Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

လမ္းေပၚပဲြစားမ်ားမွတဆင့္ အီလက္ထရြန္နစ္ပစၥည္းအတုေရာင္းခ်မႈမ်ား တြင္က်ယ္စြာရိွေန၍ သတိေပးခ်က္ ထုတ္ျပန္ထား

$
0
0

ရန္ကုန္ျမိဳ႕တြင္ အီလက္ထရြန္နစ္ပစၥည္းမ်ား အတုထုတ္လုပ္၍ ပဲြစားမ်ားျဖင့္ ေရာင္းခ်ေနမႈ အမ်ားအျပားရိွေနေသာေၾကာင့္ အမွန္တကယ္ ေရာင္းခ်သည့္ Showroom မ်ားမွ သတိေပးခ်က္မ်ား ထုတ္ျပန္ ထားရသည့္အေျခအေနထိေရာက္ရိွေနေၾကာင္း SAMSUNG အေရာင္းဆိုင္မွ တာ၀န္ရိွသူတဦးက News Watch သို႔ ေျပာသည္။

ယင္းေၾကညာခ်က္၌ ''ဆိုင္အခ်ဳိ႕သည္ တရုတ္နယ္စပ္မွလာေသာ TV, VCD နွင့္ DVD မ်ားအား SAMSUNG တံဆိပ္အသံုးျပဳ၍ လိမ္လည္ေရာင္းခ်ေနသျဖင့္ လမ္းေပၚပဲြစားမ်ား၏ လိမ္လည္ေျပာဆိုျခင္းမ်ားကို သတိ ထားရန္နွင့္ ပစၥည္းအစစ္အမွန္မ်ားကို Showroom မ်ားတြင္ စံုစမ္းေမးျမန္းနိုင္သည္''ဟု သတိေပးစာမ်ား ျဖန္႔ေ၀ထားသည္ဟု ဆိုသည္။

လက္ရိွအေနအထားတြင္ အမွတ္တံဆိပ္တူ ေမာ္ဒယ္နံပါတ္တူသည့္ ပစၥည္းအမ်ဳိးအစားတခုတည္းပင္လွ်င္ ဆိုင္သံုးဆိုင္ခန္႔သို႔ ေဈးနႈန္း၀င္ေရာက္ေမးျမန္းပါက က်ပ္ႏွစ္ေသာင္းမွ ငါးေသာင္းခန္႔ထိ ကြာျခားတတ္ၿပီး ပစၥည္းမွန္ကန္မႈအတြက္ အသံုးျပဳသူမ်ားက ေရြးခ်ယ္ရန္ အခက္အခဲလည္း ရိွေနၾကသည္။

အီလက္ထရြန္နစ္ပစၥည္းမ်ား ေရာင္းခ်သည့္ ေ၀ယံဆိုင္တာ၀န္ခံက ''ဟိုေန႔က ဦးပဥၥင္းတပါး T-Home အဲကြန္းလာ၀ယ္တယ္။ ေဈးနႈန္းေတြဘာေတြေမးျပီး ျပန္သြားတယ္။ ၿပီးေတာ့ ျပန္လာၿပီး အဲဒီ T-Home တံဆိပ္နဲ႔အျပင္မွာ ေဈးသက္သာတယ္ဆိုၿပီး ျပန္လာျပတယ္။ သူျပတဲ့ တံဆိပ္ၿပီးျပလိုက္ေတာ့ေအာက္ခံက တရုတ္လုပ္တဲ့တံဆိပ္ႀကီး သူျမင္သြားတယ္။ အဓိကေျပာခ်င္တာက ပဲြစားေတြက ဘယ္ဆိုင္မွာ ေကာင္းတယ္၊ အဲဒီတံဆိပ္က ေဈးဘယ္ေလာက္ပဲရိွတာဆိုျပီး ရိုက္စားလုပ္တာ''ဟု ေျပာသည္။

အီလက္ထေရာနစ္ပစၥည္းမ်ားတြင္ မည္သည့္ နာမည္ႀကီးတံဆိပ္မဆို အတုလုပ္၍ ေရာင္းခ်ေန၍ မသိနားမလည္သည့္ ၀ယ္ယူအသံုးျပဳသူမ်ားမွာ ေန႔စဥ္အလိမ္အညာမိေနေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။

ကိုခက္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
........


ရန်ကုန်မြို့တွင် အီလက်ထရွန်နစ်ပစ္စည်းများ အတုထုတ်လုပ်၍ ပွဲစားများဖြင့် ရောင်းချနေမှု အများအပြားရှိနေသောကြောင့် အမှန်တကယ် ရောင်းချသည့် Showroom များမှ သတိပေးချက်များ ထုတ်ပြန် ထားရသည့်အခြေအနေထိရောက်ရှိနေကြောင်း SAMSUNG အရောင်းဆိုင်မှ တာဝန်ရှိသူတဦးက News Watch သို့ ပြောသည်။

ယင်းကြေညာချက်၌ ''ဆိုင်အချို့သည် တရုတ်နယ်စပ်မှလာသော TV, VCD နှင့် DVD များအား SAMSUNG တံဆိပ်အသုံးပြု၍ လိမ်လည်ရောင်းချနေသဖြင့် လမ်းပေါ်ပွဲစားများ၏ လိမ်လည်ပြောဆိုခြင်းများကို သတိ ထားရန်နှင့် ပစ္စည်းအစစ်အမှန်များကို Showroom များတွင် စုံစမ်းမေးမြန်းနိုင်သည်''ဟု သတိပေးစာများ ဖြန့်ဝေထားသည်ဟု ဆိုသည်။

လက်ရှိအနေအထားတွင် အမှတ်တံဆိပ်တူ မော်ဒယ်နံပါတ်တူသည့် ပစ္စည်းအမျိုးအစားတခုတည်းပင်လျှင် ဆိုင်သုံးဆိုင်ခန့်သို့ ဈေးနှုန်းဝင်ရောက်မေးမြန်းပါက ကျပ်နှစ်သောင်းမှ ငါးသောင်းခန့်ထိ ကွာခြားတတ်ပြီး ပစ္စည်းမှန်ကန်မှုအတွက် အသုံးပြုသူများက ရွေးချယ်ရန် အခက်အခဲလည်း ရှိနေကြသည်။

အီလက်ထရွန်နစ်ပစ္စည်းများ ရောင်းချသည့် ဝေယံဆိုင်တာဝန်ခံက ''ဟိုနေ့က ဦးပဥ္စင်းတပါး T-Home အဲကွန်းလာဝယ်တယ်။ ဈေးနှုန်းတွေဘာတွေမေးပြီး ပြန်သွားတယ်။ ပြီးတော့ ပြန်လာပြီး အဲဒီ T-Home တံဆိပ်နဲ့အပြင်မှာ ဈေးသက်သာတယ်ဆိုပြီး ပြန်လာပြတယ်။ သူပြတဲ့ တံဆိပ်ပြီးပြလိုက်တော့အောက်ခံက တရုတ်လုပ်တဲ့တံဆိပ်ကြီး သူမြင်သွားတယ်။ အဓိကပြောချင်တာက ပွဲစားတွေက ဘယ်ဆိုင်မှာ ကောင်းတယ်၊ အဲဒီတံဆိပ်က ဈေးဘယ်လောက်ပဲရှိတာဆိုပြီး ရိုက်စားလုပ်တာ''ဟု ပြောသည်။

အီလက်ထရောနစ်ပစ္စည်းများတွင် မည်သည့် နာမည်ကြီးတံဆိပ်မဆို အတုလုပ်၍ ရောင်းချနေ၍ မသိနားမလည်သည့် ၀ယ်ယူအသုံးပြုသူများမှာ နေ့စဉ်အလိမ်အညာမိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>