လႊတ္ေတာ္ဆိုင္ရာလုပ္ငန္းမ်ား ရွင္းလင္းတင္ျပျခင္း အစီအစဥ္ ဒုတိယေန႔အျဖစ္ ေဖေဖၚ၀ါရီလ ၁၆ ရက္ေန႔ကက်င္းပစဥ္။ Photo: NLD Chairperson Facebook |
လႊတ္ေတာ္လုပ္ငန္းစဥ္ေတြအေၾကာင္း ရွင္းလင္းတင္ျပရာမွာ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္စုိးက ထည့္သြင္းေျပာသြားတာျဖစ္ပါတယ္။
"က်ေနာ္တို႔ ပထမသက္တမ္း စတင္ေဆာင္ရြက္တဲ့အခ်ိန္မွာ ဝန္ထမ္းမ်ားကိုယ္တိုင္ လႊတ္ေတာ္လုပ္ငန္းဆိုတာ ဘာမွအေတြ႕အႀကံဳမရွိတဲ့ အေျခအေနကေနၿပီးေတာ့မွ အခုသက္တမ္းၿပီးဆံုးသြားတဲ့ အေျခအေန၊ အခုဒုတိယသက္တမ္း စတဲ့အခ်ိန္မွာဆိုရင္ လႊတ္ေတာ္ရံုး သံုးရံုးရွိလာၿပီးေတာ့မွ ဝန္ထမ္းေတြကလည္း ယခင္စတင္တုန္းက အေနအထားနဲ႔စာရင္ ထိုက္သင့္တဲ့ အင္အားအေနအထားရွိလာၿပီ၊ သို႔ေသာ္လည္း ဒီအင္အားေတြက လံုေလာက္တဲ့အင္အား ကြ်မ္းက်င္တဲ့အင္အားေတြ ျဖစ္သြားၿပီလားဆိုေတာ့ အင္အားအေနအထားလည္း မလံုေလာက္ပါဘူး၊ အေရအတြက္အားျဖင့္ေသာ္၄င္း အရည္အေသြးအားျဖင့္ေသာ္၄င္း အမ်ားႀကီးလိုေနေသးတယ္ဆိုတာ က်ေနာ့္အေနနဲ႔ လက္ေတြ႕က်က်ဝန္ခံပါတယ္"
ဒါ႔အျပင္ လႊတ္ေတာ္ကုိယ္စားလွယ္ တစ္ဦးခ်င္းစီအတြက္ သက္ဆုိင္ရာနယ္ေျမေတြမွာ လႊတ္ေတာ္ကုိယ္စားလွယ္ရုံးေတြ ေဆာက္လုပ္ေပးဖုိ႔နဲ႔ ၀န္ထမ္းေတြခန္႔ထားေပးဖုိ႔အတြက္ အခက္အခဲေတြ ရွိေနေၾကာင္းလည္း ဦးေက်ာ္စုိးက ေျပာခဲ့ပါတယ္။
ႏုိင္ငံတကာ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြရဲ႕လႊတ္ေတာ္လုပ္ငန္းဆိုင္ရာ အေတြ႔အႀကဳံေတြ၊ ဥပေဒေတြျပဌာန္းတာ၊ အစိုးရကို ေစာင့္ၾကည့္ေလ့လာတာေတြမွာ ဖြဲ႔စည္းပံုအေျခခံဥပေဒ၊ လႊတ္ေတာ္ဆိုင္ရာဥပေဒ ၊ နည္းဥပေဒေတြနဲ႔အညီ ေဆာင္ရြက္ႏုိင္ဖို႔ကို ၅ရက္ၾကာ ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။
အဲဒီအခမ္းအနားကို ကုလသမဂၢဖြံ႔ၿဖိဳးမႈအစီအစဥ္ UNDP၊ ႏုိင္ငံတကာ ပါလီမန္အမတ္မ်ားအဖြဲ႔ IPU တို႔နဲ႔ တျခားမိတ္ဖက္အဖြဲ႔ေတြ ပူးေပါင္းၿပီး ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔ကေန ဒီေန႔အထိ လႊတ္ေတာ္၀င္းအတြင္းက သဘင္ေဆာင္မွာက်င္းပရာ လႊတ္ေတာ္ဥကၠဌေတြ နဲ႔ ကိုယ္စားလွယ္ ၄၆၅ ဦး တက္ေရာက္ခဲ့ပါတယ္။
RFA Burmese
http://www.rfa.org/burmese
...................................
လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အစီအစဉ် ဒုတိယနေ့အဖြစ် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ကကျင်းပစဉ်။ Photo: NLD Chairperson Facebook
ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ရုံးမှာ ၀န်ထမ်းအင်အား ၁၃၀၀ ကျော်ရှိပြီး အရည်အချင်းပိုင်းမှာ လိုအပ်ချက်တွေ ရှိနေကြောင်း ဒီနေ့ လွှတ်တော်ဆိုင်ရာ လုပ်ငန်းများရှင်းလင်းဆွေးနွေးခြင်း အစီအစဉ် နောက်ဆုံးနေ့မှာ ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက တင်ပြခဲ့ပါတယ်။
လွှတ်တော်လုပ်ငန်းစဉ်တွေအကြောင်း ရှင်းလင်းတင်ပြရာမှာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ထည့်သွင်းပြောသွားတာဖြစ်ပါတယ်။
"ကျနော်တို့ ပထမသက်တမ်း စတင်ဆောင်ရွက်တဲ့အချိန်မှာ ဝန်ထမ်းများကိုယ်တိုင် လွှတ်တော်လုပ်ငန်းဆိုတာ ဘာမှအတွေ့အကြုံမရှိတဲ့ အခြေအနေကနေပြီးတော့မှ အခုသက်တမ်းပြီးဆုံးသွားတဲ့ အခြေအနေ၊ အခုဒုတိယသက်တမ်း စတဲ့အချိန်မှာဆိုရင် လွှတ်တော်ရုံး သုံးရုံးရှိလာပြီးတော့မှ ဝန်ထမ်းတွေကလည်း ယခင်စတင်တုန်းက အနေအထားနဲ့စာရင် ထိုက်သင့်တဲ့ အင်အားအနေအထားရှိလာပြီ၊ သို့သော်လည်း ဒီအင်အားတွေက လုံလောက်တဲ့အင်အား ကျွမ်းကျင်တဲ့အင်အားတွေ ဖြစ်သွားပြီလားဆိုတော့ အင်အားအနေအထားလည်း မလုံလောက်ပါဘူး၊ အရေအတွက်အားဖြင့်သော်၄င်း အရည်အသွေးအားဖြင့်သော်၄င်း အများကြီးလိုနေသေးတယ်ဆိုတာ ကျနော့်အနေနဲ့ လက်တွေ့ကျကျဝန်ခံပါတယ်"
ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီအတွက် သက်ဆိုင်ရာနယ်မြေတွေမှာ လွှတ်တော်ကိုယ်စားလှယ်ရုံးတွေ ဆောက်လုပ်ပေးဖို့နဲ့ ၀န်ထမ်းတွေခန့်ထားပေးဖို့အတွက် အခက်အခဲတွေ ရှိနေကြောင်းလည်း ဦးကျော်စိုးက ပြောခဲ့ပါတယ်။
နိုင်ငံတကာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့လွှတ်တော်လုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေ၊ ဥပဒေတွေပြဌာန်းတာ၊ အစိုးရကို စောင့်ကြည့်လေ့လာတာတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ကို ၅ရက်ကြာ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအခမ်းအနားကို ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP၊ နိုင်ငံတကာ ပါလီမန်အမတ်များအဖွဲ့ IPU တို့နဲ့ တခြားမိတ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ဒီနေ့အထိ လွှတ်တော်ဝင်းအတွင်းက သဘင်ဆောင်မှာကျင်းပရာ လွှတ်တော်ဥက္ကဌတွေ နဲ့ ကိုယ်စားလှယ် ၄၆၅ ဦး တက်ရောက်ခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese