့အဆင့် သို့ရောက်ရှိခဲ့ကြောင်း၊  ယခုအခါ အပူချိန်မြင့်တက်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာအထိ ရင်ဆိုင်နေရခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ ခြောက်သွေ့အဆင့် သို့ စတင် ရောက်ရှိနေ ခြင်းဖြစ်ကြောင်း မိုးလေသဝ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှ တာဝန်ရှိသူက “ ပုံမှန် အပူချိန် ထက် နေရာတိုင်းမှာ ပိုမယ်။ တိုင်းနဲ့ ပြည်နယ်တချို့မှာဆိုရင် အပူချိန် ရ၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်း အထိ ပူနိုင်တယ်လို့ အကြမ်းအားဖြင့် ခန့်မှန်းထားပါတယ်။ အပူဆုံးကာလတွေကတော့ ဖေဖော်ဝါရီ၊မတ်၊ဧပြီလ တွေပါ’’ ဟုပြောသည်။

အပူနဲ့ ကျန်းမာရေး

အပူဒဏ်ကြောင့် ကျန်းမာရေးပြသနာ ၆မျိုးဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အငြိမ်းစားဒုတိယ ညွှန်ကြားရေးမှူးဒေါက်တာသန်းထွဋ်က ဆင်ဟွာကိုပြောသည်။

အပူဒဏ်ကြောင့် ချွေးထွက်နိုင်ကြောင်း၊ ရေဓါတ်၊ဆားဓါတ် ဆုံးရှုံးနိုင်ကြောင်း၊ နုန်းခြင်း၊ နွမ်းခြင်းများ ခံစားရနိုင်ကြောင်း၊ ရေဓါတ်၊ဆားဓါတ်ဆုံးရှုံးမှုကြောင့် သတိလစ်ပြီး မူးလဲကျနိုင်ပြီး လေဖြတ်သည့် အထိ ဖြစ်နိုင်ကြောင်း၊ အပူဒဏ်ကြောင့် ဖောရောင်ခြင်း၊ ကြွက်တက်ခြင်း၊ မိတ်ပေါက်ခြင်းများ  ဖြစ်ပွါးနိုင်ကြောင်း ဆိုသည်။

ကာကွယ်ရန်

မနက်စောစောရေချိုးရန်၊ ညနေ ၅ နာရီနောက်ပိုင်းတွင် ရေချိုးရန်၊ အပြင်သွားပါက UV ပါသည့်ထီးအားယူသွား ရန်၊ ဦးထုပ်(ကောက်ရိုးမြက်ဦးထုပ်) မျိုးဆောင်းရန်၊ ချည်ထည်အဝတ်အစားများ ၀တ်ဆင်ရန်၊ အရောင်ဖျော့ဖျော့များ ၀တ်ဆင်ရန်၊ ခရမ်းလွန်ရောင်ခြည်ပါနိုင်သည့်အတွက် နေရောင်ကာလိမ်းဆေးများလိမ်းရန်၊ ရေများများသောက်ပေးရန်၊ ရေဓာတ်၊ဆားဓာတ် ဖြည့်ပေးနိုင်မည့် အချိုရည်များသောက်ရန် ဆောင်ရွက်သင့်ကြောင်း ဒေါက်တာ သန်းထွဋ်ကဆိုသည်။

လျှပ်စစ်အန္တရာယ်သတိထားသင့်

အယလ််နီညို ရာသီဥတုဖြစ်စဉ်တွင်  လျှပ်စစ်ပစ္စည်းများ၏ အပူချိန်မြင့်တက်လာနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အား ဖြန်ဖြူးပေးနေသည့်  ထရန်စဖော်မာများ၏ စွမ်းဆောင်ရည်ကို လျှော့ချသုံးစွဲသွားမှာဖြစ်ပြီး လျှပ်စစ်ပစ္စည်းတွေ သတိထားသုံးစွဲရန်လိုအပ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ သတင်းရရှိသည်။

(Xinhua)
http://www.xinhuamyanmar.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>