ရွမ္းျပည္နယ္ေျမာက္ပိုင္း လား႐ႈိး-မူဆယ္ ျပည္ေထာင္စု လမ္းမႀကီးေပၚ မိုင္တိုင္အမွတ္ (၁၈၄/၆)ႏွင့္ (၁၈၅)ၾကားတြင္ စစ္ယာဥ္တန္းကို ပစ္လိုက္သည့္ လက္နက္ႀကီးက်ည္ဆံမွာ ခရီးသည္တင္ ယာဥ္သံုးစီးကို ထိမွန္ၿပီး အရပ္သားသံုးဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။
“ေဖေဖာ္ဝါရီ ၁၉ ရက္ ညပိုင္းက ျဖစ္သြားတာပါ။ ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရတဲ့သူ သံုးဦးလံုး လား႐ႈိး ျပည္သူ႔ေဆး႐ံုႀကီးမွာ ေဆးကုသမႈ ခံယူေနပါတယ္။ ဘယ္အဖြဲ႔က ပစ္ခတ္တယ္ ဆိုတာကိုေတာ့ အတိအက် မေျပာႏိုင္ေသးပါဘူး” ဟု ဒုတိယျပည္နယ္ရဲတပ္ဖြဲ႔မွဴး ႐ံုးမွ ရဲအုပ္ေက်ာ္မိုးႏိုင္က ေျပာသည္။
ပစ္ခတ္ေပါက္ကဲြမႈေၾကာင့္ မိုးမိတ္ၿမိဳ႕ အုန္းေခ်ာရြာေန ကိုေက်ာ္လွ၊ ျပင္ဦးလြင္ၿမိဳ႕ေန ယာဥ္ေမာင္း ကိုမင္းေအာင္၊ အားသစ္မွန္လံုယာဥ္ ေနာက္လိုက္ ကိုညီညီႏိုင္တို႔မွာ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ခရီးသည္ယာဥ္မ်ားကို ထိမွန္ခဲ့ေသာ လက္နက္ႀကီးက်ည္မွာ တစ္ဖက္ေတာင္ေၾကာေပၚေန၍ ခရီးသည္တင္ ယာဥ္မ်ား အနီးရွိ စစ္ယာဥ္တန္းကို ပစ္လိုက္ေသာ လက္နက္ႀကီး က်ည္မ်ားဟု သိရသည္။
“လား႐ႈိးမေရာက္ခင္ ၉ မိုင္ေလာက္မွာ စစ္ယာဥ္တန္းလာတာနဲ႔ မူဆယ္ကလာတဲ့ ခရီးသည္တင္ မွန္လံုယာဥ္ ႏွစ္စီးနဲ႔ ၁၂ ဘီး ကုန္တင္ကားေတြက လား႐ႈိးဘက္ကလာတဲ့ စစ္ယာဥ္တန္းကို ေရွာင္ေပးလိုက္တာ။ စစ္ယာဥ္တန္း ေက်ာ္သြားၿပီး ၂ မိနစ္ေလာက္မွာ ညာဘက္အျခမ္းက လက္နက္ႀကီး ႏွစ္ခ်က္က ခရီးသည္တင္ ကားေတြ အနားမွာ ေပါက္ကြဲတာ ျဖစ္တယ္” ဟု အားသစ္ခရီးသည္တင္ ယာဥ္ေမာင္း ဦးဝင္းေအာင္ေဌးက ေျပာသည္။
အဆိုပါ ပစ္ခတ္မႈေၾကာင့္ လက္နက္ႀကီးက်ည္မ်ားမွာ စစ္ယာဥ္တန္းကို ထိမွန္ျခင္းမရွိဘဲ လမ္းေပၚသို႔က်ၿပီး ေပါက္ကြဲခဲ့ျခင္းျဖစ္ကာ ေပါက္ကြဲမႈေၾကာင့္ တစ္ဖက္လမ္းေဘးတြင္ ရပ္တန္႔ေနေသာ အားသစ္ယာဥ္မွာ ေရွ႕မွန္ကြဲကာ ေဘးကိုယ္ထည္မ်ားကို မိုင္းစထိမွန္ခဲ့ေၾကာင္း ဦးဝင္းေအာင္ေဌးထံမွ သိရသည္။
သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies
.......
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၁၈၄/၆)နှင့် (၁၈၅)ကြားတွင် စစ်ယာဉ်တန်းကို ပစ်လိုက်သည့် လက်နက်ကြီးကျည်ဆံမှာ ခရီးသည်တင် ယာဉ်သုံးစီးကို ထိမှန်ပြီး အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက ဖြစ်သွားတာပါ။ ပစ်ခတ်မှုကြောင့် ဒဏ်ရာရတဲ့သူ သုံးဦးလုံး လားရှိုး ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။ ဘယ်အဖွဲ့က ပစ်ခတ်တယ် ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး” ဟု ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအုပ်ကျော်မိုးနိုင်က ပြောသည်။
ပစ်ခတ်ပေါက်ကွဲမှုကြောင့် မိုးမိတ်မြို့ အုန်းချောရွာနေ ကိုကျော်လှ၊ ပြင်ဦးလွင်မြို့နေ ယာဉ်မောင်း ကိုမင်းအောင်၊ အားသစ်မှန်လုံယာဉ် နောက်လိုက် ကိုညီညီနိုင်တို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ခရီးသည်ယာဉ်များကို ထိမှန်ခဲ့သော လက်နက်ကြီးကျည်မှာ တစ်ဖက်တောင်ကြောပေါ်နေ၍ ခရီးသည်တင် ယာဉ်များ အနီးရှိ စစ်ယာဉ်တန်းကို ပစ်လိုက်သော လက်နက်ကြီး ကျည်များဟု သိရသည်။
“လားရှိုးမရောက်ခင် ၉ မိုင်လောက်မှာ စစ်ယာဉ်တန်းလာတာနဲ့ မူဆယ်ကလာတဲ့ ခရီးသည်တင် မှန်လုံယာဉ် နှစ်စီးနဲ့ ၁၂ ဘီး ကုန်တင်ကားတွေက လားရှိုးဘက်ကလာတဲ့ စစ်ယာဉ်တန်းကို ရှောင်ပေးလိုက်တာ။ စစ်ယာဉ်တန်း ကျော်သွားပြီး ၂ မိနစ်လောက်မှာ ညာဘက်အခြမ်းက လက်နက်ကြီး နှစ်ချက်က ခရီးသည်တင် ကားတွေ အနားမှာ ပေါက်ကွဲတာ ဖြစ်တယ်” ဟု အားသစ်ခရီးသည်တင် ယာဉ်မောင်း ဦးဝင်းအောင်ဌေးက ပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များမှာ စစ်ယာဉ်တန်းကို ထိမှန်ခြင်းမရှိဘဲ လမ်းပေါ်သို့ကျပြီး ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ပေါက်ကွဲမှုကြောင့် တစ်ဖက်လမ်းဘေးတွင် ရပ်တန့်နေသော အားသစ်ယာဉ်မှာ ရှေ့မှန်ကွဲကာ ဘေးကိုယ်ထည်များကို မိုင်းစထိမှန်ခဲ့ကြောင်း ဦးဝင်းအောင်ဌေးထံမှ သိရသည်။
သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies