Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စည်းမျဉ်းနှင့်မညီဘဲ စက်ရုံများပိတ်သိမ်းလျှင် ဥပဒေအရ အရေးယူမည်

$
0
0

လုပ်ငန်းရှင်တွေအနေနဲ့ စည်းမျဉ်းနဲ့မညီဘဲ စက်ရုံတွေ ပိတ်သိမ်းမယ်ဆိုရင် ဥပဒေအရ အရေးယူမယ်လို့ အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့လက အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ အမျိုးသားကော်မတီအဆင့်ကနေပြီး အလုပ်သမားတွေအတွက် တနေ့ အနည်းဆုံး လုပ်အားခ ၃၆၀၀ နှုန်းကို ယာယီသတ်မှတ်ခဲ့ပါတယ်။

တနေ့အနည်းဆုံး လုပ်အားခ ၃၆၀၀ နှုန်း သတ်မှတ်မယ့်အပေါ် ပြည်တွင်းပြည်ပမှ လာရောက်လုပ်ကိုင်ကြတဲ့ အထည်ချုပ်လုပ်ငန်းရှင်တချို့ အလုပ်ရုံပိတ်သိမ်းမယ်လို့ ပြောကြား လာတာနဲ့ ပတ်သက်ပြီး အလုပ်အကိုင်နဲ့ အလုပ်သမား လူမှုဖူလုံရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးက အခုလို ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံကို ပြည်ပက လာရောက်လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေတွေကိုလည်း လိုက်နာဖို့လိုတယ်လို့ ပြောပါတယ်။

အနည်းဆုံးလုပ်ခလစာကို လက်ရှိမှာတော့ ၃၆၀၀ နှုန်းလျာထားပေမယ့် အလုပ်သမားတွေ ဘက်က လုပ်ခလစာ အနည်းဆုံး ကျပ် ၄၀၀၀ ရဖို့အတွက် မနေ့က ရန်ကုန်မှာ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
DVB

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...